တီအန်ဂျီ အီးဝေလက်(TNG eWallet) နှင့် ယူအင်အိပ်ချ်စီအာရ်တို့သည် မလေးရှားနိုင်ငံရှိ ဒုက္ခသည်များအတွက် ငွေကြေးအရောင်းအဝယ် တိုးမြှင့်ရန် ကမ္ဘာ့ဒုက္ခသည်များနေ့တွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း။

Monday / 24 June 2024

တီအန်ဂျီ အီးဝေလက်(TNG eWallet) ၏ အော်ပရေတာဖြစ်သော တီအန်ဂျီ ဒီဂျစ်ဒယ်ကုမ္ပဏီ (TNG Digital) သည် ဒုက္ခသည်များနှင့် ခိုလှုံခွင့်ရှာဖွေသူများအတွက် ငွေကြေးဆိုင်ရာ ကွာဟချက်အား ပေါင်းကူးပေးရန် ယူအင်အိပ်ချ်စီအာရ် နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ကမ္ဘာ့ဒုက္ခသည်များနေ့တွင် ပူးတွဲကြေငြာခဲ့သည့် ပူးပေါင်းဆောင်ရွက်မှု အထိမ်းအမှတ် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပါသည်။ ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းသူများထံ ဝန်ဆောင်မှုများ ဖြန့်ကျက်ခြင်းကို ၂၀၂၄ ခုနှစ် နောက်ဆုံးသုံးလပတ်တွင် စတင်လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ရသည်။

[Photo from left to right] ယူအင်အိပ်ချ်စီအာရ် ၏ ငှာနေကိုယ်စားလှယ် Thomas Albrecht နှင့်၊ ဒီအန်ဂျီ ဒီဂျီဒယ်(TNG Digital) ၏ အမှုဆောင်အရာရှိချုပ် Alan Ni တို့ ပါ၀င် သည့် တီအန်ဂျီ ဒီဂျစ်ဒယ်ကုမ္ပဏီ နှင့် ယူအင်အိပ်ချ်စီအာရ် တို့သည် မလေးရှားရှိ ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများကြား ငွေကြေးကွာဟမှုကို ကိုင်တွယ်ဖြေရှင်းရာတွင် ပူးပေါင်းပါဝင်ရန် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။

ဒီအန်ဂျီ ဒီဂျီဒယ်(TNG Digital) သည် အထူးသဖြင့် ဒုက္ခသည်များနှင့် ခိုလှုံခွင့်ရှာဖွေသူများ အားလုံးအတွက် ငွေကြေးဆိုင်ရာ ပါ၀င်မှုအား မြှင့်တင်ရန် ကတိပြုထားပြီး ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများသည် တည်ငြိမ်၍ ဖူလုံသောလူမှုဘဝများ တည်ဆောက်ရန် လိုအပ်သော ငွေကြေးကိရိယာများဖြင့် ဒုက္ခသည်အသိုင်းအဝိုင်းများကို ခွန်အားဖြစ်စေရန် ရည်ရွယ်ပါသည်။

ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများအတွက် မလေးရှားနိုင်ငံတွင် မရှိမဖြစ်လိုအပ်သော ငွေကြေးဝန်ဆောင်မှုများ ရရှိရေးမှာ စိန်ခေါ်မှုတစ်ခုအဖြစ် ရှိနေသေးသည်။ ယူအင်အိပ်ချ်စီအာရ် မှ ငွေကြေးဝန်ဆောင်မှုများ ရယူရာတွင် ဒုက္ခသည်များ ကြုံတွေ့နေရသော ကန့်သတ်ချက်များကို မီးမောင်းထိုးပြပြီး ၎င်းသည် ဒုက္ခသည်များအတွက် အကာအကွယ်နှင့် ရေရှည်ဖြေရှင်းချက်ရရှိရေး၏ အဓိကသော့ချက်ဖြစ်သည်။

ဤပူးပေါင်းဆောင်ရွက်မှုသည် ဒုက္ခသည်များနှင့် အိမ်ရှင်အသိုက်အဝန်းအတွက် အကျိုးရှိနိုင်သည့် ဒုက္ခသည်များနှင့် ခိုလှုံခွင့်ရှာဖွေသူများအတွက် အလွန်အရေးကြီးသော ဘဏ္ဍာရေးဝန်ဆောင်မှုများကို သုံးစွဲခွင့်ရရှိရန် ရည်မှန်းထားသည်။

ဒီအန်ဂျီ ဒီဂျီဒယ်(TNG Digital) အကြောင်းပိုမိုလေ့လာရန်၊ ၎င်းတို့၏ဝဘ်ဆိုဒ်ကို ဤနေရာတွင်ဝင်ရောက်ကြည့်ရှုပါ။





Share