ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများ
သင်၏ ကျန်းမာရေးသည် အရေးကြီးပါသည်။ ယူအန်အိတ်ချ်စီအာတွင် မှတ်ပုံတင်ထားသော ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများသည် အစိုးရကျန်းမာရေးဌာနများတွင် ဆေးကုသမှုခံယူနိုင်သည်။

အခြေခံစောင့်ရှောက်မှု
အခြေခံကျန်းမာရေးစောင့်ရှောက်မှုဆိုသည်မှာ ကျန်းမာရေး ဝန်ဆောင်မှုများ၏ ကနဦး အစဖြစ်သည်။ အကယ်၍ သင်သည် နေထိုင်မကောင်းပါက ကျန်းမာရေး ပြဿနာအများစုကို ဤဆေးခန်းအဆင့်တွင် သွားရောက်ပြသနိုင်သဖြင့် အခြေခံစောင့်ရှောက်ပေးသော ဆေးခန်းသို့ ဦးစွာ သွားသင့်သည်။
အစိုးရဆေးခန်းများ – Klinik Kesihatan နှင့် ဆေးရုံများရှိ ပြင်ပလူနာဌာန (OPD)သည် အကယ်၍ သင့်တွင် ယူအန်အိတ်ချ်စီအာကဒ် သို့မဟုတ် ခိုလှုံခွင့်လျှောက်ထားဆဲစာရွက်စာတမ်းရှိလျှင် နိုင်ငံခြားသားများအတွက် သတ်မှတ်ထားသောနှုန်း၏ ၅၀% သက်သာခွင့်နှင့်အတူ အခြေခံကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ဝန်ဆောင်မှုတို့ကို ရရှိမှာဖြစ်သည်။
ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူအားလုံး NGO Clinics ဆေးခန်းများ၌ သွားပြရန် တိုက်တွန်းပါသည်။ NGO Clinics ဆေးခန်းများသည် ယူအန်အိတ်ချ်စီအာ အထောက်အထားရှိသောသူများအပြင် စာရွက်စာတမ်း မရှိသောလူနာများကိုလည်း လက်ခံမည် ဖြစ်သည်။
ပုဂ္ဂလိကဆေးခန်းများသည် ဒုက္ခသည်များအတွက် စောင့်ရှောက်မှုကို လျော့ဈေးဖြင့် ပံ့ပိုးပေးရန် သဘောတူထားပြီး ဖြစ်သည်။ ယင်းဆေးခန်းများကို ဤစာမျက်နှာပေါ်တွင်လည်း ဖော်ပြထားသည်။ မီးမဖွားမီစောင့်ရှောက်မှု (ကိုယ်ဝန်ဆောင် အမျိုးသမီးများအတွက်)၊ မိသားစုစီမံကိန်းနှင့် ပတ်သက်သော ဝန်ဆောင်မှုများ၊ ဆီးချိုနှင့် သွေးတိုးရောဂါကုသမှုများအတွက် ဤဆေးခန်းများတွင်လည်း ကုသနိုင်သည်။
Qualitas နှင့် Care Clinics ဆေးခန်းများအတွက် အကယ်၍ သင့်တွင် ယူအန်အိတ်ချ်စီအာ စာရွက်စာတမ်းမရှိပါက NGOဆီမှ စာရွက်စာတမ်း သို့မဟုတ် သက်ဆိုင်ရာ အဖွဲ့အစည်းကဒ်ကို ယူဆောင်သွားပါ။
ဤဆေးခန်းများရှိ ဆရာဝန်သည် နောက်ထပ်စောင့်ရှောက်မှုအတွက် ဆေးရုံသို့သွားရန် လိုအပ်သည်ဟု ယူဆပါက ဆေးရုံတွင် သွားရောက်ပြသရန် သင့်အတွက် လွှဲပြောင်းစာတစ်စောင်ရေးပေးမည် ဖြစ်သည်။
NGO ဆေးခန်းများနှင့် ဝန်ဆောင်မှုများ
၎င်းတို့မှာ သင်သွားရောက် ပြသနိုင်သော အန်ဂျီအို ဆေးခန်းများ၏ နာမည်များဖြစ်သည်။ လိပ်စာ၊ ဖုန်းနံပါတ်၊ အီးမေးလ်၊ ဆေးခန်းဖွင့်ချိန်များနှင့် ဝန်ဆောင်မှုများအကြောင်း ပိုမိုသိရှိရန်ခလုတ်ကိုနှိပ်ပါ။

- Jalan Pudu > Tzu-Chi Free Clinic
- ကလန်း >Tzu Chi Free Clinic
- Selayang >Tzu-Chi Mobile Clinic
- Brickfields > Health Equity Initiatives
- Brickfields > ACTS Clinic – Arrupe
