ကွန်မြူနီတီ အသိုင်းအဝိုင်းခေါင်းဆောင်များဆွေးနွေးပွဲ (၂၃ ဇူလိုင်လ၊ ၂၀၂၅)

Friday / 22 August 2025

ယူအင်အိပ်ခ်ျစီအာရ် သည် ၂၀၂၅ ခုနှစ်အတွက် သုံးကြိမ်မြောက် ကွန်မြူနီတီ အသိုင်းအဝိုင်းခေါင်းဆောင်များဆွေးနွေးပွဲ ကို ကျင်းပခဲ့ပြီး၊ ဒုက္ခသည်အသိုင်းအဝိုင်း ၆၂ ခုမှ ခေါင်းဆောင် ၁၀၉ ဦးကို တစ်ရက်တာ ဆွေးနွေးမှု၊ အတွေးအခေါ်ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် စုဝေးစေခဲ့ပါသည်။ ဤဆွေးနွေးပွဲသည် ကမ္ဘာ့ဒုက္ခသည်နေ့အပြီး အထိမ်းအမှတ်အဖြစ်လည်း ကျင်းပကာ ဒုက္ခသည်အသိုင်းအဝိုင်းများ၏ ခိုင်မာသော တည်တံ့မှုနှင့် ပံ့ပိုးမှုများကို အသိအမှတ်ပြုခဲ့ပါသည်။

အစည်းအဝေးကို ယူအင်အိပ်ခ်ျစီအာရ် မှ နှစ်ဖက်ဆက်သွယ်ဆက်ဆံမှုနှင့် အသိုင်းအဝိုင်းခေါင်းဆောင်မှု၏ အရေးပါမှုကို အထူးပြောကြားခြင်းဖြင့် ဖွင့်ပွဲကျင်းပခဲ့ပါသည်။ ယူအင်အိပ်ခ်ျစီအာရ် သည် ဒုက္ခသည်ဆေးဘက်ဆိုင်ရာအာမခံ (REMEDI) ထောက်ပံ့မှုပရိုဂရမ်နှင့် မီးဇလ်-ရူဗဲလာ ခေါ် ထပ်ဆောင်းကာကွယ်ဆေးပေးမှုအစီအစဉ်အတွက် နောက်ဆုံးရသတင်းများကိုလည်း မျှဝေခဲ့ပါသည်။

နောက်ဆုံးတွင် “အထူးဆွေးနွေးပွဲ” အစီအစဉ်ကို ကျင်းပရာတွင် မလေးရှားရှိ ယူအင်အိပ်ခ်ျစီအာရ် ကိုယ်စားလှယ် Louise Aubin က အခြားတင်ပြချက်များအနေဖြင့် မှတ်ပုံတင်ချိန်ဇယား၊ မလေးရှားရှိ ဒုက္ခသည်များ၏ ကာကွယ်မှုပတ်ဝန်းကျင်နှင့် ကမ္ဘာလုံးဆိုင်ရာ လူမှုဖူလုံရေး ငွေကြေးလျော့နည်းမှု၏ သက်ရောက်မှုများကို ဆွေးနွေးခဲ့ပါသည်။

ဆွေးနွေးပွဲတွင် ကွန်မြူနီတီအခြေပြု အဖွဲ့အစည်းသုံးခုဖြစ်သော လူငယ်စွမ်းအားမြှင့်တင်ရေးထောက်ပံ့ရေးအဖွဲ့ (YES)၊ မွန် ဒုက္ခသည်အဖွဲ့အစည်း (MRO) နှင့် မြန်မာလူမျိုး အမျိုးသမီးဒုက္ခသည်အဖွဲ့အစည်း (MEWRO) တို့မှ မျှဝေခြင်းအစီအစဉ်ကိုလည်း ပါဝင်ဆွေးနွေ ခဲ့ပါသည်။ အဖွဲ့အစည်းတိုင်းသည် သူတို့၏ ခရီးစဉ်၊ ကြုံတွေ့ခဲ့ရသော အခက်အခဲများနှင့် လုပ်ငန်းတည်တံ့စေသည့် မဟာဗျူဟာများကို မျှဝေခဲ့ကြသည်။ ပညာရေးမှ အသိုင်းအဝိုင်း စွမ်းအားမြှင့်တင်ရေးအထိ၊ တင်ပြချက်များတွင် ဒုက္ခသည်များ ဦးဆောင်သော စီမံကိန်းများ၏ ခိုင်မာသော တည်တံ့မှုနှင့် ဖန်တီးမှုတို့ကို ပြသခဲ့ပါသည်။

နေ့အဆုံးတွင် အသိုင်းအဝိုင်းခေါင်းဆောင်များအား မိနစ်တစ်မိနစ်အတွေးများကို ဖော်ပြခွင့်ရသည့် ဖွင့်လှစ် မိုက်ခရိုဖုန်း အစီအစဉ်ဖြင့် ဆွေးနွေးပွဲကို အဆုံးသတ်ခဲ့ပါသည်။ အဆိုပြုချက်များတွင် ဆရာသင်တန်းများအဆင့်မြှင့်တင်ခြင်း၊ REMEDI အစီအစဉ်အား ပံ့ပိုးအားဖြည့်ခြင်း၊ အရေးကြီးငွေကြေးလျှောက်ထားနိုင်မှု စွမ်းရည်တိုးတက်ရေးနှင့် ဆိုရှယ်မီဒီယာမှတဆင့် မှန်ကန်သည့် သတင်းအချက်အလက်များ ပျံ့နှံ့စေခြင်းတို့ ပါဝင်ခဲ့သည်။

ဆွေးနွေးပွဲတစ်လျှောက်လုံး ယူအင်အိပ်ခ်ျစီအာရ် မှ ပူးပေါင်းဆောင်ရွက်မှု၊ မှန်ကန်သည့် သတင်းအချက်အလက် မျှဝေရေးနှင့် မဟာဗျူဟာဆိုင်ရာ ထောက်ခံမှု၏ အရေးပါမှုကို အထူးပြောကြားခဲ့ပါသည်။ {}{}{}{}https://refugeemalaysia.org/wp-content/uploads/2025/08/q3-townhall-1-min.jpghttps://refugeemalaysia.org/wp-content/uploads/2025/08/q3-townhall-1-min.jpg1920192013781378text-align: centertext-align: centerRepresentative of the UNHCR operations in Malaysia, Louise Aubin, during the “Hot Seat” sessionမလေးရှား ယူအင်အိပ်ခ်ျစီအာရ် ဌာနေကိုယ်စားလှယ် Louise Aubin သည်လည်း ထိုဆွေးနွေးပွဲတွင် ပါ၀င်ဆွေးနွေးခဲ့ပါသည်။

မလေးရှား ယူအင်အိပ်ခ်ျစီအာရ် ဌာနေကိုယ်စားလှယ် Louise Aubin သည်လည်း ထိုဆွေးနွေးပွဲတွင် ပါ၀င်ဆွေးနွေးခဲ့ပါသည်။



Share