ကွာလာလမ်ပူ – မလေးရှားနိုင်ငံတွင်းရှိ လုပ်ငန်းများလည်ပတ်နေသော ယူအန်အိတ်ခ်ျစီအာ သည် ယူအန်အိတ်ခ်ျစီအာ နိုင်ငံတကာ ကာကွယ်ရေးဌာနခွဲ ဒါရိုက်တာ အဲလီဇာဘက်သ် သန်း (Elizabeth Tan) ၏ ယခုလအစောပိုင်းတွင် သူမ၏ အာရှပစိဖိတ်ဒေသဆိုင်ရာ မစ်ရှင်၏ တစ်စိတ်တစ်ပိုင်းအဖြစ် လာရောက်လည်ပတ်မှုအား ကြိုဆိုခဲ့သည်။
သူမခရီးစဉ်၏ ရည်ရွယ်ချက်မှာ ဒုက္ခသည် အသိုင်းအဝိုင်းများ၊ အဓိက အစိုးရ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့စဉ်အတွင်း မလေးရှားရှိ ရှုပ်ထွေးနေသော ကာကွယ်စောင့်ရှောက်ရေး ပတ်၀န်းကျင်အား လေ့လာနားလည်သဘောပေါက်ရန်ဖြစ်သည်။
သန်းသည် သူမ၏ခရီးစဉ်အတွင်း အစည်းအဝေးများစွာ ဆက်တိုက်တက်ရောက်ခဲ့ရာမှ မလေးရှားနိုင်ငံရှိ ဝန်ကြီးဌာနအသီးသီးမှ အကြီးတန်းအရာရှိများ၏ နွေးထွေးစွာ လက်ခံတွေ့ဆုံမှု ရရှိခဲ့ပါသည်။ ပြည်ထဲရေးဝန်ကြီးဌာန၏ ဒုတိယအထွေထွေအတွင်းရေးမှူး (လုံခြုံရေး) ဒါသို ဟာဂျီအပ်ဒိုဟာလင်မ်ဘီဟာဂျီရမန် ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဘက်စုံရေးရာဌာန ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် ဒါသို ချဲအုန်လွန်လိုင် ၊ အမျိုးသားလုံခြုံရေးကောင်စီ ဒုတိယညွှန်ကြားရေးမှူးချုပ် ဟမ်ဇဘင်အိုင်စပ် တို့သည် အစည်းဝေးတွင် တက်ရောက်ခဲ့ကြသည်။
ဤတွေ့ဆုံမှုအတွင်း ယူအန်အိတ်ဂ်ျစီအာ နှင့် မလေးရှားအစိုးရတို့သည် နိုင်ငံအတွင်း ဒုက္ခသည်များ ကာကွယ်ရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များ၊ ဒုက္ခသည် အကာအကွယ်ပေးရေး စီမံခန့်ခွဲမှုဆိုင်ရာ ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး လမ်းကြောင်းများအတွက် ဆွေးနွေးခဲ့ကြသည်။ မလေးရှားအစိုးရနှင့် ယူအန်အိတ်ဂ်ျစီအာသည် နိုင်ငံတွင်း ဒုက္ခသည်များ ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်ရန် ၎င်းတို့၏ ကတိကဝတ်များကို ထပ်လောင်းပြောကြားခဲ့သည်။
သန်းသည် မလေးရှားရှိ အမျိုးသမီးအဖွဲ့စည်းမှ ရင်ဆိုင်နေရသော စိန်ခေါ်မှုများနှင့် စိုးရိမ်ပူပန်မှုများ၊ ၎င်းတို့၏ အဖွဲ့စည်းအတွက် လုပ်ပိုင်ခွင့်အာဏာပေးရေး၊ အားကောင်းရန်နှင့် ပံ့ပိုးကူညီပေးသော ခေါင်းဆောင်များ၏ ကြိုးပမ်းမှုများ ပိုမိုကောင်းမွန်စွာ နားလည်သဘောပေါက်ရန် ဒုက္ခသည် အမျိုးသမီးများ၏ ဗဟိုအဖွဲ့စည်းခေါင်းဆောင်များနှင့်လည်း တွေ့ဆုံခဲ့သည်။
သန်းသည်၂၀၂၂ ခုနှစ် ဇွန်လတွင် ယူအန်အိတ်ဂ်ျစီအာ ၏ နိုင်ငံတကာ အကာအကွယ်ပေးရေးဌာနခွဲ၏ ဒါရိုက်တာအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ သူမသည် ၁၉၉၅ ခုနှစ်တွင် ယူအန်အိတ်ဂ်ျစီအာသို့ ဝင်ရောက်ခဲ့ပြီး ဘူရွန်ဒီ၊ ဆူဒန်၊ သီရိလင်္ကာ၊ အီဂျစ်နှင့် ဂျီနီဗာရှိ ယူအန်အိတ်ဂ်ျစီအာ ရုံးချုပ်၊ အာဖရိကရုံးချုပ်တို့အပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ လုပ်ငန်းမျိုးစုံတွင် လုပ်ကိုင်ခဲ့ဖူးသူ၊ ကာကွယ်ရေး၊ မူဝါဒနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ရာထူးများစွာဖြင့်လည်း တာဝန်ထမ်းဆောင်ခဲ့သူတစ်ယောက်ဖြစ်သည်။