ကိုဗစ်-၁၉
ကိုရိုးနားဗိုင်းရပ်စ်ရောဂါ (ကိုဗစ်-၁၉)သည် အသစ်ရှာဖွေတွေ့ရှိသည့် ကိုရိုးနားဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသော ကူးစက်ရောဂါတစ်မျိုး ဖြစ်သည်။
ကိုဗစ်-၁၉ ကူးစက်ခံရသူအများစုသည် အသင့်အတင့်မှ အလယ်အလတ်ရှိသော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါခံစားရပြီး အထူးတလည် ဆေးကုသစရာမလိုအပ်ဘဲ ပြန်လည်ကျန်းမာလာကြမည်ဖြစ်သည်။ အသက်အရွယ်ပိုကြီးသူများနှင့် နှလုံးသွေးကြောနှင့်ဆိုင်သောရောဂါ၊ ဆီးချို၊ နာတာရှည် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါနှင့် ကင်ဆာစသည့် ဆေးဘက်ဆိုင်ရာ အခြေအနေရှိသူများသည် ပြင်းထန်သော ဖျားနာမှု ပို၍ ဖြစ်နိုင်ပါသည်။
ကူးစက်ပျံ့နှံ့မှုနှေးကွေးစေရန်နှင့် ကာကွယ်ရန် အကောင်းဆုံးနည်လမ်းမှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ်နှင့်ပါတ်သက်ပြီး ရောဂါဖြစ်ပေါ်လာပုံနှင့် မည်ကဲ့သို့ ပျံ့နှံ့ကြောင်း အသိပညာပေးရမည် ဖြစ်သည်။ သင်၏ မျက်နှာကို မထိစေဘဲ အရက်ပျံပါသော ပိတ်စကို အသုံးပြုခြင်း သို့မဟုတ် လက်များကို မကြာခဏ ဆေးကြောခြင်းဖြင့် အခြားသူများနှင့် မိမိကိုယ်ကိုကိုယ် ကူးစက်မှုမှ ကာကွယ်ပါ။
ရောဂါပိုးကူးစက်ခံရသူတစ်ဦးသည် ချောင်းဆိုး သို့မဟုတ် နှာချေချိန်တွင် နှာခေါင်းမှ ထွက်လာသော အရာ သို့မဟုတ် တံတွေးစက်တို့မှတဆင့် ကိုဗစ်-၁၉ ဗိုင်းရပ်စ်သည် အခြေခံအားဖြင့် ကူးစက်ပျံ့နှံ့သည့်အတွက် သင်သည်လည်း အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျင့်ဝတ်များကို ကျင့်သုံးရန် အရေးကြီးပါသည်။ (ဥပမာအားဖြင့် တံတောင်ဆစ်ကွေး အတွင်းသို့ ချောင်းဆိုးခြင်း)။
အရင်းအမြစ် – WHO
ကာကွယ်ခြင်း
ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုနှေးကွေးစေရန်နှင့် ကာကွယ်ရန် အောက်ပါတို့ကို ပြုလုပ်ပါ။
- သင်၏ လက်များကို ရေနှင့် ဆပ်ပြာဖြင့် ပုံမှန် ဆေးကြောပါ သို့မဟုတ် ၎င်းတို့ကို အရက်ပျံပါသော ပိတ်စဖြင့် သန့်ရှင်းပါ။
- ချောင်းဆိုး သို့မဟုတ် နှာချေနေသူများနှင့် အနည်းဆုံး တစ်မီတာ အကွာအဝေးတွင် နေပါ။
- သင်၏ မျက်နှာကို ထိတွေ့ခြင်းမှ ရှောင်ကျဉ်ပါ။
- ချောင်းဆိုး သို့မဟုတ် နှာချေနေစဉ် သင်၏ ပါးစပ်နှင့် နှာခေါင်းတို့ကို ဖုံးအုပ်ထားပါ။
- အကယ်၍ သင်သည် နေထိုင်မကောင်းပါက အိမ်၌ နေပါ။
- အဆုတ်ကို အားနည်းစေသော အပြုအမူများနှင့် ဆေးလိပ်သောက်ခြင်းတို့ကို ရှောင်ကျဉ်ပါ။
- လူအများအပြားနှင့် ဝေးဝေးနေခြင်း၊ မလိုဘဲ ခရီးသွားခြင်းကို ရှောင်ကျဉ်ခြင်းဖြင့် ရုပ်ပိုင်းဆိုင်ရာ ခပ်ခွာခွာနေထိုင်ကြပါ။
အရင်းအမြစ် – WHO
ရောဂါလက္ခဏာများ
ကိုဗစ်-၁၉ သည် မတူညီသောနည်းလမ်းဖြင့် လူမျိုးမျိုးကို ကူးစက်သည်။ ကူးစက်ခံရသူအများစုသည် အနည်းအကျဉ်းမှ အလယ်အလတ်ရှိသော ဖျားနာမှုကို ခံစားရမည်ဖြစ်ပြီး ဆေးရုံတက်စရာ မလိုအပ်ဘဲ ပြန်လည်ကျန်းမာလာမည် ဖြစ်သည်။
အများဆုံး ရောဂါလက္ခဏာများ –
- ဖျားနာခြင်း။
- ချောင်းခြောက်ဆိုးခြင်း။
- မောပန်းနွမ်းနွယ်ခြင်း