- Sentul > Community Health Care Centre (CHCC) / PT Foundation
- Sentul > HOPE Worldwide Free Clinic
- Butterworth > Klinik Mewah 6
- Ampang > Klinik QFFD – MERCY Malaysia
- Kajang > Klinik QFFD – MERCY Malaysia
- Selayang > Klinik QFFD – IMARET
- Kota Tinggi > Klinik QFFD – IMARET
- Sg Petani > Klinik QFFD – MRA
- Seri Kembangan > Klinik Amal Muhajir
- Subang Jaya > Klinik Kecheerian
မလေးရှားနိုင်ငံတွင်ရှိသော ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ
အောက်ပါတို့မှာ မလေးရှား ကျွန်းဆွယ်တွင် သင်သွားနိုင်သော ကျန်းမာရေးအထောက်အကူပြု နေရာများဖြစ်သည်။
အလယ်တန်း ကျန်းမာရေးစောင့်ရှောက်မှု
သင်၏ ကျန်းမာရေးအခြေအနေသည် ပိုမိုဆိုးရွားလာပါက သင့်အား ဆေးရုံရှိ အထူးကုဆရာ၀န်နှင့်တွေ့ရန် သို့မဟုတ် နောက်ထပ်စောင့်ရှောက်မှုအတွက် ဆေးရုံတက်ရန် ထုတ်ဖော်ပြောဆိုပါလိမ့်မည်။
သင့်တွင် ယူအန်အိတ်ချ်စီအာ ဒုက္ခသည်ကဒ် သို့မဟုတ် ခိုလှုံခွင့်တောင်းခံစာရှိပါက အစိုးရဆေးရုံများသည် နိုင်ငံခြားသားများအတွက် သတ်မှတ်ထားသော နှုန်း၏ ၅၀% သက်သာခွင့်ကို ရရှိမည် ဖြစ်သည်။
ဆေးရုံစောင့်ရှောက်မှုသည် စျေးကြီးနိုင်ပြီး ယူအန်အိတ်ချ်စီအာအနေဖြင့် ကူညီရန် ရံပုံငွေအနည်းအငယ်သာ ရှိပါသည်။
ဆေးကုသမှုနှင့် ခွဲစိတ်ကုသမှုများအတွက် ဆေးရုံတက်ရန်အကူအညီများကို UNHCR ၏ မိတ်ဖက်အဖွဲ့အစည်း IMARET (Islamic Medical Association of Malaysia Response and Relief Team)သို့ တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။
အောက်ဖော်ပြပါ ဆက်သွယ်ရေးလိုင်းများသို့ သက်ဆိုင်ရာ စာရွက်စာတမ်းများနှင့်အတူ သင်၏တောင်းဆိုမှုများကို ကျေးဇူးပြု၍ ပေးပို့ပါ။
အီးမေးလ် : referralunhcr.imaret@gmail.com
အရေးပေါ်လိုင်း / WhatsApp:
1. 017-6085803
2. 017-6085814
3. 017-6085823
အတည်ပြုချက် တောင်းခံလွှာများကို ယူအန်အိတ်ချ်စီအာ၏ အမှုတွဲလွှဲပေးခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုလမ်းညွှန်ချက်များဖြင့် ကျန်းမာရေး အမှုတွဲလွှဲပေးခြင်းဆိုင်ရာကော်မတီမှ ပူးတွဲ ဆုံးဖြတ်သည်။
ဤကော်မတီတွင် ယူအန်အိတ်ချ်စီအာနှင့် အန်ဂျီအို ၃ ခုမှ ကိုယ်စားလှယ်များပါဝင်ပြီး ဆေးဘက်ဆိုင်ရာနှင့် ဆေးဘက်ဆိုင်ရာ မဟုတ်သောပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသည်။
မှတ်ချက် – ကျောက်ကပ်ပျက်စီးခြင်းအတွက် ကျောက်ကပ်ဆေးကြောရန် လိုအပ်သော မည်သည့်ကိစ္စကိုမဆို ကျွန်ုပ်အနေဖြင့် ယခုအချိန်တွင် အကူအညီမပေးနိုင်ပါ။ နှလုံးခွဲစိတ်ကုသခြင်း၊ နှလုံးသွေးကြောဆိုင်ရာ ခွဲစိတ်ပြုပြင်ခြင်းနှင့် ကင်ဆာရောဂါများ ကုသပေးနိုင်မှုသည် ရန်ပုံငွေရရှိနိုင်မှုပေါ်တွင်လည်း မူတည်ပါသည်။