ကျန်းမာရေး ဝန်ဆောင်မှုများ

မလေးရှားနိုင်ငံတွင် နေထိုင်သောသူ အရောက်တိုင်း ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိနိုင်သော်လည်း ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများမှာ မကြာခဏ ဝန်ဆောင်ခများကို ပေးဆောင်ရလေ့ရှိသည်။ ပြည်သူ့ဆေးရုံများအပါအဝင်၊ အစိုးရကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများပေးသည့် နေရာများတွင် ယူအန်အိတ်ခ်ျစီအာရ်၌ မှတ်ပုံတင်ထားသည့် ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းသူများကို နိုင်ငံခြားသားများအတွက် သတ်မှတ်ထားသည့် ဝန်ဆောင်ခဈေးနှုန်း၏ ၅၀ ရာခိုင်နှုန်းသာလျှင် ကောက်ယူလေ့ရှိပါသည်။ ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းသူများသည် အောက်ဖော်ပြပါ အန်ဂျီအို (NGO) ဆေးခန်းများသို့လည်း သွားရောက်နိုင်ပြီး အခကြေးငွေ သက်သာသော်လည်း ဆေးရုံတက်ရန် မလိုအပ်သည့် အခြေခံကျန်းမာရေး ဝန်ဆောင်မှုများကိုသာ ပေးဆောင်ပါသည်။

အောက်ဖော်ပြပါအချက်အလက်များသည် မလေးရှားရှိ ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများမှာ အခြေခံ/ပထမအဆင့်စောင့်ရှောက်မှုနှင့် ဒုတိယအဆင့်စောင့်ရှောက်မှု (ဆေးရုံတက်ရနိုင်သည့် အခြေအနေများအတွက်) များ မည်ကဲ့သို့ရရှိနိုင်မည်နည်း| အစိုးရကျန်းမာရေးဌာနများတွင် ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းသူများအတွက် အခမဲ့ဝန်ဆောင်မှုများ မည်သို့ရရှိနိုင်သနည်း၊ ဒုက္ခသည်များနှင့် ခိုလှုံခွင့်ရှာဖွေသူများသည် ကလေးမွေးဖွားမှုအတွက် မည်သို့ပြင်ဆင်သင့်သနည်း စည်သည်တို့ကို ရှင်းပြထားပါသည်။

ယူအန်အိတ်ချ်စီအာ ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှု

အခြေခံစောင့်ရှောက်မှု

အခြေခံကျန်းမာရေးစောင့်ရှောက်မှုဆိုသည်မှာ ကျန်းမာရေး ဝန်ဆောင်မှုများ၏ ကနဦး အစဖြစ်သည်။ အကယ်၍ သင်သည် နေမကောင်းဖြစ်ပါက အခြေခံကျန်းမာရေးဝန်ဆောင်မှုပေးသည့် ဆေးခန်းသို့ ဦးစွာသွားသင့်ပါသည်။ သင့်တွင် အလွန်နေမကောင်းဖြစ်သည့်အခြေအနေထိတိုင်အောင် မစောင့်ပါနှင့်၊ အကြောင်းမှာ သင်သည် ဆေးရုံတွင် ကုသရန် ကုန်ကျစရိတ်များစွာ လိုအပ်လာနိုင်သောကြောင့် ဖြစ်သည်။ အခြေခံအဆင့်စောင့်ရှောက်မှုဆေးခန်းများသည်လည်း များသောအားဖြင့် ကလေးများအတွက် ကာကွယ်ဆေးထိုးပေးခြင်း၊ ကလေးမွေးဖွားစောင့်ရှောက်မှု (ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက်)၊ သားဆက်ခြားခြင်းဝန်ဆောင်မှုများနှင့် ဆီးချိုရောဂါနှင့် သွေးတိုးရောဂါတွေအတွက်သာ ကုသမှုများကို ပေးပါသည်။

  • အစိုးရကျန်းမာရေးဌာနများ – အစိုးရဆေးရုံများရှိ Klinik Kesihatan (သို့) ပြင်ပလူနာဌာနများ (OPD)

