ကာတာဖွံ့ဖြိုးရေးအဖွဲ့ (Qatar Fund for Development – QFFD) မှ ငွေကြေးအထောက်အပံ့ဖြင့် ပြုလုပ်ထားသည့် အောက်ဖော်ပြပါ တည်နေရာအမြဲရှိနှင့် ရွှေ့ပြောင်း ဆေးခန်းများအား၊ ၂၀၂၅ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်ပြီး နောက်ထပ်အသိပေးခြင်းရှိသည်အထိ ယာယီပိတ်ထားမည်ဖြစ်ကြောင်း ဤအကြောင်းကြားလွှာအား ဝမ်းနည်းစွာဖြင့် အသိပေးအပ်ပါသည်။
သက်ရောက်မှုရှိသော ဆေးခန်းများမှာ –
- QFFD–IMARET ဆေးခန်း၊ ဆလာယန်၊ ဆယ်လန်ဂေါး
- QFFD–IMARET ဆေးခန်း၊ ကိုတတင်းဂျီမြို့၊ ဂျိုဟိုးပြည်နယ်
- QFFD–MRA ဆေးခန်း၊ စုင်ဂိုင်ပတ်တာနီမြို့၊ ကဒါးပြည်နယ်
- QFFD–MRA ရွှေ့ပြောင်းဆေးခန်း၊ ကဒါးပြည်နယ်
- QFFD–MRA ရွှေ့ပြောင်းဆေးခန်း၊ ကယ်လန်တန်ပြည်နယ်
- QFFD–MRA ရွှေ့ပြောင်းဆေးခန်း၊ ဖာဟန်ပြည်နယ်
သင့်သို့မဟုတ် သင့်အိမ်သူအိမ်သား တစ်ဦးအနေဖြင့် ဆေးဘက်ဆိုင်ရာအကူအညီလိုအပ်ပါက၊ နီးစပ်ရာ အစိုးရဆေးဝါးဆိုင်ရာ အဖွဲ့အစည်းများ၊ အစိုးရဆေးရုံများ သို့မဟုတ် ကိုယ်ပိုင်ဆေးခန်းများကို ဆက်သွယ်ရန် တိုက်တွန်းအပ်ပါသည်။ ထိုဆေးဝါးဆိုင်ရာ ဝန်ဆောင်မှုများကို
ကျန်းမာရေးဝန်ဆောင်မှု
စာမျက်နှာတွင် ရှာဖွေနိုင်ပါသည်။