လိမ်လည်လှည့်စားမှုများ သတိပြုပါ

ယူအန်အိတ်ခ်ျစီအာရ်သည် မည်သည့်လိမ်လည်/လှည့်စားမှု၊ အဂတိလိုက်စား/အကျင့်ပျက်ခြစားမှု (သို့) ခေါင်းပုံဖြတ်အမြတ်ထုတ်မှုကိုမဆို သည်းမခံနိုင်ပါ။

ယူအန်အိတ်ခ်ျစီအာရ်နှင့် လုပ်ဖော်ကိုင်ဖက်များမှ ပံ့ပိုးပေးသော လျှောက်လွှာပုံစံများနှင့် ဝန်ဆောင်မှုများအားလုံးသည် အခမဲ့ဖြစ်သည်။ သင်သည် မှတ်ပုံတင်ခြင်း (သို့) ပြန်လည်နေရာချထားခြင်းအတွက်၊ (သို့) သင့်အမှုတွဲကို ပိုမိုမြန်ဆန်စွာလုပ်ဆောင်ပေးရန် ငွေပေးချေ၍မရပါ။ ယူအန်အိတ်ခ်ျစီအာရ် (သို့) လုပ်ဖော်ကိုင်ဖက်တို့၏ ဝန်ဆောင်မှုများအတွက် အခကြေးငွေပေးဆောင်ရန် သင့်အား တောင်းဆိုသော မည်သူမဆို (သို့) မည်သည့်အဖွဲ့အစည်းကိုမျှ မယုံကြည်ပါနှင့်။ လိမ်လည်မှုများနှင့် ပတ်သက်သော နောက်ဆုံးရ သတိပေးချက်များအား ကြည့်ရှုရန်အတွက် စာမျက်နှာအောက်သို့ ဆင်းကြည့်နိုင်ပြီး၊ သက်ဆိုင်ရာအကြောင်းအရာသို့ တိုက်ရိုက်သွားရန် ဤနေရာ ကို နှိပ် ပါ ။

သင့်အား မှတ်ပုံတင်ခြင်း၊ ပြန်လည်နေရာချထားရေး၊ ငွေကြေး (သို့) အခြားအကူအညီအမျိုးအစားများ၊ လိမ်လည်သော ယူအန်အိတ်ခ်ျစီအာရ် စာရွက်စာတမ်းများ၊ ပိုက်ဆံ (သို့) အခြားကျေးဇူးများလဲလှယ်သည့် အတုအယောင်တောင်းဆိုမှုများကို ပေးဆောင်နိုင်သည့် လိမ်လည်သူများကို သတိပြုပါ။ ဤကမ်းလှမ်းချက်များသည် ဖေ့စ်ဘွတ်ခ်၊ တယ်လီဂရမ်၊ ဝေါ့သ်စ်အပ္ပီ၊ ဗိုင်/ဗီဘာ၊ အင်စတာဂရမ်၊ ယူကျု၊ (သို့) အခြားအရာများအသုံးပြုခြင်းဖြင့် သင့်ထံ လူကိုယ်တိုင် (သို့) လူမှုမီဒီယာမှတစ်ဆင့် ပြုလုပ်နိုင်ပါသည်။ သူတို့သည် သင့်အား ဆွဲဆောင်နိုင်ရန် ယူအန်အိတ်ခ်ျစီအာရ်နှင့် ချိတ်ဆက်ထားကြောင်း အချက်အလက်များကိုလည်း ပြသနိုင်ပါသည်။ ဤသို့သောသူတို့အား မယုံပါနှင့်။

ဤမှားယွင်းသော်ကတိ ပေးတက်သူများသည် သင်၏ အခြေအနေတွင်းမှ အခွင့်ကောင်း/အမြတ်ယူနေကြကြောင်းသတိပြုပါ။ လိမ်လည်မှုမှကုန်ကျစရိတ်များကင်းရန် သူတို့အား ရှောင်ရှားပါ။ သူတို့သည် သင့်ငွေ (သို့) သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များအား ရောင်းချခြင်းမှ အကျိုးအမြတ်များကို ခိုးယူကောင်း ခိုးယူလိမ့်မည်။

