ဥပဒေဆိုင်ရာ အကာအကွယ် နှင့်ပတ်သက်၍ မေးလေ့မေးထရှိသော မေးခွန်းများ

ဖမ်းဆီးချုပ်နှောင်ခြင်း။

ကျွန်တော့်၏ သူငယ်ချင်းများ/ကွန်မြူနီတီလူမှုအသိုင်းအဝန်းမှအဖွဲ့၀င်များ အဖမ်းခံရခြင်း။ ယူအင်အိပ်ချ်စီအာရ်သို့မည်သို့တင်ပြမည်နည်း။

K
C

အောက်ပါချန်နယ်များကို အသုံးပြု၍ သတင်းပို့နိုင်သည်-

ယူအင်အိပ်ချ်စီအာရ်၏တုံ့ပြန်မှုကိုနှေးကွေးစေနိုင်သောကြောင့် အဖမ်းခံရသောသူတစ်ဦးချင်းစီအတွက် ချန်နယ်များစွာမှအစီရင်ခံခြင်း မပြုပါနှင့်။ ဖမ်းဆီးထိန်းသိမ်းခြင်း အစီရင်ခံစာ တင်သွင်းသည့်အခါ၊ ကျေးဇူးပြု၍ ဖြည့်စွပ်ပါ-

  • သင့်အမည်၊ ယူအင်အိပ်ချ်စီအာရ် ဖိုင်နံပါတ်နှင့် ဆက်သွယ်ရန်အသေးစိတ်အချက်အလက်များ
  • ဖမ်းဆီးခံရသူ၏ အမည်၊ အသက်၊ ကျား၊ မနှင့် ယူအင်အိပ်ချ်စီအာရ် ဖိုင်နံပါတ် (မှတ်ပုံတင်လျှင်)၊
  • ဖြစ်နိုင်ပါက - အကျဉ်းသား၏နံပါတ်၊ ထိန်းသိမ်းရေးတည်နေရာ၊ ဖမ်းသည့်ရက်စွဲ၊ အဖမ်းခံရသည့်အကြောင်းအရင်း၊ အဖမ်းခံရသည့် အခွင့်အာဏာ (လူဝင်မှုကြီးကြပ်ရေး၊ ရဲ သို့မဟုတ် အခြားအရာများ)၊ တရားရုံးရက်စွဲ၊ စွဲချက်၏သဘောသဘာဝနှင့် တရားရုံးတည်နေရာ (တစ်ဦးချင်းကို တရားစွဲဆိုခံရပါက)

အဖမ်းခံရသူ တစ်ဦး ထိန်းသိမ်းရေးစခန်းမှ ပြန်လည်လွတ်မြောက်လာစေရန်အတွက် ယူအင်အိပ်ချ်စီအာရ် က ဆောင်ရွက်ပေးရန် အချိန်မည်မျှကြာမည်နည်း။

K
C

ယူအင်အိပ်ချ်စီအာရ်သည် ဖမ်းဆီးခြင်း သို့မဟုတ် ထိန်းသိမ်းခြင်းဆိုင်ရာ အစီရင်ခံစာကို လက်ခံရရှိသည့်အခါ ချက်ချင်းအရေးယူဆောင်ရွက်ပီး ခိုလှုံခွင့်တောင်းခံသူများနှင့် ဒုက္ခသည်များကို ဖမ်းဆီးခြင်း သို့မဟုတ် ထိန်းသိမ်းခြင်းအား ဆန့်ကျင်ရန် အာဏာပိုင်များကိုလှုံ့ဆော်ပေးခြင်း ကိုလည်းဆောင်ရွက်ပါသည်။ ယူအင်အိပ်ချ်စီအာရ်သည် ထိခိုက်လွယ်သူများ လွတ်မြောက်ရေးကို ဦးစားပေး လုပ်ဆောင်နေသော်လည်း အကျဉ်းသားများကို ပြန်လွှတ်ပေးရန် ဆုံးဖြတ်ချက်သည် မလေးရှား အာဏာပိုင်များနှင့် လုံးဝ သက်ဆိုင်ပါသည်။

အတင်းအကျပ်ပြန်လည်စေလွှတ်ခြင်း/ပြည်နှင်ဒဏ်ပေးခြင်း

ကျွန်ုပ်၏သူငယ်ချင်း/မိသားစုဝင်တစ်ဦးအား ပြည်နှင်ဒဏ်ပေးခြင်း ခံရပါက ကျွန်ုပ်ဘာလုပ်သင့်သနည်း။

K
C

ကျေးဇူးပြု၍ ယူအင်အိပ်ချ်စီအာရ် ဖမ်းဆီးထိန်းသိမ်းခြင်းအစီရင်ခံစာ ကိုအသုံးပြု၍ သို့မဟုတ် အဖမ်းအဆီးဆိုင်ရာဖုန်းကိုခေါ်ဆို၍ချက်ချင်းအကြောင်းကြားပါ။

တစ်ဦးချင်း(များ)၏ အမည်နှင့် ယူအင်အိပ်ချ်စီအာရ် ဖိုင်နံပါတ်၊ နေရပ်ပြန်ပို့မည့်ရက်စွဲ၊ လက်ရှိထိန်းသိမ်းထားရာနေရာ၊ လက်ရှိကိုယ်ထည်နံပါတ်၊ လေယာဉ်လက်မှတ်များ ဝယ်ယူထားခြင်းရှိမရှိ၊အဖမ်းခံရသူမှ နေရပ်ပြန်ရန်သဘောတူညီမှုရှိမရှိ၊ စသည်သတင်းအချက်များကိုပေးပို့ပါ။