ဤအစိုးရကျန်းမာရေးဌာနများသည် ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းသူများကို အခြေခံစောင့်ရှောက်မှုဝန်ဆောင်မှုများ ပေးဆောင်သော်လည်း ယူအန်အိတ်ခ်ျစီအာရ်၌ မှတ်ပုံတင်ထားသောသူအရောက်တိုင်း နိုင်ငံခြားသားများအတွက် သတ်မှတ်ထားသည့် ဝန်ဆောင်ခဈေးနှုန်း၏ ၅၀ ရာခိုင်နှုန်းသာလျှင် ကောက်ယူလေ့ရှိပါသည်။ ယူအန်အိတ်ခ်ျစီအာရ် စာရွက်စာတမ်းမရှိသော ပုဂ္ဂိုလ်များကို နိုင်ငံခြားသားဈေးနှုန်းဖြင့် အပြည့်ကောက်ခံပါသည်။ ယူအန်အိတ်ခ်ျစီအာရ်တွင် မှတ်ပုံတင်ထားသော ပုဂ္ဂိုလ်များအား အစိုးရကျန်းမာရေးဌာနများတွင် ဆေးဝါးများ ပေးအပ်ခံရသောအခါ အခြားနိုင်ငံခြားသားများအား ပုံမှန်ငါးရက်စာအတွက်သာပေးသော ဆေးများထက် ဆေးဝါးအပြည့်အစုံ ပေးဆောင်နိုင်ပါသည်။ သင့်တွင် ဆေးဝါးအပြည့်အ၀ပေးဆောင်မှု‌တောင်းဆိုရန် ဤအမ်အိုအိတ်ခ်ျ (MoH) စာစောင်ကို ပြသနိုင်သည်။

  • အန်ဂျီအို ဆေးခန်းများ

အောက်ဖော်ပြပါ အန်ဂျီအို ဆေးခန်းများသည် ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းသူများကို အခကြေးငွေ သက်သာစွာဖြင့် ပဏာမ ပြုစုစောင့်ရှောက်မှုများ ပေးဆောင်ပါသည်။ အချို့အန်ဂျီအို‌တွေမှဖွင့်လှစ်ထားသော သင်နေထိုင်သည့်နေရာနှင့် ပိုမိုနီးစပ်နိုင်သည့် မိုဘိုင်းဆေးခန်းများလည်း ရှိတက်ပါသည်။ သင့်အတွက် အဆင်ပြေသော နေရာတွင် မိုဘိုင်းဆေးခန်းများ ဖွင့်လှစ်ထားခြင်း ရှိမရှိ မေးမြန်းရန် ၎င်းတို့အား တိုက်ရိုက် ဆက်သွယ်ပါ။

ဤအရာများသည် သင်သွားရောက် ပြသနိုင်သော အန်ဂျီအို ဆေးခန်းများ၏ နာမည်များဖြစ်သည်။ လိပ်စာ၊ ဖုန်းနံပါတ်၊ အီးမေးလ်၊ ဆေးခန်းဖွင့်ချိန်များနှင့် ဝန်ဆောင်မှုများအကြောင်း ပိုမိုသိရှိရန်ခလုတ်ကိုနှိပ်ပါ။

  • Jalan Pudu > Tzu-Chi Free Clinic
  • ကလန်း >Tzu Chi Free Clinic
  • Selayang >Tzu-Chi Mobile Clinic
  • Brickfields > Health Equity Initiatives
  • Brickfields > ACTS Clinic – Arrupe
  • Sentul > Community Health Care Centre (CHCC) / PT Foundation
  • Sentul > HOPE Worldwide Free Clinic
  • Butterworth > Klinik Mewah 6
  • Ampang > Klinik QFFD – MERCY Malaysia
  • Kajang > Klinik QFFD – MERCY Malaysia
  • Selayang > Klinik QFFD – IMARET
  • Kota Tinggi > Klinik QFFD – IMARET
  • Sg Petani > Klinik QFFD – MRA
  • Seri Kembangan > Klinik Amal Muhajir
  • Subang Jaya > Klinik Kecheerian
  • ပုဂ္ဂလိကဆေးခန်းများ