ယူအန်အိတ်ခ်ျစီအာရ်မှ သင့်အား ငွေဖြင့်လဲလှယ်ပေးခြင်းဖြင့် ဝန်ဆောင်မှုများပေးရန် ကမ်းလှမ်းသောအရာများသည် လိမ်လည်လုပ်‌ဆောင်မှုဖြစ်ပါသည်။ လိင်ပိုင်းဆိုင်ရာသဘောသဘာဝအပါအဝင်၊ ငွေကြေး (သို့) အခြားမျက်နှာသာ‌ပေးမှုပုံစံတစ်မျိုးမျိုးကို သင့်ထံမှ တောင်းဆိုထားပါက ယူအန်အိတ်ခ်ျစီအာရ်၏ ဤနေရာ အွန်လိုင်းပုံစံကနေတစ်ဆင့် (သို့) ယူအန်အိတ်ခ်ျစီအာရ်၏ ပါတနာ/တွဲဖက်သို့ (သို့) အနီးဆုံးရဲစခန်းသို့ ချက်ချင်းသတင်းပို့သင့်ပါသည်။

လိမ်လည်မှုသည် မလေးရှားဥပဒေအရ ရာဇ၀တ်မှုဖြစ်သည်။ သင်၌ လိမ်လည်မှုအားကြုံ‌တွေ့ပါက အနီးစပ်ဆုံးရဲစခန်းတွင် သွားရောက်တိုင်ကြားနိုင်ပါသည်။ လိမ်လည်မှုဖြစ်စဉ်ကို သတင်းပို့သည့်အခါ ရရှိနိုင်အထောက်အထားအားလုံးလည်း သင်နှင့်အတူယူသွားပါ။

လိမ်လည်မှုဖြစ်စဉ်များကို အစီရင်ခံသတင်းပို့သည့်အခါ သင်၏ ယူအန်အိတ်ခ်ျစီအာရ်ကိစ္စတွင် နှောင့်နှေးခြင်း (သို့) ဆိုးကျိုးသက်ရောက်မှုရှိမည်မဟုတ်ပါ။

လိမ်လည်မှုနှင့် လာဘ်စားမှု (အဂတိလိုက်စားမှု)

လိမ်လည်လှည့်ဖြားမှုသည် ယူအန်အိပ်ခ်ျစီအာ၊ ၎င်း၏လုပ်ဖော်ကိုင်ဖက်များနှင့် / (သို့) ဒုက္ခသည်များထံမှ အကျိုးကျေးဇူးရရှိရန် ရည်ရွယ်ချက်ရှိရှိလှည့်ဖြားရန် အလွဲသုံးကိုစားပြုခြင်း (သို့) ဖုံးကွယ်ခြင်းအပါအဝင် မည်သည့်လုပ်ရပ် (သို့) ဖုံးကွယ်မှုမဆိုဖြစ်သည်။

အဂတိလိုက်စားမှုသည် အခြားပါတီ၏ လုပ်ရပ်များကို မလျော်မကန်သြဇာလွှမ်းမိုးရန် တန်ဖိုးရှိသော အရာတစ်ခုခုကို (တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍) တောင်းဆိုခြင်း (သို့) လက်ခံခြင်း၊ ပေးကမ်းခြင်း၊ ကမ်းလှမ်းခြင်းဖြစ်သည်။

လိမ်လည်လှည့်စားမှုတွင် ယေဘုယျအားဖြင့် ကိုယ်ရေးကိုယ်တာ (သို့) ငွေကြေးအကျိုးအမြတ်အတွက် မရိုးသားသော အပြုအမူများ ပါဝင်ပါသည်။ အဂတိလိုက်စားမှုသည် လာဘ်ပေးလာဘ်ယူ (သို့) အခြားတရားလွန်ကဲသော အကျိုးအမြတ်တစ်ခုခုကို လက်ခံရယူခြင်း (သို့) ပေးဆောင်ခြင်းဖြစ်သည်။

