လိမ်လည်မှုများ သတိပြုရန် မမေးမေး (FAQ)

လိမ်လည်မှုခံနေရလားဆိုတာ ဘယ်လိုသိရမလဲ။

K
C

လိမ်လည်သူများသည် ပြန်လည်နေရာချထားရေး၊ မှတ်ပုံတင်ရေး၊ ငွေကြေးအကူအညီ၊ ယူအင်အိပ်ချ်စီအာရ် စာရွက်စာတမ်းများ သို့မဟုတ် ဒုက္ခသည်ဆိုင်ရာ တောင်းဆိုမှုများအပါအဝင် ဝန်ဆောင်မှုများအတွက် လဲလှယ်ပေးသည့် လိင်စိတ်သဘောများ အပါအဝင် အခြားအကျိုးဆောင်မှုများ
တောင်းခံကြသည်။ ဤကမ်းလှမ်းချက်များကို ဖေ့စ်ဘုတ်ခ်၊ ယူဂျုပ်၊ သို့မဟုတ် ၀က်စ်အပ် အပါအဝင် ဖုန်းဖြင့်ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ လူမှုမီဒီယာမှတစ်ဆင့် သင့်ထံ ပေးပို့နိုင်ပါသည်။ ယူအင်အိပ်ချ်စီအာရ် လုပ်ငန်းစဉ်အတွက် ငွေကြေး သို့မဟုတ် အခြားမျက်နှာသာတစ်ခုခုကို တောင်းခံပါက၊ ၎င်းသည် လိမ်လည်မှုဖြစ်သည်။

တစ်ခါတစ်ရံတွင် လိမ်လည်သူများသည် သင်၏ယုံကြည်မှုကိုရရှိရန် ယူအန်အိတ်ခ်ျစီအာရ် ကိုယ်စားလှယ်ကဲ့သို့ ဟန်ဆောင်တက်ကြသည်။ သူတို့သည် သင့်အား ဆွဲဆောင်နိုင်ရန် ယူအန်အိတ်ခ်ျစီအာရ်နှင့် ချိတ်ဆက်ထားကြောင်း အချက်အလက်များကိုလည်း ပြသနိုင်ပါသည်။

သင့်ထံ ထိုသို့သော လိမ်ညာမှုပြောဆိုတက်သူများသည် သင့်အခြေအနေကို အခွင့်ကောင်းယူနိုင်ရန် ကြိုးပမ်းနေကြပါသည်။ သူတို့ကို ရှောင်ပြီး မယုံကြည်ပါနဲ့။ ထိုသူများသည် သင်၏ပိုက်ဆံကိုလိုချင်သောကြောင့်ဖြစ်ပါသည်။ လှည့်စားခံရခြင်း ရှိစေရန် သတိပြုပါ။

ယူအန်အိတ်ခ်ျစီအာရ်နှင့် လုပ်ဖော်ကိုင်ဖက်များမှ ပေးဆောင်သော ဝန်ဆောင်မှုများနှင့် အကူအညီအားလုံးသည် အခမဲ့ဖြစ်ကြောင်း အမြဲသတိရပါ။

လိမ်လည်မှုမခံရအောင် ဘယ်လိုရှောင်နိုင်မလဲ။

K
C

ယူအန်အိတ်ခ်ျစီအာရ်နှင့် ၎င်း၏လုပ်ဖော်ကိုင်ဖက်များမှလွဲ၍ သင့်နိုင်ငံကူးလက်မှတ်များ၊ လက်မှတ်များ (သို့) စာရွက်စာတမ်းများအပါအဝင် သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များနှင့် စာရွက်စာတမ်းများ (သို့) ယူအန်အိတ်ခ်ျစီအာရ်မှရရှိထားသော စာရွတ်စာတန်းမျာအား မျှဝေခြင်းမပြုပါနှင့်။

