သင်၏ ကလေးကို မှတ်ပုံတင်ခြင်း

အကယ်၍ သင့်တွင် ကလေးတစ်ယောက်သာ ရှိသေးသည်ဆိုလျှင် Jabatan Pendaftaran Negara (JPN) ဟုသိကြသော အစိုးရအမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၏ မည်သည့် ဒေသန္တရရုံးတွင်မဆို ကလေးအတွက် မွေးစာရင်းကို ရယူနိုင်ပါသည်။ ကလေးမွေးပြီး ရက်ပေါင်း ၆၀ အတွင်း ဤသို့ပြုလုပ်ပါက (NRD)တွင် အခကြေးငွေပေးရန် မလိုပေ။ သို့သော် ရက်ပေါင်း ၆၀ နောက်ပိုင်းမှ ပြုလုပ်လျှင် နောက်ကျ၍ မှတ်ပုံတင်‌သည့်အတွက် ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်သည်။

အဆင့် ၁။ မွေးစာရင်းဖောင်ကို ယူပါ။

လျှောက်လွှာကို အမျိုးသားမှတ်ပုံတင်ဦးစီးဌာန(NRD) သို့မဟုတ် ကလေးမွေးဖွားသည့်ဆေးရုံတွင် ရယူပါ။

အဆင့် ၂။ အမျိုးသားမှတ်ပုံတင်ဦးစီးဌာနသို့ သွားပါ။

လိုအပ်သည့်စာရွက်စာတမ်းများ၊ ဖြည့်စွက်ပြီးသည့်ဖောင်များနှင့်အတူ အမျိုးသားမှတ်ပုံတင်ဦးစီးဌာန(NRD)သို့ သွားပါ။ အောက်ပါအချက်များ လိုအပ်မည်ဖြစ်သည်။

 

  • အထောက်အထား စာရွက်စာတမ်းများ (ယူအန်အိတ်ချ်စီအာ ကတ်များ/ အဖွဲ့အစည်းကတ်များ/ ပတ်စပို့များ) – မူရင်းနှင့် မိတ္တူများ
  • မိဘများ၏ ကွာရှင်း သို့မဟုတ် လက်ထပ်စာချုပ် (ရနိုင်ပါက) – မူရင်းနှင့် မိတ္တူ
  • ဆေးရုံမှ မွေးဖွားသည့် စာရွက်စာတမ်း အတည်ပြုခြင်း သို့မဟုတ် ကလေးအား အိမ်တွင် မွေးဖွားခဲ့ပါက ရဲမှတ်တမ်း – မူရင်း
  • ဖြည့်စွက်ပြီးသည့် မွေးစာရင်းလျှောက်လွှာဖောင် – မူရင်းနှင့် မိတ္တူ
  • ကိုယ်ဝန်ဆောင် စစ်ဆေးခြင်းစာအုပ် (သားဖွားစစ်ဆေးခြင်းစာအုပ်) – မူရင်း
  • အကယ်၍ သင်သည် လက်မထပ်ရသေးသည့် မွတ်စလင်မဟုတ်သောဇနီးမောင်နှံဖြစ်ပါက ကလေး၏ ဖခင်ဖြစ်ကြောင်း ပြောဆိုသူသည် ကလေး၏မိခင်နှင့်အတူ မွေးစာရင်းမှတ်ပုံတင်တွင် လက်မှတ်ထိုးရမည်။ တနည်းအားဖြင့် ဖခင်၏ အချက်အလက်များကို မွေးစာရင်းတွင် ထည့်သွင်းဖော်ပြလိမ့်မည် မဟုတ်ပေ။
  • နောက်ကျ မှတ်ပုံတင်ခြင်းအတွက် လိုအပ်သောစာရွက်စာတမ်းဆိုင်ရာ အချက်အလက်များသိရှိရန်အတွက် JPN ဝက်ဘ်ဆိုက်သို့ ကျေးဇူးပြု၍ သွားရောက်ဖတ်ရှုပါ။ ဘာသာပြန်ထားသော AM 80 နှင့် BMK 81 ပုံစံများကို ဤနေရာတွင် တွေ့နိုင်သည် (ကိုးကားရန်အတွက်သာ)။

သတိပေးချက်။

v

မလေးစကားပြောတက်သူ

ဖြစ်နိုင်လျှင် မလေးစကားပြောတက်သူကို အကူအညီတောင်းခံရန် ကျွန်ုပ်တို့အနေဖြင့် အကြံပြုပါသည်။