လိမ်လည်မှုနှင့် အကျင့်ပျက်ခြစားမှုဆိုင်ရာ နောက်ထပ်အချက်အလက်များအတွက် လိမ်လည်မှုနှင့် အကျင့်ပျက်ခြစားမှု စာမျက်နှာသို့ ဝင်ရောက်ကြည့်ရှုပါ။

ဒုက္ခသည်များအပေါ် လိမ်လည်မှုနှင့် အကျင့်ပျက်ခြစားမှု စံနမူနာများ

ကိုယ်ရေးကိုယ်တာလိမ်လည်မှုတွင် လူတစ်ဦးသည် ယူအန်အိတ်ခ်ျစီအာရ်၌ စာရင်းသွင်းရန် အခြားသူတစ်ဦး၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို အသုံးပြု၍ (သို့) လူတစ်ဦးသည် သူတို့၏အမည် (သို့) အခြားသတ်မှတ်အချက်အလက်များအကြောင်း လိမ်လည်ပြောဆိုရာ ၎င်းတွင် တစ်စုံတစ်ယောက်သည် ထိုပုဂ္ဂိုလ်အတွက် ရည်ရွယ်ထားသော ဝန်ဆောင်မှုများ (သို့) လုပ်ငန်းစဉ်များကို ဝင်ရောက်ကြည့်ရှုရန် အခြားသူတစ်ဦး၏ ယူအန်အိတ်ခ်ျစီအာရ် မှတ်ပုံတင်စာတစ်စောင်ကို အသုံးပြုခြင်းလည်း ပါဝင်သည်။

မိသားစုဖွဲ့စည်းပုံလိမ်လည်မှုတွင် မိသားစုတစ်စု၏ အမှန်တကယ်ဖွဲ့စည်းမှု သို့မဟုတ် မိသားစုအတွင်းရှိ ဆက်ဆံရေးများနှင့်ပတ်သက်၍ အလွန်အကျိုးအမြတ်များရရှိရန် လိမ်ညာခြင်းပါဝင်သည်။ ဤကိစ္စတွင် မှားယွင်းသောမိသားစုဆက်နွယ်မှု တောင်းဆိုချက်များအပေါ်အခြေပြုသည့် အမှုတွဲတစ်ခုမှ လူတစ်ဦးချင်းစီကို ပေါင်းထည့်ခြင်း (သို့) ဖယ်ရှားခြင်းလည်း ပါဝင်နိုင်သည်။ ဥပမာ၊ သူငယ်ချင်းများက အမှုတွဲထဲတွင်ထည့်ရန် တစ်ဦးတစ်ယောက်ကို ညီအစ်ကိုများဟု မှားယွင်းစွာ ပြောဆိုခြင်း (သို့) မိမိတို့အမှုတွဲထဲတွင် တူတစ်ဦးကို မိမိတို့၏ကလေးအဖြစ် ထည့်ကောင်းထည့်လိမ့်မည်။

စာရွက်စာတမ်းလိမ်လည်မှုတွင် မှားယွင်းသော (သို့) ကိုင်တွယ်ထားသော စာရွက်စာတမ်းများအား အစစ်အမှန်ကဲ့သို့ တင်ပြခြင်းပါဝင်သည်။ ဤကိစ္စတွင် စာရွက်စာတမ်းတစ်ခုလုံးကို ဖန်တီးခြင်း၊ တရားဝင်စာရွက်စာတမ်းများကို ပပြောင်းလဲခြင်း(သို့) သက်သေခံကတ်များ၊ ယူစီ စာရွက်စာတန်းများ၊ ရက်ချိန်းဖြတ်ပိုင်းများ (သို့) ဆေးဘက်ဆိုင်ရာစာရွက်စာတမ်းများကဲ့သို့သော ယူအန်အိတ်ခ်ျစီအာရစာရွက်စာတမ်းအတုများကို အသုံးပြုခြင်းတို့ ပါဝင်နိုင်သည်။

ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းစီမံချက်တွင် ပုဂ္ဂိုလ်တစ်ယောက်သည် (သို့) လူအုပ်စုများသည် ယူအန်အိတ်ခ်ျစီအာရ် ၏လုပ်ဖော်ကိုင်ဖက်များ၊ ပြန်လည်နေရာချထားရေးနိုင်ငံးများနှင့် အထူးအဆက်အသွယ်များ (သို့) ချိတ်ဆက်မှုများရှိသည်ဟု မှားယွင်းစွာပြောဆိုခြင်းနှင့်၊ မှတ်ပုံတင်ခြင်း၊ စာရွက်စာတမ်းပြုစုခြင်း၊ ပြန်လည်နေရာချထားရေး (သို့) အခြား ယူအန်အိတ်ခ်ျစီအာရ် လုပ်ငန်းစဉ်များအတွက် ငွေကြေးဖြင့်အလဲအလှယ်လုပ်ရန် တောင်းဆိုခြင်း စသည်တို့ ပါဝင်ပါသည်။ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းစီမံချက်များတွင် ယူအန်အိတ်ခ်ျစီအာရ် (သို့) လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းကဲ့သို့ ဟန်ဆောင်သူများမှ လူကိုယ်တိုင် (သို့) အွန်လိုင်း/ဆိုရှယ်မီဒီယာမှတဆင့် ဆက်သွယ်လုပ်ဆောင်နိုင်သည်။ (ဥပမာ- ဖေ့စ်ဘွတ်ခ်တွင် လူတစ်ဦးတစ်ယောက်သည် အခကြေးငွေယူခြင်းဖြင့် လူတစ်ဦးချင်းစီကို တည်နေရာစာရင်းသွင်းပြီး ယူအန်အိတ်ခ်ျစီအာရ် စာရွက်စာတမ်းများကို ပေးခြင်း (သို့) ဓာတ်ပုံပါသော ဝေါ့သ်စ်အပ္ပီ မက်ဆေ့ချ်များမှတစ်ဆင့်၊ ယူအန်အိတ်ခ်ျစီအာရ်/ မိတ်ဖက်ဝန်ထမ်းများ အယောင်ဆောင်ထားသော အသံဖိုင်များ၊ ယူအန်အိတ်ခ်ျစီအာရ် လုပ်ငန်းစဉ်များအတွက် အခကြေးငွေပေးရန် တစ်ဦးချင်းစီကို တောင်းဆိုခြင်းများ ပါဝင်နိုင်သည်)

အကျင့်ပျက်ခြစားမှုတွင် ယူအန်အိတ်ခ်ျစီအာရ် ဝန်ထမ်းများထံ နှစ်သက်ဖွယ်ကောင်းသော ဆုံးဖြတ်ချက်များ (သို့) အမြန်လုပ်ဆောင်းပေးမှုဆိုင်ရာ အလဲအလှယ်အတွက် ငွေကြေး (သို့) ဝန်ဆောင်မှုများ ပေးဆောင်ခြင်းတို့ ပါဝင်ပါသည်။

လိမ်လည်မှုဆန့်ကျင်ရေး ဗီဒီယိုများ

လိမ်လည် ကြည့်ရှု သူများ သည် မိုဘိုင်း အပ္ပလီကေး မှတစ်ဆင့် အသံ မှတ်စု များ ပေး ပို့ ခြင်း

အခကြေးငွေ တစ် ခု အတွက် မှတ်ပုံတင် ခြင်း နှင့် ပြန်လည် အခြေချ ခြင်း လုပ်ငန်းစဉ် တွင် အကူအညီ ပေး နိုင် ခြင်း နှင့် ယူအန်အက်စ်အာ နှင့် ချိတ်ဆက် မှု ရှိ သည်ဟုဆိုကာ တောင်းဆို ထား သော မိုဘိုင်း အက်ပလီကေးရှင်း မှ သင့် အသံ မှတ်စု များ ပေး ပို့ ခြင်း ကို သတိပြု ပါ။

မိုဘိုင်းလ် အက်ဘ် မှတစ်ဆင့် ဆက်သွယ်သော လိမ်လည်လှည့်ဖြားသူများ

အခကြေးငွေဖြင့် မှတ်ပုံတင်ခြင်းနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်များတွင် အထောက်အကူဖြစ်စေရန်အတွက် ယူအင်အိပ်ချ်စီအာရ်နှင့်ချိတ်ဆက်ယောင်ဆောင်သူ လူပုဂ္ဂိုလ်များထံမှ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ရှာဖွေခြင်း၊ အခကြေးငွေဖြင့် မိုဘိုင်းအက်ပ်များမှတစ်ဆင့် သင်နှင့် စကားပြောဆိုနေသူများကို သတိပြုပါ။