ယူအင်အိပ်ချ်စီအာရ် နှင့် ၎င်း၏လုပ်ဖော်ကိုင်ဖက်များထံမှ ဝန်ဆောင်မှုများနှင့် အကူအညီအားလုံးသည် အခမဲ့ဖြစ်သည်။ ယူအင်အိပ်ချ်စီအာရ် ဝန်ဆောင်မှုအတွက် သင့်အား ငွေကြေးပေးဆောင်ရန် တောင်းဆိုသောမည်သူ့ကိုမျှ သို့မဟုတ် မည်သည့်အဖွဲ့အစည်းကိုမျှ မယုံကြည်ပါနှင့်။

ယူအန်အိတ်ခ်ျစီအာရ်ဝန်ဆောင်မှုများအတွက် အလဲအလှယ်လုပ်ရန် လိင်သဘာဝအပါအဝင် ငွေကြေး (သို့) နှစ်သက်မှု တစ်စုံတစ်ရာ တောင်းခံသူတိုင်းကို မယုံကြည်ပါနှင့်၊ ကြုံတွေ့ရပါက ယူအန်အိတ်ခ်ျစီအာရ်သို့ ချက်ချင်းသတင်းပေးပို့ပါ။

ကျွန်တော်လိမ်လည်မှုကျူးလွန်ရင် ဘာဖြစ်သွားမလဲ။

K
C

ယူအင်အိပ်ချ်စီအာရ် ကို မှားယွင်းတဲ့ သတင်းအချက်အလက်တွေ ပေးတာက လိမ်လည်မှုပါ။ ယူအင်အိပ်ချ်စီအာရ် ကို အပြည့်အဝနဲ့ တိကျမှန်ကန်တဲ့ အချက်အလက်တွေကို အမြဲပေးရမယ်။

အကယ်၍ သင်သည် ယူအန်အိတ်ခ်ျစီအာရ်အား လှည့်ဖြားရန် ရည်ရွယ်ချက်ဖြင့် အချက်အလက်များကို ပုံဖျက်ခြင်း သို့မဟုတ် ဖုံးကွယ်ခြင်း အပါအဝင်၊ မှန်ကန်သော အချက်အလက်များကို ပေးဆောင်ရန် ပျက်ကွက်ပါက၊ သင်သည် အောက်ပါ အကျိုးဆက်များကို ရင်ဆိုင်ရနိုင်သည်-

  • သင်သည် ငွေသားပံ့ပိုးမှု (သို့) ပြန်လည်နေရာချထားရေးအပါအဝင် အကာအကွယ်၊ အကူအညီ (သို့) ရေရှည်ဖြေရှင်းချက်များအတွက် အရည်အချင်းပြည့်မီမည်မဟုတ်ပါ။
  • လိမ်လည်မှုစွပ်စွဲချက်မှန်သမျှကို သင့်ဖိုင်ထဲတွင် မှတ်တမ်းတင်ထားမည်ဖြစ်သည်။
  • သင့်အမှုတွဲသည် လိမ်လည်မှုကို စုံစမ်းစစ်ဆေးနေစဉ်တွင် သိသိသာသာ နှောင့်နှေးသွားနိုင်ပြီး (သို့) ဤကာလအတွင်း ခေတ္တဆိုင်းငံ့ပေးထားမည်ဖြစ်သည်။
  • သင့်ဖိုင်ပေါ်ရှိ လိမ်လည်မှုမှတ်တမ်းမှန်သမျှကို ပြန်လည်အခြေချနေထိုင်နိုင်သည့် နိုင်ငံများနှင့် မျှဝေပါမည်။ ပြစ်မှုကျူးလွန်သည်ဟု သံသယရှိပါက သက်ဆိုင်ရာ အာဏာပိုင်များထံ၌လည်း တိုင်ကြားနိုင်ပါသည်။

လိမ်လည်မှုတွေကို ဘယ်လိုသတင်းပို့ရမလဲ။

K
C

သင်သည် ဒုက္ခသည်များ (သို့) လိမ်လည်မှုကျူးလွန်နေသည့် အခြားသူများအား ဒုက္ခသည် မလေးရှား၏ အွန်လိုင်းလိမ်လည်မှုနှင့် အကျင့်ပျက်ခြစားမှုဆိုင်ရာ တိုင်ကြားချက်ပုံစံဖြင့် ဤနေရာတွင် (သို့) mlslufrd@unhcr.org သို့ အီးမေးလ်ဖြင့် ပေးပို့နိုင်ပါသည်။

