မလေးရှားအစိုးရသည် ကိုဗစ်-၁၉ ဖြစ်ပွားမှု ထိန်းချုပ်ရန်အတွက် လည်ပတ်ဆောင်ရွက် မှု ကန့်သတ်သည့် အမိန့်အား ဧပြီလ ၁၄ရက် ၂၀၂၀ခုနှစ်အထိ သက်တမ်းတိုးလိုက်ပြီဖြစ် သည်။ အစိုးရ၏ လက်ရှိ စီမံချက်အားလုံးသည် ဧပြီလ ၁၄ရက် ၂၀၂၀ခုနှစ်အထိ ဆက်လက်တည်ရှိမည် ဖြစ်ပါသည်။
ယူအန်အိတ်ချ်စီအာအနေဖြင့် ရက်ချိန်းများအားလုံးကို ဆက်လက် ရပ်ဆိုင်းမည်ဖြစ်ပြီး ကိုဗစ်-၁၉နှင့်သက်ဆိုင်သော မေးမြန်းစုံစမ်းမှုများကို ကိုဗစ်-၁၉ တုန့်ပြန်ဆောင်ရွက်ရေး အရေးပေါ်ဖုန်းလိုင်းများမှတဆင့် ဆက်လက် မေးမြန်းနိုင်မည် ဖြစ်ပါသည်။ နောက်ဆုံးရ အချက်အလက်များအတွက် ကျေးဇူးပြု၍ refugeemalaysia.org တွင် ပုံမှန် စစ်ဆေးပါ။
ယူအန်အိတ်ချ်စီအာအနေဖြင့် ဤကာလအတွင်း ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများကို တတ်နိုင်သမျှ ပံ့ပိုးကူညီရန် အစိုးရ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ရပ်ရွာလူထု အခြေပြုအဖွဲ့အစည်းများနှင့်အတူ လက်တွဲ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ဘာသာစကား | 7am-12pm | 12pm-5pm | 5pm-10pm |
မြန်မာ / ချင်း | 012-221 6397 | 017-614 3557 017-614 3490 | 017-614 3725 |
ရိုဟင်ဂျာ | 017-614 3767 | 017-614 3902 012-213 2520 | 017-614 3534 012-213 2520 |
ပါရှန် | 017-614 3756 | 017-614 3884 | 017-614 3800 |
တမီးလ် | 017-614 3782 | 017-614 3847 | 017-614 3847 |
အူရဒူ | 017-614 3784 | 017-614 3861 | 017-614 3742 |
အာရပ် / ဆိုမာလီ | 017-614 3790 | 017-614 3860 | 012-697 1011 |