ပညာရေးဆိုင်ရာ ဝန်ဆောင်မှုများ

ပညာရေးသည် သင်၏ ကလေးများအား စွမ်းဆောင်ရည်မြင့်မားစေပြီး ၎င်းတို့အား ကျေနပ်ရောင့်ရဲသော၊ အမှီအခိုကင်းသော၊ အကျိုးဖြစ်ထွန်းသော လူနေမှုဘဝပုံစံများရရှိရန် အသိပညာနှင့် ကျွမ်းကျင်မှုများကို ပေးသည်။

ယူအန်အိတ်ချ်စီအာမှ အသိအမှတ်ပြုထားသော သင်ကြားရေးစင်တာ အများအပြား ယခုအချိန်တွင်ရှိနေပြီး ၎င်းစင်တာများသည် ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများအတွက် မူလတန်းနှင့် အလယ်တန်းပညာရေးကို ပံ့ပိုးပေးသည်။ သင်၏ အနီးနားတွင် သင်ကြားရေးစင်တာရှာရန် အောက်တွင်ဖော်ပြထားသော လမ်းပြမြေပုံကို အသုံးပြုနိုင်သည်။

လမ်းညွန်မြေပုံကြည့်ရန် အခက်အခဲရှိပါက ဤနေရာတွင် သို့မဟုတ် ပီဒီအက်ဖ်ဖြင့် ဒေါင်းလုပ် လုပ်နိုင်သည်။

ကျေးဇူးပြု၍ မှတ်သားထားပါ။
သင်ကြားရေးစင်တာ တစ်ခုစီသည် ကျောင်းအပ်ရန်အတွက် မတူညီသော အခကြေးငွေနှင့် မတူညီသော စည်းမျဉ်း စည်းကမ်းများ၊ မူဝါဒအမျိုးမျိုး ရှိသည်။ သင်ကြားရေးစင်တာအားလုံးသည် အခကြေးငွေ မယူပါ။ အခကြေးငွေများနှင့် ပေါ်လစီများကို သိရှိရန် သင်ကြားရေးစင်တာများသို့ ကျေးဇူးပြု၍ တိုက်ရိုက်ဆက်သွယ်ပါ။