ဒုက္ခသည်ဆိုင်ရာ ဝေါဟာရအသုံနှုန်းစာရင်း

နောက်ဆုံးပြင်ဆင်ခဲ့သည့်ရက်စွဲ – ၂၇ရက် ဧပြီလ ၂၀၂၁ခုနှစ်

၁၉၅၁ ခုနှစ် ဒုက္ခသည်များ အဆင့်အတန်းဆိုင်ရာ ကွန်ဗင်းရှင်းမှ စတင်၍ အရေးကြီးသော မူဝါဒနှင့် လမ်းညွှန်စာတမ်းများကို အင်္ဂလိပ်ဘာသာဖြင့် အဓိက ဖွံ့ဖြိုးရေးသားထားခဲ့ပြီဖြစ်သည်။ အလားတူပင် မလေးရှားနိုင်ငံရှိ ယူအန်အိတ်ခ်ျစီအာရုံး၏ ထိတွေ့ဆက်ဆံမှု တစ်လျှောက်တွင် ရုံးသည် အစိုးရ၊ ပြည်သူများ၊ ဒုက္ခသည် အသိုင်းအဝိုင်းများနှင့် ထိထိ‌ရောက်ရောက် ဆက်ဆံ‌ရေးရှိနိုင်ရန် အင်္ဂလိပ်နှင့် မလေးဘာသာစကားကြားခံများလည်း အသုံးပြုနေပြီဖြစ်သည်။

မလေးဘာသာစကားတွင် ဒုက္ခသည်ဆိုင်ရာ ဝေါဟာရများနှင့်ပါတ်သက်၍ စံသတ်မှတ်ထားခြင်း မရှိသည့်အတွက် ယူအန်အိတ်ချ်စီအာသည် ဒုက္ခသည်ဆိုင်ရာ ဝေါဟာရစာရင်းကို မလေးဘာသာစကားသို့ ဘာသာပြန်ဆိုခဲ့ပါသည်။ ယူအန်အိတ်ချ်စီအာသည် အင်္ဂလိပ်ဘာသာဖြင့် အသုံးများသော အသုံးအနှုန်းများကို ဖော်ထုတ်ခဲ့ပြီး နေ့စဥ်ဘာသာစကားတွင် အသုံးပြုနိုင်သည့် လက်တွေ့ကျသော ဘာသာပြန်ဆိုချက်များကို ပံ့ပိုးပေးရန်အတွက် ပြည်တွင်းရှိ မူရင်းမလေးဘာသာစကားပြောသော နည်းပညာကျွမ်းကျင်သူများနှင့် ထိတွေ့ဆက်ဆံခဲ့သည်။ ဒုက္ခသည်ဆိုင်ရာ ဆွေးနွေးပွဲများတွင် အသုံးများသော ဝေါဟာရ ၃၀၀၀ ခန့်ကို ပြုစုပြီး ဘာသာပြန်ခဲ့သည်။

ယူအန်အိတ်ခ်ျစီအာသည် ဤဘာသာပြန်မှုများအား ပြန်လည်သုံးသပ်ပြီး မလေးဘာသာစကားဆိုင်ရာအာဏာပိုင် Dewan Bahasa dan Pustaka မှ အသုံးပြုသော ဘာသာပြန်ဆိုမှုများကို ရည်ညွန်ကိုးကားခဲ့သည်။ ဒုက္ခသည်ဆိုင်ရာ ဝေါဟာရများသည် အခါအားလျော်စွာ ပြန်လည်သုံးသပ်ပြီး ပြင်ဆင်မှု အမြဲပြုလုပ်နေမည့် စာရွက်စာတမ်းတစ်ခုဖြစ်သည်။

#ABCDEFGHIJKLMNOPQRSTUVW • X • YZ

X

Malay
Category of Word
Xenophobia
Ketakutan terhadap orang asing
Human Rights
Xenophobia
Xenofobia
Human Rights
Xhosa
Orang Xhosa
Population groups