အာဖဂန်နစ္စတန်တွင် မကြာသေးမီက ဖြစ်ပေါ်တိုးတက်မှုများနှင့်အတူ အာဖဂန်ဒုက္ခသည်များအတွက် ပြန်လည်နေရာချထားရေးအခွင့်အလမ်းများ တိုးမြှင့်ပေးမည်ဟု ပြည်နယ်များစွာ၏ ကြေငြာချက်များကြောင့် ယူအန်အိတ်ချ်စီအာသည် အာဖဂန်နစ္စတန်မှ စုံစမ်းမေးမြန်းမှုများစွာကို လက်ခံရရှိနေပါသည်။
သတ်မှတ်ထားသည့် ပြန်လည်နေရာချထားရေးဆိုင်ရာ စံသတ်မှတ်ချက်နှင့် လုပ်ငန်းစဉ်များအရ ယူအန်အိတ်ချ်စီအာသည် ပြန်လည်နေရာချထားရေးအတွက် အာဖဂန်ဒုက္ခသည်များအပါအဝင် ဒုက္ခသည်များအားလုံးကို ဆက်လက်ထည့်သွင်းစဉ်းစားမည်ဖြစ်ကြောင်း ကျေးဇူးပြု၍ မှတ်သားထားပါ။
- ပြန်လည်နေရာချထားရေးသည် အခွင့်အရေးတစ်ခု မဟုတ်ပါ။ ယူအန်အိတ်ချ်စီအာမှ မှတ်ပုံတင်ခြင်းနှင့်/ သို့မဟုတ် ဒုက္ခသည်အဆင့်သတ်မှတ်ပေးခြင်းသည် ပြန်လည်နေရာချထားရေးအတွက် တစ်ဦးတစ်ယောက်အား ရည်ညွှန်းပေးမည်ဟု မဆိုလိုပါ။
- ပြန်လည်နေရာချထားရေးသည် အကူအညီများစွာလိုအပ်နေသော ဒုက္ခသည်များအတွက် အကာအကွယ်ပေးသော ကိရိယာတစ်ခုဖြစ်နေဆဲဖြစ်သည်။ ဖြစ်နိုင်ချေရှိသောပြန်လည်နေရာချထားရေးဆိုင်ရာ အမှုတွဲများကို စီစစ်ရာတွင် တစ်ဦး ချင်းစီ၏ လုံခြုံရေးဆိုင်ရာလိုအပ်ချက်များအပေါ်တွင် ဆက်လက်၍ မူတည်သည်။
- ပြန်လည်နေရာချထားရေးအတွက် အမှုတွဲတစ်ခုကို တင်သွင်းပေးရန် စဉ်းစားရာတွင် ပြန်လည်နေရာချထားရေး နေရာများရရှိမှု၊ လက်ခံပေးသော တိုင်းပြည်၏ အခန်းကဏ္ဍ၊ လုံခြုံရေးဆိုင်ရာ အခြေအနေများနှင့် တစ်ဦးချင်း ကာကွယ်မှုလိုအပ်ချက်များအပါအဝင် အချက်များစွာပေါ်တွင် မူတည်သည်။
အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ယူအန်အိတ်ချ်စီအာ၏ ပြန်လည်နေရာချထားရေးအစီအစဉ်နှင့် ထူးထူးခြားခြားကွဲပြားပြီး ပြည်နယ်အချို့သည် ထိုနိုင်ငံများနှင့် အလုပ်လုပ်ဖူးသော အာဖဂန်လူမျိုးများအတွက် အထူးနေရာပြောင်းရွှေ့မှုအစီအစဉ်များကို မကြာသေးမီက ကြေငြာခဲ့ပြီးဖြစ်သည်။ ဤအစီအစဉ်များကို ထိုပြည်နယ်များမှ စတင်အကောင်အထည်ဖော်ခဲ့ပြီး ယူအန်အိတ်ချ်စီအာသည် လူများအား ဤအစီအစဉ်များကို ရည်ညွန်းခြင်းမရှိပါ။ အသေးစိတ်အချက်အလက်များအတွက် ကျေးဇူးပြု၍ ထိုပြည်နယ်များ (သို့မဟုတ်) နေရာပြောင်းရွှေ့ခြင်းအစီအစဉ်များမှ တိုက်ရိုက်ပံ့ပိုးပေးထားသည့် သတင်းအချက်အလက်များကို ကြည့်ပါ။
ဤအစီအစဥ်များ၏ အချို့သောအသေးစိတ်အချက်အလက်ကို အောက်တွင်ဖော်ပြထားသော ပြည်နယ်၏ ဝက်ဘ်ဆိုက်များတွင် တွေ့ရှိနိုင်ပါသည်။
အမေရိကန်ပြည်ထောင်စု
အမေရိကန်သည် အမေရိကန်အစိုးရ၊ စစ်တပ်၊ NGO များ၊ သို့မဟုတ် မီဒီယာများနှင့် အလုပ်လုပ်ခဲ့သည့် သို့မဟုတ် ပါတ်သက်ဖူးသည့် အာဖဂန်လူမျိုးများအတွက် အခွင့်အလမ်းများကို မကြာသေးမီက ကြေငြာခဲ့ပြီးဖြစ်ပါသည်။ အသေးစိတ်အတွက်အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာနမှ အောက်ပါဆိုက်များသို့ သွားပါ။
- Special Immigrant Visa (SIV) for Afghans employed by or on behalf of the US Government.