ပုဂ္ဂလိကဆေးခန်းသည် သင့်အတွက် အနီးစပ်ဆုံးသော မူလစောင့်ရှောက်မှုနေရာဖြစ်နိုင်သော်လည်း အစိုးရ (သို့) အန်ဂျီအိုဆေးခန်းများထက် အခကြေးငွေ ပိုများနိုင်ပါသည်။ Qualitas Health GroupCare Clinic နှင့် Global Doctors ၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ဆေးခန်းများအပါအဝင် ပုဂ္ဂလိကဆေးခန်းအချို့တို့သည် ဒုက္ခသည်များနှင့် ခိုလှုံခွင့်ရှာဖွေသူများအတွက် ကျန်းမားရေးဝန်စောင်မှုပေးခြင်း အခကြေးငွေအား လျှော့စျေးပေး၍ အကူအညီပေးနိုင်ရန်ဆန္ဒဖြင့် သဘောတူထားပါသည် (ဆေးခန်းတည်နေရာများအတွက် လင့်များကိုနှိပ်ပါ)။ ဤပုဂ္ဂလိကဆေးခန်းအများစုသည် ယူအန်အိတ်စီအာရ်စာရွက်စာတမ်းများ (သို့) အဖွဲ့အစည်းကတ်များ (သို့) ထောက်ခံစာများအပါအဝင် မည်သည့်မှတ်ပုံတင်စာရွက်စာတမ်းများကိုမဆို လက်ခံပါသည်။

အလယ်တန်း ကျန်းမာရေးစောင့်ရှောက်မှု

အလယ်တန်း/ဒုတိယအဆင့်စောင့်ရှောက်မှုသည် တစ်စုံတစ်ဦးမှ ဆေးရုံတွင် ကုသမှု (သို့) ခွဲစိတ်မှု လိုအပ်သည့် ပြင်းထန်သော ကျန်းမာရေးပြဿနာတစ်ခုရှိသည့်အခါ လိုအပ်ပါသည်။ ၎င်းသည် ဆေးဘက်ဆိုင်ရာ အရေးပေါ်အခြေအနေ၊ ကားကြောင့် (သို့) လုပ်ငန်းခွင်မတော်တဆမှုကဲ့သို့ စိတ်ဒဏ်ရာခံစားရသူအတွက် ဖြစ်နိုင်သည်၊ (သို့) အခြေခံဆေးခန်းသည် သင့်အား မကုသနိုင်ပါက ဒုတိယအဆင့်စောင့်ရှောက်မှုအတွက် ညွှန်ပြ/လွှဲပြောင်းပေးနိုင်သည်။ အကယ်၍ သင့်တွင် ပြင်းထန်သောထိခိုက်ဒဏ်ရာ (သို့) မကျန်းမာမှုရှိပါက အနီးစပ်ဆုံးအစိုးရဆေးရုံရှိ မတော်တဆမှုနှင့် အရေးပေါ် (A&E) ဌာနတွင် ချက်ချင်းဆေးကုသမှုခံယူသင့်ပါသည်။

အစိုးရဆေးရုံများတွင် ယူအန်အိတ်ချ်စီအာရ်၌ မှတ်ပုံတင်ထားသော ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများသည် မှတ်ပုံတင်ကြေး MYR ၅၀ ပေးဆောင်ရန်လိုအပ်ပါသည်။ အတွင်းလူနာကုသမှုအတွက် ဆေးရုံတွင်နေထိုင်ရန် လိုအပ်သော ဒုက္ခသည်များနှင့် ခိုလှုံခွင့်ရှာဖွေသူများသည် MYR ၇၀၀ မှ ၁၄၀၀ ကြား စပေါ်ငွေပေးဆောင်ရလေ့ရှိသည်။ သင့်အခြေအနေ မည်မျှပြင်းထန်သည့်အပေါ်မူတည်၍ ဆေးရုံတွင် ကုသမှုခံယူရန် အခကြေးငွေသည် စပေါ်/အပ်ငွေထက် ပိုများနိုင်ပါသည်။ ယူအန်အိတ်ချ်စီအာရ်မှ မှတ်ပုံတင်ထားသော ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများသည် နိုင်ငံခြားသား အခကြေးငွေ၏ ၅၀% ကောက်ခံသော်လည်း ယူအန်အိတ်ချ်စီအာရ် စာရွက်စာတမ်းမရှိသော တစ်ဦးချင်းစီကို နိုင်ငံခြားသားကြေး/စျေး အပြည့်ကောက်ခံပါသည်။

