အကယ်၍ သင်သည် ကွာလာလမ်ပူတွင် နေထိုင်ပြီး သက်တမ်းကုန် ယူအန်အိတ်ချ်စီအာ စာရွက်စာတမ်း ကိုင်ဆောင်ထားသူတစ်ဦးဖြစ်ပါက သင့်အနေဖြင့် သေချာစွာ ပြုလုပ်ရမည်မှာ –
၁။ သင်၏ဖုန်းနံပါတ်ကို ယူအန်အိတ်ချ်စီအာ မလေးရှားတွင် အသိပေးပါ။
- ဒုက္ခသည် မလေးရှား ဆက်သွယ်ရေး စာမျက်နှာ – အသင့်လျော်ဆုံး (https://refugeemalaysia.org/contact/update-phone-number/)။
- ဖုန်းနံပါတ်ကို စာတို(SMS)မှတဆင့် အသိပေးခြင်း (https://refugeemalaysia.org/updating-phone-numbers-via-sms/)။
- မှတ်ပုံတင်ခြင်း အရေးပေါ်ဖုန်းနံပါတ် (နံနက် ၈နာရီမှ ညနေ ၄ နာရီ၊ တနင်္လာနေ့မှ သောကြာနေ့ ၀၁၇-၆၁၄ ၃၈၁၀ သို့ ခေါ်ဆိုပါ)။
၂။ သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ (လိပ်စာ)ကို ယူအန်အိတ်ချ်စီအာ မလေးရှားတွင် အသိပေးပါ။
- ဒုက္ခသည် မလေးရှား ဆက်သွယ်ရေး စာမျက်နှာ – အသင့်လျော်ဆုံး (https://refugeemalaysia.org/contact/personal-information-update/)။
- မှတ်ပုံတင်ခြင်း အရေးပေါ်ဖုန်းနံပါတ် (နံနက် ၈နာရီမှ ညနေ ၄ နာရီ၊ တနင်္လာနေ့မှ သောကြာနေ့ ၀၁၇-၆၁၄ ၃၈၁၀ သို့ ခေါ်ဆိုပါ)။
ကျေးဇူးပြု၍ မှတ်သားထားရန်- ကူးစက်မှုများပြားလာခြင်းနှင့် MCO ဆက်လက်ရှိနေခြင်းကြောင့် ပြည်နယ်အချင်းချင်း ခရီးသွားလာခြင်းကို ခွင့်မပြုသေးပါ။ အခြေအနေ ပိုမိုကောင်းမွန်လာရန် စောင့်ဆိုင်းနေစဉ်အတွင်း ယူအန်အိတ်ချ်စီအာရုံးသည် ကွာလာလမ်ပူတွင် နေထိုင်သော ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများအတွက် လုပ်ငန်းဆောင်ရွက်မှုများကို ဆက်လက်၍ အာရုံစိုက် လုပ်ဆောင်သွားမည် ဖြစ်သည်။ ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများသည် ပြည်နယ်အချင်းချင်း ခရီးသွားလာခြင်းဆိုင်ရာ ကန့်သတ်ချက်များအပါအ၀င် MCO စည်းမျဉ်းများကို လိုက်နာရန် သတိပေးလိုပါသည်။