- Special Immigrant Visa (SIV) for Afghans who worked as translators/interpreters for US military forces.
- US Refugee Assistance Program (USRAP) Priority 2 Program.
ကနေဒါ
ယခုလက်ရှိ သို့မဟုတ် ကနေဒါသံရုံးတွင် အလုပ်လုပ်နေသော၊ ကနေဒါစစ်တပ်နှင့် ဒေသခံဝန်ထမ်းများအတွက် စကားပြန်လုပ်ပေးနေသူများအပါအဝင် “ကနေဒါအစိုးရနှင့် အဆက်မပြတ်အဆက်အသွယ်ရှိသော အာဖဂန်နိုင်ငံသားများ” အတွက် ကနေဒါနိုင်ငံသားအစီအစဉ်သည် အကျုံးဝင်ပါသည်။ နောက်ထပ်သတင်းအချက်အလက်များအတွက်အောက်ပါ ဝက်ဘ်ဆိုက်သို့ သွားပါ။
ဗြိတိန်
ဗြိတိန်သည် အာဖဂန်နစ္စတန်တွင် လက်ရှိနှင့် ယခင် ပြည်တွင်း၀န်ထမ်းများအတွက် အစီအစဉ်နှစ်ခုကို ပြဌာန်းထားပြီး ဖြစ်သည်။ နောက်ထပ်သတင်းအချက်အလက်များအတွက်အောက်ပါ ဝက်ဘ်ဆိုက်သို့ သွားပါ။
ယူအန်အိတ်ချ်စီအာသည် နိုင်ငံတော်မှ ပံ့ပိုးပေးသောအစီအစဉ်များကို သိရှိပြီးဖြစ်သောကြောင့် နောက်ဆုံးရသတင်းများကို ဆက်လက်၍ ပံ့ပိုးပေးမည်ဖြစ်သည်။
အရေးကြီး – ယူအန်အိတ်ချ်စီအာ၏ ဝန်ဆောင်မှုအားလုံးသည် အခမဲ့ဖြစ်သည်။
ပြန်လည်နေရာချထားရေးအပါအဝင် ယူအန်အိတ်ချ်စီအာ(သို့မဟုတ်) ၎င်း၏ မိတ်ဖက်များမှ ပံ့ပိုးပေးသည့် ဝန်ဆောင်မှုများနှင့် အကူအညီများအတွက် အခကြေးငွေပေးရန်တောင်းဆိုသော မည်သည့် အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်ကိုမှ မယုံပါနှင့်။ ယူအန်အိတ်ချ်စီအာ၏ ဝန်ဆောင်မှုများအတွက် အပြန်အလှန်အားဖြင့် လိင်ပိုင်းဆိုင်ရာ အပြုအမူများအပါအဝင် အခြားသောအကူအညီများ သို့မဟုတ် အခကြေးငွေပေးရန် တောင်းဆိုလာပါက ၎င်းကို ယူအန်အိတ်ချ်စီအာသို့ ချက်ခြင်းတိုင်ကြားပါ။
အီးမေးလ်
- UNHCR Kuala Lumpur: mlslufrd@unhcr.org
- Inspector General’s Office (IGO): inspector@unhcr.org
အစီရင်ခံစာများ/ တိုင်ကြားမှုများအားလုံးကို လျှို့ဝှက်ထားမည်ဖြစ်သည်။
(လိမ်လည်မှုနှင့် အဂတိလိုက်စားမှု)အတွက် အွန်လိုင်းမှ တိုင်ကြားရန် ဤနေရာတွင်လည်း နှိပ်နိုင်သည်။