ယူအန်အိတ်ချ်စီအာရ်သည် ဒုတိယအဆင့်စောင့်ရှောက်မှုအတွက် ပံ့ပိုးမှု

ဒုတိယအဆင့်/ဆင့်ပွား စောင့်ရှောက်မှုစရိတ်သည် ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းသူများအတွက် အလွန်စျေးကြီးနိုင်ပါသည်။ ယူအန်အိတ်ချ်စီအာရ်နှင့် ကျွန်ုပ်တို့၏လုပ်ဖော်ကိုင်ဖက်များသည် အရေးပေါ်နှင့် အသက်အန္တရာယ်အရှိဆုံးသော ဆေးဘက်ဆိုင်ရာအခြေအနေများရှိသည့် ဒုက္ခသည်များနှင့် ခိုလှုံခွင့်ရှာဖွေသူများအတွက် ဆင့်ပွားစောင့်ရှောက်မှုကို ပံ့ပိုးရန်အတွက် ရန်ပုံငွေအကန့်အသတ်ရှိသော အခြေအနေအချို့လည်း ရှိပါသည်။ အကယ်၍ သင်သည် ဆင့်ပွားစောင့်ရှောက်မှုအတွက်ပေးဆောင်ရန် ပံ့ပိုးကူညီမှု လိုအပ်ပါက၊ သင်သည် ယူအန်အိတ်ချ်စီအာရ်၏ လုပ်ဖော်ကိုင်ဖက် – မလေးရှားကယ်ဆယ်ရေးအေဂျင်စီ (အမ်အာရ်အေ, MRA) သို့ တိုက်ရိုက် တောင်းဆိုနိုင်ပါသည်။ သင့်ကျန်းမာရေးအခြေအနေနှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများနှင့်အတူ အောက်ပါ ‌‌‌‌ဟော့လိုင်း (hotlines) သို့မဟုတ် အီးမေးလ်လိပ်စာမှတဆင့် အမ်အာရ်အေ သို့ တိုက်ရိုက်ဆက်သွယ်ပါ။

မလေးရှားကယ်ဆယ်ရေးအေဂျင်စီ (အမ်အာရ်အေ)

အီးမေးလ်: socialworker1.mra@gmail.com / socialworker2.mra@gmail.com
ခေါ်ဆိုရန် (သို့) WhatsApp: +၆၀၁၇ ၄၅၀ ၉၁၆၃ / +၆၀၁၇ ၅၀၇ ၈၉၂၃

ဤဟော့လိုင်းသည် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ/လုပ်ဖော်ကိုင်ဖက် အန်ဂျီအိုများ/ဒုက္ခသည်များနှင့် ခိုလှုံခွင့်ရှာဖွေသူများအတွက် ဆေးဘက်ဆိုင်ရာအကူအညီအတွက် စုံစမ်းမေးမြန်းရန်သာ ရည်ရွယ်ပါသည်။ ကျေးဇူးပြု၍ မှတ်ပုံတင်ရန် (သို့) ပြန်လည်နေရာချထားပေးရေး တောင်းဆိုရန် ဤဟော့လိုင်းကို မဆက်သွယ်ပါနှင့်။

ရန်ပုံငွေအကန့်အသတ်ရှိမှုကြောင့် တောင်းဆိုချက်ပို့သူအနည်းငယ်သာ အတည်ပြုပေးပါလိမ့်မည်။ ယူအန်အိတ်ချ်စီအာရ် နှင့် အန်ဂျီအို ၃ ခုတို့မှ ဆေးဘက်ဆိုင်ရာနှင့် ဆေးဘက်ဆိုင်ရာမဟုတ်သော ကိုယ်စားလှယ်များဖြင့်ဖွဲ့စည်းထားသော ကျန်းမာရေးဆိုင်ရာ ညွှန်းဆိုပေးရေးကော်မတီမှ အတည်ပြုချက်များကို ပူးတွဲဆုံးဖြတ်ပေးပါသည်။

မှတ်ချက်။ အမ်အာရ်အေသည် ကျောက်ကပ်ချို့ယွင်းမှုအတွက် ဒိုင်ယာလီစစ်ဟု‌ခေါ်သော ကျောက်ကပ်ဆေးခြင်းဆိုင်ရာလိုအပ်သည့် မည်သည့်ကိစ္စကိုမှ မထောက်ပံ့ပေးနိုင်ပါ။ နှလုံးခွဲစိတ်ကုသခြင်း၊ သွေးလွှတ်ကြော ကျဉ်းမြောင်းပိတ်ဆို့မှု ကုသခြင်းနှင့် ကင်ဆာကုသခြင်းတို့အတွက်လည်း ရန်ပုံငွေရရှိနိုင်မှုအပေါ် မူတည်ပါလိမ့်မည်။

