လိမ်လည်မှုမှ သတိပြုပါ- Haris မှ ဖန်တီးထားသော မလေးရှားဒုက္ခည် အက်ပလီကေးရှင်း အတု

Friday / 06 September 2024

Haris Bhai, Mr Haris, Haris Khan, and Mr Barmi ဟုသိကြသော ရိုဟင်ဂျာတစ်ဦးချင်းစီသည် ယူအင်အိပ်ချ်စီအာရ် လိုဂိုကို အသုံးပြု၍ ဒုက္ခသည်မလေးရှားအက်ပလီကေးရှင်းအတု ကို အသစ်လုပ်ထားကြောင်း ယူအင်အိပ်ချ်စီအာရ် မှ အစီရင်ခံစာများ လက်ခံရရှိခဲ့ပါသည်။ ၎င်းသည် ယူအင်အိပ်ချ်စီအာရ် လုပ်ငန်းစဉ်များကို ဝင်ရောက်ကြည့်ရှုခွင့် ပေးစွမ်းနိုင်သည်ဟု အခိုင်အမာဆိုထားသည့် YouTube တွင် ဗီဒီယိုများတင်ထားပြီး ယူအင်အိပ်ချ်စီအာရ် လိုဂိုကို အသုံးပြု၍ WhatsApp အဖွဲ့နှင့် ချန်နယ်ကို ဖန်တီးခဲ့သည် (လိမ်လည်မှုကို သတိပြုပါ- Mr Haris / Haris Khan / Mr Barmi)။

ဤအကြောင်းအရာသည် လိမ်ညာမှုတစ်ခုဖြစ်ပါသည်။ ထိုပုဂ္ဂိုလ်တစ်ဥိးချင်းစီသည် ယူအင်အိပ်ချ်စီအာရ် ဝန်ထမ်းမဟုတ်ပါ။ သူသည် ယူအင်အ်ပ်ချ်စီအာရ် နှင့် ဆက်စပ်မှုမရှိပါ။ သူ့တွင် ယူအင်အိပ်ချ်စီအာရ် စာရွက်စာတမ်းများ ထုတ်ပေးရန် သို့မဟုတ် မည်သူ့ကိုမျှ ကိုယ်ရေးကိုယ်တာ အချက်အလက် တောင်းခံရန် အခွင့်အာဏာ သို့မဟုတ် စွမ်းရည်မရှိပါ။

ယူအိပ်ခ်ျစီအာက သင့်ကို ဘယ်တော့မှ ပိုက်ဆံတောင်းမှာမဟုတ်ဘူးဆိုတာကိုလည်း သတိပြုပါ။ ယူအင်အိပ်ချ်စီအာရ် စာရွက်စာတမ်းများရရှိရန်၊ ယူအင်အိပ်ချ်စီအာရ် လုပ်ငန်းစဉ်များကို ဝင်ရောက်ကြည့်ရှုနိုင်ရန် သို့မဟုတ် ငွေလဲလှယ်ရာတွင် သင့်ကိစ္စကို အလျင်အမြန် ခြေရာခံနိုင်သည်ဟုဆိုသူများကို ဂရုစိုက်ပါ။ ၎င်းတို့အား သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို မမျှဝေပါနှင့်။

ယူအန်အိတ်ချ်စီအာ ၀န်ဆောင်မှုများ( ယူအန်အိတ်ချ်စီအာစာရွက်စာတမ်းများ ၊မှတ်ပုံတင်ခြင်း ၊RSD ဒုက္ခသည်အခြေနေသတ်မှတ်ခြင်းနှင့်ပြန်လည်နေရာ ချထားရေး စသည်..)တို့ကိုငွေကြေးရယူခြင်းဖြင့် ဆောင်ရွက်ပေးသောပုဂ္ဂိုလ်များကိုတွေ့ရှိပါက

  • ရဲတပ်ဖွဲ့ CCID Scam Response Centre 03-26159 ဒါမှမဟုတ် ၀၃-၂၆၁၁၅၉၉
  • ဖောင်ကို အသုံးပြု၍ ယူအန်အိတ်ချ်စီအာသို့ ချက်ခြင်း ဖုန်းခေါ်ဆို၍ တိုင်ကြားပါ။

သင်သည် ယူအန်အိတ်ချ်စီအာသို့ သံသယဖြစ်ဖွယ်လုပ်ဆောင်မှုများနှင့်ပါတ်သက်၍ တိုင်ကြားပါက သင်၏ ယူအန်အိတ်ချ်စီအာ စာရွက်စာတမ်းများအား ရုပ်သိမ်းမည် မဟုတ်သည့်အပြင် သင်၏ အမှုတွဲအား နှောင့်နှေးကြန့်ကြာ သို့မဟုတ် ပိတ်သိမ်းခံရမည် မဟုတ်ပါ။

ယူအန်အိတ်ချ်စီအာ၏ လုပ်ငန်းစဉ်များနှင့် အကူအညီများနှင့်စပ်လျဥ်း၍ ထပ်မံပြီး အချက်အလက်များ သိရှိလိုပါကမလေးရှားဒုက္ခသည် Refugee Malaysia ဝက်ဘ်ဆိုက်သို့ သွားရောက်ဖတ်ရှုပါ။



Share