ယဉ်ကျေးမှုလမ်းညွှန်ချက်
ယဉ်ကျေးမှုနားလည်မှု၏ အရေးပါမှု
မလေးရှားနိုင်ငံမှာ မိမိ၏ဘာသာစကား၊ ယဉ်ကျေးမှု၊ အထုံးအထ၊ နှင့် ဥပဒေစနစ်ရှိတဲ့ တမူထူးခြားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ မလေးရှားရှိ ဒုက္ခသည်များနှင့် ခိုလှုံခွင့်လိုအပ်သူများသည် မတူညီသော နောက်ခံမျိုးရိုးစဉ်လာများရှိပြီး၊ မလေးရှားနိုင်ငံသားများနှင့် မတူညီသော ဘာသာစကားများပြောဆိုကြသည်။ ထို့ပြင် ဘာသာရေး၊ ယဉ်ကျေးမှု၊ အထုံးအထ၊ နှင့် ဥပဒေရေးရာအယူအဆများတွင်လည်း ကွာခြားမှုများ ရှိကြသည်။ အများအားဖြင့် မိမိတိုင်းပြည်တွင် ခံစားခဲ့ရသည့် အကြမ်းဖက်မှုများနှင့် အန္တရာယ်များကြောင့် အရေးပေါ် ထွက်ပြေးရန် မဖြစ်မနေလိုက်ရှာရပြီး၊ နိုင်ငံခိုလှုံရာနိုင်ငံ၏ ယဉ်ကျေးမှု၊ အထုံးအထ၊ ဥပဒေများကို နားလည် သို့မဟုတ် လေ့လာဖို့ အချိန်မရှိနိုင်ပါ။
မလေးရှားတွင် နေထိုင်စဉ် ကာလအတွင်း ဒုက္ခသည်များနှင့် ခိုလှုံခွင့်လိုအပ်သူများအတွက် မလေးရှား၏ ယဉ်ကျေးမှု၊ အထုံးအထ နှင့် ဥပဒေများကို လေ့လာနားလည်ခြင်းမှာ အရေးကြီးပါသည်။
ဤကိစ္စသည် ဒုက္ခသည်များနှင့် ခိုလှုံခွင့်လိုအပ်သူများနှင့် ဒေသခံများအကြား အပြန်အလှန်ဂုဏ်သိက္ခာ ဖော်ဆောင်ပေးကာ မှားယွင်းချက်များကို ရှောင်ရှားနိုင်စေပါသည်။ သွားရောက်နေထိုင်သော နိုင်ငံတွင် တခြားယဉ်ကျေးမှု၊ ဘာသာရေး၊ အထုံးအထနှင့် ဥပဒေများကို နားလည်ခြင်းသည် အခြားနိုင်ငံများတွင် ပေါင်းစည်းခြင်းလုပ်ငန်းစဉ်ကို ပိုမိုလွယ်ကူစေပါသည်။
သင်ခန်းစာ အပိုင်း
ယူအန်အက်ချ်အာ မလေးရှားသည် ဒုက္ခသည်များနှင့် ခိုလှုံခွင့်လိုအပ်သူများအတွက် မလေးရှား၏ ယဉ်ကျေးမှု၊ အထုံးအထ နှင့် ဥပဒေများကို ဘာသာစကားအားလုံးဖြင့် နားလည်စေသည့် ယဉ်ကျေးမှုနားလည်မှု သင်ခန်းစာအပိုင်းကို ဖန်တီးထားပါသည်။ သင်ခန်းစာအပိုင်းတွင် ဒုက္ခသည်များနှင့် ခိုလှုံခွင့်လိုအပ်သူများအတွက် အရေးကြီးပြီး သက်ဆိုင်သော မူလအချက်အလက်များ ပါဝင်သည်။ လက်ရှိတွင် ချမှတ်ပြီးသား အကြောင်းအရာ ၉ ချက်ရှိပြီး၊ အထောက်အကူပြုရန် ဆရာသင်ကြားသူများအတွက် အပိုဆောင်းအရင်းအမြစ်များပါ ပါဝင်ပါသည်။ သင်ခန်းစာအပိုင်းအချို့ကို ယူအန်အက်ချ်အား ပါတနာများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGOs), ပညာရေးအဖွဲ့အစည်းများနှင့် မလေးရှားရှိ အခြားပါဝင်သူများနှင့် ပူးပေါင်း၍ ဖန်တီးထားပါသည်။ အကြောင်းအရာအားလုံးသည် မလေးရှားရှိ ဒုက္ခသည်များအားလုံးအတွက် သင့်တော်ပြီး၊ တစ်ဦးချင်းစီ တင်ပြသူများအတွက် အကြောင်းအရာတစ်ခုစီပါသော စလိုက်များတွင် တင်ပြသူလမ်းညွှန်မှတ်စုများ ပါဝင်ပါသည်။

သင်ကြားသူ(ဆရာ)လမ်းညွှန်ချက်<br>
<br>လမ်းညွှန်ချက်<br>

မလေးရှားတွင် နေထိုင်မှု

တကိုယ်ရေ သန့်ရှင်းရေး

မူဆလင် ဒုက္ခသည်များအတွက် လမ်းညွှန်ချက် - အိဒ်အယ့်အဒ်ဟါ ( Eid Al-Adha)

ဥပဒေရေးရာ အချက်အလက်များကို နားလည်ကျင့်သုံးနိုင်ရေး

မလေးရှားတွင် လုံခြုံစွာ နေထိုင်နိုင်ရေး

ငွေကြေးသိမြင်မှု – ငွေစီမံခန့်ခွဲမှုနားလည်ခြင်း

မလေးရှားရှိ ပြည်သူ့အများအသုံးပြု ယာဉ်ပို့ဆောင်မှုစနစ်ကို အသုံးပြုပုံကို နားလည်သဘောပေါက်ခြင်း

ကလေးအရွယ်တွင် အိမ်ထောင်ဖက်သက်သွင်းခြင်း
သင်ခန်းစာအပိုင်းများကို မည်သို့ အသုံးပြုရမည်နည်း။
သင်ခန်းစာအပိုင်းသည် ပြည်သူအများအတွက် အခမဲ့ဝန်ဆောင်မှုအရင်းအမြစ်တစ်ရပ်ဖြစ်ပါသည်။ သင့်အား မိတ်ဆက်ဖိတ်ခေါ်ပါသည် –
-
- သင်ခန်းစာအပိုင်းကို ကိုယ်တိုင် အချိန်သတ်မှတ်၍ လေ့လာရန် အသုံးပြုနိုင်ပါသည်၊ သို့မဟုတ်
-
- မလေးရှားရှိ ဒုက္ခသည်အသိုင်းအဝိုင်းအတွက် ယဉ်ကျေးမှုနားလည်မှု သင်တန်းအစီအစဉ် တက်ဖွင့်ရန် အဆိုပါ သင်ခန်းစာကို အသုံးပြုနိုင်ပါသည်။
ယဉ်ကျေးမှုနားလည်မှု သင်ခန်းစာအပိုင်းနှင့် သက်ဆိုင်သော ပစ္စည်းများ