အစိုးရကျန်းမာရေးဌာနများတွင် အခမဲ့ဝန်ဆောင်မှုများ

ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများသည် ယေဘုယျအားဖြင့် အစိုးရကျန်းမာရေးဌာနများတွင် နိုင်ငံခြားများစျေးဖြင့် ဝန်ဆောင်ခများ ပေးဆောင်ရသော်လည်း ကျန်းမာရေးဝန်ကြီးဌာန (MoH) သည် အောက်ပါကျန်းမာရေးဝန်ဆောင်မှုများကို ရှာဖွေနေသည့် မလေးရှားရှိ မည်သူမဆိုအတွက် အခကြေးငွေများကို လျှော့ပေါ့ပေးထားသည်။

  • ကူးစက်ရောဂါများအတွက်ကုသမှု

ဒုက္ခသည် (သို့) ခိုလှုံခွင့်ရှာဖွေသူတိုင်းသည် အောက်ပါကူးစက်ရောဂါများရှိကြောင်း သံသယရှိလျှင် (သို့) အတည်ပြုခံရပါက အစိုးရကျန်းမာရေးဌာနများတွင် အခမဲ့ကုသမှု ရယူရှာဖွေနိုင်ပါသည်။

  1. အဝါရောင် အဖျား
  2. အီဘိုလာ
  3. ကာလဝမ်းရောဂါ
  4. မလေးရီးယားငှက်ဖျား
  5. ပလိပ်ရောဂါ/ ကပ်ရောဂါ
  6. တိုက်ဖွိုက်
  7. တီဘီရောဂါ (ပထမလိုင်းဆေးဝါးများအတွက်သာ)
  8. တုပ်ကွေးမျိုးကွဲများ
  9. ပိုလီယို

ကူးစက်နိုင်သောရောဂါများအတွက် အခမဲ့ကုသမှုရယူရန် ဤ MoHစာစောင်ကို အစိုးရကျန်းမာရေးဌာနများတွင် ပြသနိုင်သည်။

  • ကလေးပိုလီယို ကာကွယ်ဆေးထိုးခြင်း

ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူ အသက် ၇ နှစ်နှင့်အောက် ကလေးများသည် ပုံမှန် ဟက်ဆဲက်ဆင်မ် (Hexaxim) ပေါင်းစပ်ကာကွယ်ဆေးအတွက် မှတ်ပုံတင်ခြင်း (သို့) ဆေးထိုးခ ပေးဆောင်စရာမလိုဘဲ အစိုးရကျန်းမာရေးဌာနများတွင် အခမဲ့ရရှိနိုင်ပါသည်။ ဟက်ဆဲက်ဆင်မ် ကာကွယ်ဆေးထိုးခြင်းသည် ကလေးငယ်များအား ဆုံဆို့နာ၊ မေးခိုင်၊ ကြက်ညှာချောင်းဆိုး၊ အသည်းရောင်အသားဝါ ဘီ၊ ပိုလီယိုရောင်ခြင်းနှင့် ဟေမိုဖီလပ်စ်တုပ်ကွေး အမျိုးအစား ဘီ (ဟီဘ်, Hib) ကြောင့် ဖြစ်ပွားသော ထိုးဖောက်ရောဂါများကို အကာအကွယ်ပေးသည်။ သင်သည် အစိုးရကျန်းမာရေးဌာနများတွင် ဟက်ဆဲက်ဆင်မ် ကာကွယ်ဆေးအား အခမဲ့တောင်းဆိုရန် ဤ MoH စာစောင်ကို ပြနိုင်ပါသည်။

