လိမ်လည်မှုကို သတိပြုပါ- ရုံးချိန်ပြင်ပတွင် ချိန်းဆိုမှုများ

Tuesday / 01 October 2024

ယူအင်အိပ်ချ်စီအာရ် သည် ညအချိန်တွင် ယူအင်အိပ်ချ်စီအာရ် ရုံးသို့ ရုံး၏ ၀န်ဆောင်မှုများအတွက် လာရောက်ရန် ၀က်စ်အပ်(WhatsApp) မက်ဆေ့ချ်များ လက်ခံရရှိသူများ၏ အစီရင်ခံစာများကို လက်ခံရရှိခဲ့ပါသည်။

ဤအကြောင်းအရာသည် လိမ်ညာမှုတစ်ခုဖြစ်ပါသည်။ ယူအင်အိပ်ချ်စီအာရ် သည် ရုံးချိန်အတွင်းသာ (တနင်္လာနေ့မှ သောကြာနေ့၊ နံနက် ၈ နာရီမှ ညနေ ၄ နာရီ) အတွင်း၌သာ ရက်ချိန်းများကို ပေးသည်။ ရုံးချိန်ပြင်ပတွင် ရက်ချိန်းယူရန် သင့်အား ယူအင်အိပ်ချ်စီအာရ် သို့လာရောက်ရန် တောင်းဆိုသူများကို သတိထားပါ။ ဤပုဂ္ဂိုလ်များသည် ယူအင်အိပ်ချ်စီအာရ် နှင့် ချိတ်ဆက်ထားခြင်း မရှိသည့်အပြင် ယူအင်အိပ်ချ်စီအာရ် ချိန်းဆိုချက်များကို ထုတ်ပြန်ရန် အခွင့်အာဏာ သို့မဟုတ် စွမ်းရည်လည်း မရှိပါ။

ယူအင်အိပ်ချ်စီအာရ် ဝန်ဆောင်မှုအားလုံး အခမဲ့ဖြစ်ကြောင်းကိုလည်း သတိပြုပါ။ ယူအန်အိတ်ချ်စီအာသည် သင့်ကို ငွေကြေး လုံး၀တောင်းမည်မဟုတ်ပါ။ ယူအင်အိပ်ချ်စီအာရ် စာရွက်စာတမ်းများရရှိရန်၊ ယူအင်အိပ်ချ်စီအာရ် လုပ်ငန်းစဉ်များကို ဝင်ရောက်ကြည့်ရှုနိုင်ရန် သို့မဟုတ် ငွေလဲလှယ်ရာတွင် သင့်ကိစ္စကို အလျင်အမြန် ခြေရာခံနိုင်သည်ဟုဆိုသူများကို ဂရုစိုက်ပါ။ ၎င်းတို့အား သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို မမျှဝေပါနှင့်။

ယူအင်အိပ်ချ်စီအာရ် ဝန်ဆောင်မှုများ ( UNHCR စာရွက်စာတမ်းများ၊ မှတ်ပုံတင်ခြင်း၊RSD သို့မဟုတ် ပြန်လည်နေရာချထားရေး စသည်ဖြင့် ) ကို ငွေကြေးလှဲလှယ်ခြင်းဖြင့်ရယူနိုင်သည်ဟု သံသယဖြစ်ဖွယ် လုပ်ဆောင်ချက်များ သို့မဟုတ် လူတစ်ဦးချင်းစီကို သင်တွေ့ပါက၊
ဤအရာကို သတင်းပို့ပါ။ –

  • ရဲတပ်ဖွဲ့ CCID Scam Response Centre 03-26159 ဒါမှမဟုတ် ၀၃-၂၆၁၁၅၉၉
  • ဖောင်ကို အသုံးပြု၍ ယူအန်အိတ်ချ်စီအာသို့ ချက်ခြင်း ဖုန်းခေါ်ဆို၍ တိုင်ကြားပါ။

သင်သည် ယူအန်အိတ်ချ်စီအာသို့ သံသယဖြစ်ဖွယ်လုပ်ဆောင်မှုများနှင့်ပါတ်သက်၍ တိုင်ကြားပါက သင်၏ ယူအန်အိတ်ချ်စီအာ စာရွက်စာတမ်းများအား ရုပ်သိမ်းမည် မဟုတ်သည့်အပြင် သင်၏ အမှုတွဲအား နှောင့်နှေးကြန့်ကြာ သို့မဟုတ် ပိတ်သိမ်းခံရမည် မဟုတ်ပါ။

ယူအန်အိတ်ချ်စီအာ၏ လုပ်ငန်းစဉ်များနှင့် အကူအညီများနှင့်စပ်လျဥ်း၍ ထပ်မံပြီး အချက်အလက်များ သိရှိလိုပါကမလေးရှားဒုက္ခသည် Refugee Malaysia ဝက်ဘ်ဆိုက်သို့ သွားရောက်ဖတ်ရှုပါ။



Share