ယူအန်အက်ချ်အာ မလေးရှားတွင် TikTok အကောင့်မရှိပါ။ ယူအင်အိပ်ခ်ျစီအာရ် မှတစ်ဆင့် ဖြစ်သည် ဆိုထားသော TikTok အကောင့်များအားလုံးသည် အကောင့်တုများဖြစ်ပါသည်။
UNHCR မလေးရှားကို ကိုယ်စားပြုတယ်လို့ မှားယွင်းစွာ ပြောဆိုနေတဲ့ TikTok အကောင့် @rohingya.edu2 နဲ့ @Tasmida.sidik တို့ကို ကျွန်ုပ်တို့ သိရှိထားပါတယ်။ ဤအကောင့်များသည် UNHCR နှင့် မည်သည့်နည်းနှင့်မျှ မသက်ဆိုင်ဘဲ UNHCR နှင့် ရပ်ရွာခေါင်းဆောင်များအဖြစ် အယောင်ဆောင်နေကြသည်။ သူတို့ဟာ ဒုက္ခသည်အသိုင်းအဝိုင်းတွေ၊ UNHCR ဝန်ထမ်းတွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ ဓာတ်ပုံတွေကို မျှဝေခြင်းအားဖြင့် UNHCR ကို မှားယွင်းစွာ ကိုယ်စားပြုမှုတစ်ခု ဖန်တီးခြင်းအားဖြင့် လူထုကို လှည့်ဖြားနေခဲ့ကြပါတယ်။




အဆိုပါအကောင့်များသည် စုစုပေါင်း မမှန်ကန်သော(အကောင့်တု)အကောင့်များ ဖြစ်ပါသည်။ ဤအကောင့်များ၏နောက်ကွယ်ရှိ လူပုဂ္ဂိုလ်(များ)သည် အခြားသူတစ်ဦး၏ အထောက်အထားကို အသုံးပြုနေပြီး UNHCR နှင့် ဆက်သွယ်မှုမရှိဘဲ မှတ်ပုံတင်ခြင်း၊ ဒုက္ခသည်အဆင့်အတန်း ဆုံးဖြတ်ခြင်း (RSD) သို့မဟုတ် ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်များတွင် ကူညီရန် ခွင့်ပြုချက်မရှိပါ အဆိုပါအကောင့်များနှင့် ဆက်သွယ်ရာတွင် မိမိ၏ ကိုယ်ရေးအချက်အလက်များ မမျှဝေပါနှင့်၊ ငွေပေးချေမှုများ ပြုလုပ်ခြင်း မပြုလုပ်ရန် လေးစားစွာ တိုက်တွန်းအပ်ပါသည်။
မမှန်ကန်သော အကောင့်များကို အစီရင်ခံပို့ခြင်း နည်းလမ်းများ
ဤအကောင့်အား TikTok သို့ အောက်ပါနည်းလမ်းများဖြင့် တိုက်ရိုက် အစီရင်ခံပေးပို့ရန် အလေးထား တိုက်တွန်းအပ်ပါသည်။
- TikTok: အသုံးပြုသူ တစ်ဦးကို အစီရင်ခံတိုင်တန်းခြင်း
- YouTube လမ်းညွှန်: TikTok တွင် အစီရင်ခံပုံ အကြောင်း
အရေးကြီးသတိပြုရန် အချက်များ
- ယူအန်အိပ်ချ်စီအာရ် ၏ ဝန်ဆောင်မှုများအားလုံးသည် အခမဲ့ဖြစ်ပြီး၊ ယူအန်အိပ်ခ်ျစီအာရ် စာရွက်စာတမ်းများ၊ မှတ်ပုံတင်ခြင်း၊ ဒုက္ခသည် အခြေအနေသတ်မှတ်ခြင်း (RSD) နှင့် ပြန်လည်မနရာချထားရေး အစီအစဉ်များအားလုံး ပါဝင်ပါသည်။
- ပြန်လည်နေရာချထားရေး သို့မဟုတ် အခြား ယူအင်အိပ်ခ်ျစီအာရ် လုပ်ငန်းစဉ်၀န်ဆောင်မှု များအတွက် ငွေကြေးဖြင့် လဲလှယ်၍ ကူညီနိုင်ကြောင်း ဆိုသူများအား သတိပြုရန် အလေးထား အကြောင်းကြားအပ်ပါသည်။
- အဆိုပါ အထင်မှားသော အဆိုများ ပြုသော အခြားသူများနှင့် တွေ့ဆုံပါက ကျေးဇူးပြု၍ အောက်တွင် ဖော်ပြထားသော နည်းလမ်းများဖြင့် တိုက်ရိုက် အစီရင်ခံပေးပို့ကြရန် တောင်းဆိုအပ်ပါသည်။
- ရဲတပ်ဖွဲ့ CCID ခိုးမှုတုံ့ပြန်ရေး ဌာနဆိုင်ရာ – – ၀၃-၂၆၁၀၁၅၅၉ / ၀၃-၂၆၁၀၁၅၉၉
- ယူအင်အိပ်ခ်ျစီအာရ်သို့ အသုံးပြု၍ အစီရင်ခံတင်ပြပါရန် ဖောင်
မည်သည့် သံသယဖြစ်စရာ လှုပ်ရှားမှုများကို မဆို အစီရင်ခံတင်ပြခြင်းအားဖြင့် သင့်အမှုအပေါ် ထိခိုက်မှုမဖြစ်ပေါ်စေရန် အာမခံအပ်ပါသည်။ Your UNHCR အတုအယောင်မှုများကို အစီရင်ခံတင်ပြခြင်းကြောင့် သင့် ယူအင်အိပ်ခ်ျစီအာရ် စာရွက်စာတမ်းများအား ဖျက်သိမ်းခြင်းမရှိသည်သာမက၊ သင့်အမှုကို နောက်ကျစေ ခြင်း သို့မဟုတ် ပိတ်ပင်ခြင်း မဖြစ်ပေါ်စေရန်လည်း အာမခံအပ်ပါသည်။
ယူအင်အိပ်ခ်ျစီအာရ် ၏ ဝန်ဆောင်မှုများနှင့် လုပ်ငန်းစဉ်များအပေါ် မှန်ကန်တိကျသော သတင်းအချက်အလက်များ ရရှိရန်အတွက် ဒုက္ခသည် မလေးရှား ဝဘ်ဆိုက်ကို သွားရောက်ကြည့်ရှုနိုင်ပါသည်။
website.