မလေးရှားနိုင်ငံတွင် ကလေးမွေးဖွားခြင်း

ယူအန်အိတ်ချ်စီအာရ်သည် ကလေးမွေးဖွားမှုအတွက် ငွေကြေးထောက်ပံ့မှု မပေးနိုင်ပါ။ သာမန်ကိုယ်ဝန်ဆောင်ခြင်းသည် ကိုယ်ဝန်ဆောင်အမျိုးသမီးအတွက် ယူအန်အိတ်ချ်စီအာရ်တွင် မှတ်ပုံတင်မှု လျှင်မြန်စေရန် အာမခံပေးနိုင်သည့် ဆေးဘက်ဆိုင်ရာအခြေအနေမဟုတ်ပါ။ ဆိုလိုသည်မှာ ယူအန်အိတ်ချ်စီအာရ်တွင် ကလေးမွေးရန်မျှော်လင့်ထားသော်လည်း မှတ်ပုံတင်မထားသေးသော ဒုက္ခသည်များနှင့် ခိုလှုံခွင့်ရှာဖွေသူများသည် အစိုးရကျန်းမာရေးဌာနများတွင် ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုနှင့် ကလေးမွေးဖွားခြင်းဆိုင်ရာဝန်ဆောင်မှုအတွက် နိုင်ငံခြားသားစျေးဖြင့် အပြည့်ပေးဆောင်ရန် ပြင်ဆင်သင့်ကြောင်း ဆိုလိုပါသည်။ အစိုးရဆေးရုံများ၏ စုစုပေါင်းဝန်ဆောင်စျေးများမှာ ကိစ္စတစ်ခုချင်းအလိုက် ကွာခြားနိုင်သော်လည်း၊ ခန့်မှန်းကုန်ကျစရိတ်များမှာ အောက်ပါအတိုင်းဖြစ်သည်။

First antenatal care appointment Subsequent antenatal care Normal childbirth Caesarean delivery
Estimated Costs (full foreigners fee) Minimum RM 553 Minimum RM 108 Minimum RM 4,800 Minimum RM 10,000

ယင်းတို့သည် ခန့်မှန်းချက်များသာဖြစ်ပြီး အစိုးရဆေးရုံများမှ ကောက်ခံသည့် နောက်ဆုံးပမာဏမဟုတ်ကြောင်းလည်း ကျေးဇူးပြု၍ သတိပြုပါ။

အန္တရာယ်မြင့်ပြီး ရှုပ်ထွေးသော ကိုယ်ဝန်သည်များအတွက်၊ ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ၏ အကြံပေးချက်အရ အချိန်မှန်မှန် စောင့်ရှောက်မှုခံယူရန် အလွန်အရေးကြီးပါသည်။ အန္တရာယ်များပြီး ရှုပ်ထွေးသော ကိုယ်ဝန်ရှိသည့် ဒုက္ခသည်များနှင့် ခိုလှုံခွင့်ရှာဖွေသူများသည် ထပ်မံအကဲဖြတ်ရန်အတွက် အန်ဂျီအို ဆေးခန်းများသို့ သွားရောက်သင့်ပြီး အထက်ဖော်ပြပါ ဆက်သွယ်ရေးအသေးစိတ်များမှတစ်ဆင့် ငွေကြေးပံ့ပိုးမှုများအတွက် အီမာရဲက် (IMARET)သို့ ဆက်သွယ်နိုင်ပါသည်။

ဒုက္ခသည်များနှင့် ခိုလှုံခွင့်ရှာဖွေသူများသည် အန်ဂျီအိုဆေးခန်းများတွင် သားဆက်ခြားခြင်းဆိုင်ရာဝန်ဆောင်မှုများကို ရှာဖွေနိုင်သည်။ ကိုယ်ဝန်သည်စောင့်ရှောက်မှုကို Qualitas Medical Group ဟုခေါ်သော ကိုယ်ဝန်သည်ဆေးခန်းများတွင် ဒုက္ခသည်များနှင့် ခိုလှုံခွင့်ရှာဖွေသူများအတွက်လည်း ကိုယ်ဝန်ရှိမရှိ စစ်ဆေးခြင်းပက်ကေ့ချ် ရရှိနိုင်ပါသည်။

သင့်ကလေးမွေးဖွားပြီးသည်နှင့် သင့်ကလေးမွေးဖွားမှုကို မည်သို့မှတ်ပုံတင်ရန် အချက်အလက်အတွက် သင့်ကလေးအား မှတ်ပုံတင်ခြင်းသို့ သွား၍ သင့်ကလေးအား သင်၏ ယူအန်အိတ်ချ်စီအာရ်ဖိုင်ထဲတွင် ထည့်သွင်းပါ။