အကယ်၍ သင်သည် ယူအန်အိတ်ခ်ျစီအာရ်ဝန်ထမ်း၊ (သို့) ၎င်း၏ မိတ်ဖက်ဝန်ထမ်းများ (သို့) ကန်ထရိုက်တာဝန်ထမ်းများ၏ အကျင့်ပျက်ခြစားမှုအား တိုင်ကြားလိုပါက၊ ယူအန်အိတ်ခ်ျစီအာရ်၏ စစ်ဆေးရေးမှူးချုပ်ရုံး (အိုင်ဂျီအို၊ IGO)၏ ရုံးချုပ်တွင် ကျေးဇူးပြုပြီး ချက်ခြင်း သတင်းပို့ရန်-

Email: inspector@unhcr.org
Online: IGO Online Complaint Form
Mail: UNHCR, 94 Rue de Montbrillant, 1202 Geneva, Switzerland

အိုင်ဂျီအိုသို့ အစီရင်ခံ/တိုင်းကြားထားသော အမှုတိုင်းနှင့်ပတ်သက်ပြီး ဘာတွေဖြစ်ပျက်နိုင်ကြောင်း နောက်ထပ်အချက်အလက်များကို သိရှိရန် ဤနေရာကိုနှိပ်ပါ။

လိမ်လည်မှုသတင်းပို့သည့်အခါ တတ်နိုင်သမျှ သတင်းအချက်အလက်ပေးရန် အရေးကြီးသည်။ ၎င်းတွင် မည်သူက လိမ်လည်မှုကျူးလွန်သည်ဟု သံသယရှိသနည်း၊ စွပ်စွဲခံရသည့် ဖြစ်ရပ်ဖြစ်ပွားသည့်အချိန်နှင့် နေရာ၊ ဖြစ်နိုင်ချေရှိသော လိမ်လည်မှုအား မည်သို့ဖော်ထုတ်ခဲ့ကြောင်းနှင့် ၎င်းသည် လိမ်လည်မှုအမျိုးအစား ဖြစ်နိုင်ကြောင်း အသေးစိတ်အချက်များ ပါဝင်သည်။ သက်သေအထောက်အထားများ၊ မျက်မြင်သက်သေများနှင့်ပတ်သက်သည့် အချက်အလက် သို့မဟုတ် အဖြစ်အပျက်နှင့်ပတ်သက်သည့် အခြားအသေးစိတ်အချက်အလက်များကိုလည်း ထည့်သွင်းသင့်သည်။

ယူအင်အိပ်ချ်စီအာရ် သည် တိုင်ကြားစာအားလုံးကို အလေးအနက်ထားပြီး တစ်ဦးချင်းစီအလိုက် လိုက်နာဆောင်ရွက်ပါ။ ယူအင်အိပ်ချ်စီအာရ် နှင့် ဆက်သွယ်မှုအားလုံးကို လျှို့ဝှက်ထားထားကြောင်း သတိပြုပါ။ တိုင်ကြားချက်တစ်ခုတင်ခြင်းသည် သင့်အမှုကို ယူအင်အိပ်ချ်စီအာရ် သို့ မည်သည့်နည်းဖြင့်မျှ သက်ရောက်မှုရှိမည်မဟုတ်ပါ။ သင့်တိုင်ကြားချက်တွင်၊ သင့်သိထားသည့် အချက်အလက်နှင့် အထောက်အထားအားလုံးကို ကျေးဇူးပြု၍ ပေးပါ။ သင့်ဆက်သွယ်ရန်အသေးစိတ်အချက်အလက်များကို ပေးဆောင်ပါက၊ သင့်တိုင်ကြားချက်အပေါ် ကျွန်ုပ်တို့က သင့်ထံ ဆက်လက်လုပ်ဆောင်ပေးပါမည်။

တိုင်ကြားချက်များကိုလည်း အမည်ဝှက်ဖြင့် ပြုလုပ်ဆောင်ရွက်ပေးပါလိမ့်မည်။