ထိန်းသိမ်းရေးစခန်းတွင် ကလေးမွေးဖွားခြင်း

အကယ်၍ ကိုယ်ဝန်ဆောင်မိခင်သည် ထိန်းသိမ်းရေးစခန်း၌ ရှိနေစဉ် ကလေးမွေးဖွားပါက မိခင်နှင့် ကလေး နှစ်ဦးစလုံးသည် လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များ၏ ထိန်းသိမ်းမှုအောက်တွင် ရှိသောကြောင့် ၎င်းထိန်းသိမ်းရေးစခန်း၏ လူ၀င်မှုကြီးကြပ်ရေးအာဏာပိုင်များသည် မွေးစာရင်း မှတ်ပုံတင်ခြင်းနှင့် ကလေး၏ မွေးစာရင်း ထောက်ခံချက်ကို ရရှိအောင် ကူညီ ဆောင်ရွက်ပေးသင့်သည်။

မှတ်ပုံတင်သော လူ/ပုဂ္ဂိုလ်

မိဘများ၊ တရားဝင်အုပ်ထိန်းသူများ သို့မဟုတ် မည်သူမဆို မွေးဖွားခြင်းနှင့်ပတ်သက်၍ အတွေ့အကြုံရှိသောသူသည် လိုအပ်သည့် စာရွက်စာတမ်းများယူဆောင်လာပါက မွေးစာရင်းမှတ်ပုံတင်နိုင်သည်။

အမျိုးသားမှတ်ပုံတင်ဦးစီးဌာန (NRD)၏ တည်နေရာ

ဤနေရာတွင်ဖော်ပြထားသော မည်သည့် NRD ရုံးကိုမဆို သွားရောက်နိုင်သည်။ အကယ်၍ သင်၏ကလေးကို ကွာလာလမ်ပူတွင် မှတ်ပုံတင်နိုင်လျှင် ဤရုံးသို့ လာရောက်ရန် တိုက်တွန်းပါသည်။

NRD/JPN Jalan Duta
Bangunan Kerajaan Jalan Duta
(Kompleks Kerajaan Tuanku Abdul Halim)
Publika Dutamas, 1, Jalan Dutamas, Solaris Dutamas
50480 Kuala Lumpur

အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန (NRD) ရုံးများ၌ မွေးစာရင်းမှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်ကို နားလည်ရန် ဤဗီဒီယိုများကို မလေးအင်္ဂလိပ်နှင့် အခြားဘာသာစကားများဖြင့် ဤနေရာတွင် ကြည့်ရှုနိုင်သည်။

 

သင်၏ ယူအန်အိတ်ချ်စီအာဖိုင်တွင် မွေးကင်းစကလေးအား စာရင်းသွင်းခြင်း

အကယ်၍ သင်သည် ယူအန်အိတ်ချ်စီအာတွင် မှတ်ပုံတင်ထားသူဖြစ်ပြီး သင့်မွေးကင်းစကလေး၏ မွေးစာရင်းနှင့်/သို့မဟုတ် အခြားထောက်ခံချက်စာရွက်စာတမ်းများကို ရရှိထားပြီးပါက မွေးစာရင်း မိတ္တူနှင့်/ သို့မဟုတ် အခြားလိုအပ်သောစာရွက်စာတမ်းများကို မိသားစု ဖွဲ့စည်းမှု ပြောင်းလဲမှုဖောင်ကိုဖြည့်စွက်ပြီး ကျေးဇူးပြု၍ အပ်လုဒ်(upload)လုပ်ပေးပါ။

ကိုဗစ်-၁၉ ဖြစ်ပွားနေသောကြောင့် ယူအန်အိတ်ချ်စီအာရုံးသည် လူကိုင်တိုင်လာရောက်ခြင်းကို လက်မခံသေးပါ။ ရက်ချိန်းမပါဘဲနှင့် ကျေးဇူးပြု၍ ရုံးသို့ မလာပါနှင့်။ မိသားစု ဖွဲ့စည်းမှု ပြောင်းလဲမှုဖောင်တွင် ဖြည့်သွင်းခြင်းဖြင့် ရက်ချိန်းတောင်းခံနိုင်ပါသည်။

ယူအန်အိတ်ချ်စီအာမှ ရက်ချိန်းအတွက် သင့်ကို ဖုန်းခေါ်ရန် ကျေးဇူးပြု၍ စောင့်ပါ သို့မဟုတ် မှတ်ပုံတင်ဌာန အရေးပေါ်ဖုန်းလိုင်း 017-614 3810 သို့ နံနက် ၈နာရီမှ ညနေ ၄နာရီအတွင်း တနင်္လာနေ့မှ သောကြာနေ့အထိ ဆက်သွယ်နိုင်ပါသည်။