ယူအန်အက်ချ်အာ မလေးရှားတွင် TikTok အကောင့်မရှိပါ။ ယူအင်အိပ်ခ်ျစီအာရ် မှတစ်ဆင့် ဖြစ်သည် ဆိုထားသော TikTok အကောင့်များအားလုံးသည် အကောင့်တုများဖြစ်ပါသည်။
ကျွန်ုပ်တို့သည်ကျွန်ုပ်တို့သည် လိမ်လည်မှုရှိသော TikTok အကောင့် @rohingya.edu2 နှင့် Facebook (Rohingya News Malaysia) accounts falsely claiming to represent UNHCR Malaysia, ဤအကောင့်များသည် ယူအင်အိပ်ခ်ျစီအာရ် နှင့် သက်ဆိုင်မှုမရှိသည့် အတုအကောင့်များ ဖြစ်ပြီး၊ ဒုက္ခသည် အသိုင်းအဝိုင်းများ၊ ယူအင်အိပ်ခ်ျစီအာရ် ဝန်ထမ်းများနှင့် NGO မိတ်ဖက်များ၏ ဓာတ်ပုံများကို အသုံးပြုကာ ယူအင်အိပ်ခ်ျစီအာရ်ကို မမှန်မကန် ဖော်ပြနေမှုမှ လူထုကို လိမ်လည်စေနေပါသည်။

အဆိုပါအကောင့်များသည် စုစုပေါင်း မမှန်ကန်သော(အကောင့်တု)အကောင့်များ ဖြစ်ပါသည်။ ဤအကောင့်များ၏ နောက်ခံ လူပုဂ္ဂိုလ်(များ)သည် ယူအင်အိပ်ခ်ျစီအာရ် နှင့် သက်ဆိုင်မှုမရှိသည့်အပြင် အဆိုပါ အကောင့်များသည် ကိုယ်စားပြု၍ လုပ်ဆောင်ရန် အာဏာမရှိပါ။ ဒုက္ခသည်မှတ်ပုံတင်ခြင်း၊ ဒုက္ခသည်အခြေအနေသတ်မှတ်ခြင်း (RSD) သို့မဟုတ် ပြန်ရွေ့ရန်လုပ်ငန်းစဉ်များတွင် အကူအညီပေးရန် အာဏာ မရှိပါ။
ကျေးဇူးပြု၍ သင့်ကိုယ်ရေးအချက်အလက်များကို မမျှဝေပါနှင့်၊ ဤအကောင့်များထံ ငွေပေးချေမှုများ မပြုလုပ်ပါနှင့်။
မမှန်ကန်သော အကောင့်များကို အစီရင်ခံပို့ခြင်း နည်းလမ်းများ
ဤအကောင့်အား TikTok သို့ အောက်ပါနည်းလမ်းများဖြင့် တိုက်ရိုက် အစီရင်ခံပေးပို့ရန် အလေးထား တိုက်တွန်းအပ်ပါသည်။
- TikTok: အသုံးပြုသူ တစ်ဦးကို အစီရင်ခံတိုင်တန်းခြင်း
- YouTube လမ်းညွှန်: TikTok တွင် အစီရင်ခံပုံ အကြောင်း
အရေးကြီးသတိပြုရန် အချက်များ
- ယူအန်အိပ်ချ်စီအာရ် ၏ ဝန်ဆောင်မှုများအားလုံးသည် အခမဲ့ဖြစ်ပြီး၊ ယူအန်အိပ်ခ်ျစီအာရ် စာရွက်စာတမ်းများ၊ မှတ်ပုံတင်ခြင်း၊ ဒုက္ခသည် အခြေအနေသတ်မှတ်ခြင်း (RSD) နှင့် ပြန်လည်မနရာချထားရေး အစီအစဉ်များအားလုံး ပါဝင်ပါသည်။
- ပြန်လည်နေရာချထားရေး သို့မဟုတ် အခြား ယူအင်အိပ်ခ်ျစီအာရ် လုပ်ငန်းစဉ်၀န်ဆောင်မှု များအတွက် ငွေကြေးဖြင့် လဲလှယ်၍ ကူညီနိုင်ကြောင်း ဆိုသူများအား သတိပြုရန် အလေးထား အကြောင်းကြားအပ်ပါသည်။
- အဆိုပါ အကြံပြုချက်များကို ပြောဆိုနေသည့် ပုဂ္ဂိုလ်များကို တွေ့ပါက ကျေးဇူးပြု၍ အောက်ပါလိပ်စာသို့ တိုင်ကြားပါ–: ရဲတပ်ဖွဲ့ CCID လိမ်လည်မှုတုန့်ပြန်ရေးငှာန : 03-26101559 / 03-26101599
- ယူအင်အိပ်ခ်ျစီအာရ်သို့ အသုံးပြု၍ အစီရင်ခံတင်ပြပါရန် ဖောင်
သံသယဖြစ်ဖွယ်ရာမပြုအမူများကို တိုင်ကြးခြင်းသည် သင့်အမှုကိုထိခိုက်စေမယ်မဟုတ်ပါ။ . လိမ်လည်မှုများကို အစီရင်ခံခြင်းကြောင့် သင့် ယူအင်အိပ်ခ်ျစီအာရ် စာရွက်စာတမ်းများကို ဖျက်သိမ်းမည် မဟုတ်ဘဲ၊ သင့်အမှုကို နောက်ကျစေခြင်း သို့မဟုတ် ပိတ်သိမ်းခြင်းမဖြစ်ပါ။.
ယူအင်အိပ်ခ်ျစီအာရ် ၏ ဝန်ဆောင်မှုများနှင့် လုပ်ငန်းစဉ်များအပေါ် မှန်ကန်တိကျသော သတင်းအချက်အလက်များ ရရှိရန်အတွက် ဒုက္ခသည် မလေးရှား ဝဘ်ဆိုက် ကို သွားရောက်ကြည့်ရှုနိုင်ပါသည်။
