မှတ်ပုံတင်ခြင်းဆိုင်ရာ ဖုန်းလိုင်းအတွက် လည်ပတ်ချိန်အသစ်များ

Monday / 02 February 2026

မှတ်ပုံတင်ခြင်းဆိုင်ရာ ဖုန်းလိုင်းအတွက် လည်ပတ်ချိန်များကို တစ်ပတ်လျှင် တစ်ရက်အထိ လျှော့ချထားပါသည်။

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်၊ တနင်္လာနေ့မှစ၍ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မတိုင်မီ မှတ်ပုံတင်ခြင်း သို့မဟုတ် မိသားစုပါဝင်မှုအတွက် လျှောက်ထားပြီး ရက်ချိန်းမရရှိသေးပါက အောက်ဖော်ပြပါ မှတ်ပုံတင်ခြင်းဆိုင်ရာ ဖုန်းလိုင်းသို့ ဆက်သွယ်နိုင်ပါသည်။

၀၁၇-၆၁၄၃၈၁၀ (WhatsApp မှတစ်ဆင့် ဖုန်းခေါ်ဆို၍မရပါ) နေ့လည် ၂ နာရီမှ ညနေ ၄ နာရီအတွင်း ဗုဒ္ဓဟူးနေ့တိုင်းတွင်သာ ရရှိနိုင်ပါသည်

ဖုန်းမခေါ်မီ အောက်ပါသတိပေးချက်များကို မှတ်သားထားပါ-

  1. သင့်ရဲ့ ဒုက္ခသည်မလေးရှား ဝက်ဘ်ဆိုက် ရည်ညွှန်းနံပါတ်ကို အသင့်ပြင်ထားပါ။
  2. Hotline သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ မတိုင်မီက ပြုလုပ်ခဲ့သော မလေးရှား ဒုက္ခသည် လျှောက်လွှာများအတွက်သာ ဖြစ်သည်။
  3. ဗုဒ္ဓဟူးနေ့များတွင် နေ့လယ် ၂ နာရီမှ ၄ နာရီအတွင်းသာ ဖုန်းခေါ်ဆိုပါ။ Hotline ကို ဆက်သွယ်လို့မရရင် နောက်အပတ်မှာ ပြန်ကြိုးစားကြည့်ပါ။
  4. UNHCR သည် သင်၏ အွန်လိုင်းလျှောက်လွှာနှင့် အရည်အချင်းပြည့်မီမှုအပေါ် အခြေခံ၍ ဖုန်းခေါ်ဆိုမှု၊ SMS နှင့် အီးမေးလ်မှတစ်ဆင့် ချိန်းဆိုမှုများကို ဆက်လက်ပေးဆောင်လျက်ရှိပါသည် – ဤ Hotline သည် ချိန်းဆိုမှုရရှိရန် တစ်ခုတည်းသော အခွင့်အရေးမဟုတ်ပါ။

စိတ်ရှည်ရှည်နဲ့ ပူးပေါင်းဆောင်ရွက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။