သတိပြုရန် – မျက်နှာဖုံးများ – ၁ သြဂုတ် ၂၀၂၀

Saturday / 25 July 2020

ကိုဗစ်-၁၉ ဖြစ်ပွားမှု များပြားလာခြင်းကြောင့် မလေးရှား အစိုးရသည် ၂၀၂၀ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှ စတင်၍ အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် မျက်နှာဖုံးများကို မဖြစ်မနေ ဝတ်ဆင်ရမည်ဖြစ်ကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့သည်။ လိုက်နာဆောင်ရွက်မှုမရှိသူများကို ဒဏ်ငွေ ရင်းဂစ် ၁၀၀၀ ပေးဆောင်ရမည် သို့မဟုတ် ထောင်ဒဏ် ချမှတ်ခံရနိုင်သည်။

မလေးရှားနိုင်ငံသည် ပြန်လည်ထူထောင်ရေး လှုပ်ရှား ထိန်းချူပ်ရေးအမိန့်(RMCO)၏ အောက်တွင် ရှိနေဆဲဖြစ်ပြီး RMCO၏ စည်းကမ်းချက်များကို ချိုးဖောက်သူအား ပြင်းထန်သောအရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်သည်။ ကျေးဇူးပြု၍ ကိုဗစ်-၁၉ ကူးစက် ပျံ့နှံ့ခြင်းမှ ကာကွယ်ရန်အတွက် လူမှုရေးအရ အချင်းချင်းခပ်ခွာခွာနေခြင်း၊ မကြာခဏလက်ဆေးခြင်းနှင့် မျက်နှာဖုံးများကို မှန်ကန်စွာ ဝတ်ဆင်အသုံးပြုခြင်း စသည့် လိုက်နာရမည့် အဆင့်များကို ဆက်လက်ကျင့်သုံးကြပါ။



Share