အနည်းဆုံး ရောဂါလက္ခဏာများ –
- ကိုက်ခဲခြင်းနှင့် နာကျင်ခြင်း။
- လည်ချောင်းနာခြင်း။
- ဝမ်းလျှောခြင်း။
- မျက်စိနာခြင်း။
- ခေါင်းကိုက်ခြင်း။
- အရသာပျက်ခြင်း သို့မဟုတ် အနံ့ပျောက်ခြင်း။
- အရေပြားပေါ်တွင် အဖုအပိန့်များ သို့မဟုတ် လက်ချောင်းများ သို့မဟုတ် ခြေချောင်းများ၏ အရောင် ပြောင်းသွားခြင်း။
ပြင်းထန်သော ရောဂါလက္ခဏာများ –
- အသက်ရှုရ ခက်ခဲခြင်း သို့မဟုတ် အသက်ရှု မဝခြင်း
- ရင်ဘတ်အောင့်ခြင်း သို့မဟုတ် ဖိစီးခြင်း
- စကားမပြောနိုင်ခြင်း သို့မဟုတ် မလှုပ်ရှားနိုင်ခြင်း။
အကယ်၍ သင်သည် ပြင်းထန်သော ရောဂါလက္ခဏာများ ခံစားရပါက ကျန်းမာရေးစောင့်ရှောက်မှု ချက်ခြင်းခံယူပါ။ သင်၏ ဆရာဝန် သို့မဟုတ် ကျန်းမာရေးဌာနသို့ မသွားမီ ဖုန်းအရင်ဆက်ပါ။
ရောဂါလက္ခဏာ အနည်းအငယ်ခံစားရသူများသည် တနည်းအားဖြင့် နေထိုင်ကောင်းနေပါက အိမ်၌သာ ကုသသင့်သည်။
ပျမ်းမျှအားဖြင့် ဗိုင်းရပ်စ်ကူးစက်ခံရသူသည် ရောဂါလက္ခဏာပြရန် ၅ရက်မှ ၆ရက်ထိ ကြာသော်လည်း ၁၄ရက်ထိ ကြာနိုင်ပါသည်။
အရင်းအမြစ် – WHO
သင်ဟာ ကိုဗစ်-၁၉ ရောဂါဖြစ်ပြီး အိမ်မှာနေတာလား ?
- အိမ်ထဲရှိ အခြားအိမ်သားများနှင့် ခွဲခြားထားသောအခန်း၌ နေပါ။ အခန်းထဲမှာ ကိုယ်ပိုင်အိမ်သာရှိရင် ပိုမိုသင့်တော်ပါသည်။
- ရောဂါလက္ခဏာများအတွက် သင့်ကိုယ်သင် နေ့စဉ် စောင့်ကြည့်မှတ်သားပါ။ သင်၏ရောဂါလက္ခဏာများ ပိုမိုဆိုးရွားလာပါက ၉၉၉ ကိုခေါ်ပါ (အသက်ရှူရခက်ခဲခြင်းနှင့်အဖျားတက်ခြင်း)။
- အကယ်၍ သင့်အိမ်သာကို ဝေမျှသုံးရမည် ဆိုပါက၊ အသုံးပြုပြီးတိုင်း အိမ်သာကို သန့်ရှင်းရေးပြုလုပ်ပြီး ပိုးသတ်ပါ။
- သင်၏ လက်များကို ရေနှင့် ဆပ်ပြာဖြင့် မကြာခန ဆေးကြောပါ သို့မဟုတ် လက်သန့်ဆေးရည်ကို သုံးပါ။
- နှာခေါင်းစည်းတပ်ပါ၊ အိမ်မှအခြား အိမ်သားများနှင့် ၁-၂ မီတာ အကွာအဝေးတွင် နေရန် သေချာပါစေ။
အရင်းအမြစ်- Ministry of Health Malaysia
ကာကွယ်ဆေးထိုးခြင်း
ကျွန်ုပ်တို့အားလုံးသည် ကမ္ဘာလုံးဆိုင်ရာ အသိုင်းအဝန်းတစ်ခုလုံးအနေဖြင့် လူတိုင်းကို ပါ၀င်စေပြီး အကာအကွယ်ပေးမှသာလျှင် လုံခြုံမှုရှိနိုင်သည်ကို ကိုဗစ်-၁၉ ကပ်ရောဂါက သက်သေပြပြီး ဖြစ်သည်။ ကာကွယ်ဆေးသည် နည်းလမ်းများစွာအနက် တစ်ခုဖြစ်ပြီး ကပ်ရောဂါကို ထိန်းသိမ်းနိုင်ရန် ကူညီပေးနိုင်သည်။ ကာကွယ်ဆေးသည် သင်နှင့် သင်ချစ်မြတ်နိုးရသောသူများကို ကိုဗစ်-၁၉ ကူးစက်ခြင်းကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲ ဆိုးကျိုးများ မဖြစ်ပေါ်လာအောင် ကာကွယ်လုပ်ဆောင်ပေးသည်။
ကိုဗစ်-၁၉ ကြောင့် သက်ကြီးရွယ်အိုများနှင့် သွေးပေါင်ချိန်တက်ခြင်း၊ ဆီးချို၊ အဆုတ်ရောဂါများစသည့် ဆေးဘက်ဆိုင်ရာ အခြေအနေများရှိသူများသည် အထူးသဖြင့် ပြင်းထန် ရှုပ်ထွေးသော နောက်ဆက်တွဲ ဆိုးကျိုးများကို ဖြစ်ပေါ်စေသည်။ ယင်းအတွက်ကြောင့် လူတိုင်းကို ကာကွယ်ဆေးထိုးရန် လေးနက်စွာ တိုက်တွန်းလိုပါသည်။ ကိုဗစ်-၁၉ ကာကွယ်ဆေး အခမဲ့ထိုးရန် သင့်အနီးဆုံး ကျန်းမာရေးဌာနသို့ သွားရောက်ပါ။