အတုအယောင်ယူအင်အိပ်ချ်စီအာရ် ဝဘ်ဆိုက်များနှင့် အက်ပ်များကို လိမ်လည်သူများက တည်ဆောက် ဖြန့်ဝေရန် ကြိုးပမ်းမှုများ

အခကြေးငွေ တစ် ခု အတွက် မှတ်ပုံတင် ခြင်း နှင့် ပြန်လည် အခြေချ ခြင်း လုပ်ငန်းစဉ် များ တွင် ကူညီ ရန် အလို့ငှာ တစ် ဦး ချင်း စီ ထံ မှ ပုဂ္ဂိုလ်ရေး ဆိုင်ရာ သတင်း အချက်အလက် များ ရှာဖွေ နေ သော လိမ်လည် မှု ဖြစ် သော ယူအန်အိပ်ခ်ျစီအာ ဝက်ဘ်ဆိုက် /အပ်များ ကိုသတိပြု ပါ ။

ယူအဲန်အိတ်ခ်ျစီအာ နှင့် အထူး ဆက်ဆံရေး ရှိထားသည် ဟု အခိုင်အမာ ပြောဆို နေ သောကွန်မြူနီတီ (ရပ်ရွာ) ခေါင်းဆောင် များ

ယူအင်အင်အိပ်ချ်စီအာရ် နှင့် အထူးဆက်သွယ်မှုရှိသည်ဟုဆိုကာ အခကြေးငွေဖြင့် မှတ်ပုံတင်ခြင်းနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်များတွင် ကူညီပေးနိုင်သည့် ရပ်ရွာခေါင်းဆောင်များကို သတိပြုပါ။

ယူအင်အိပ်ချ်စီအာရ်ဝန်ထမ်း အယောင်ဆောင် လိမ်လည်သူများ

ယူအင်အိပ်ချ်စီအာရ်ဝန်ထမ်းများအဖြစ် အယောင်ဆောင်ကာ မှတ်ပုံတင်ခြင်းနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်များကို အခကြေးငွေဖြင့် ကမ်းလှမ်းခြင်းတို့ကို သတိပြုပါ။

သက်ဆိုင်ရာ သတိပေးချက်များ

ဒေးဗ်ဒတ်စ် (သို့) ဒါဗာဒတ်စ် အန်ဂျန်ဟုခေါ်သော လူယောက်ျား

ယူအန်အိတ်ခ်ျစီအာသည် ဒေးဗ်ဒတ်စ် သို့မဟုတ် ဒေးဗားဒတ်စ် အန်ဂျန်အမည်ဖြင့် သိရသည့် မလေးရှားနိုင်ငံသားတစ်ဦး၏ အစီရင်ခံစာ/တိုင်ကြားစာများကို လက်ခံရရှိထားပြီး၊ သူသည် ဒုက္ခသည်အဖွဲ့အစည်း၏ အဖွဲ့ဝင်များထံ ဆက်သွယ်ကာ အမေရိကန်သို့ တစ်လအတွင်း ပြန်လည်နေရာချနိုင်ရန်...

လိမ်လည်မှု သတိပြုပါ-ရိုဟင်ဂျာယူဂျုပ်ဘာ

ယူအင်အိပ်ချ်စီအာရ် လုပ်ငန်းစဥ်များနှင့်ပတ်သက်၍ ဝင်ရောက်ခွင့်ဆောင်ရွက်ပေးနိုင်သည်ဟု ဆိုသူ ယူဂျုပ်ပေါ်တွင် ရိုဟင်ဂျာတစ်ဦးကို ယူအင်အိပ်ချ်စီအာက ဖော်ထုတ်ခဲ့သည်။ အဆိုပါပုဂ္ဂိုလ်သည် ယူအင်အိပ်ချ်စီအာရ် ဝန်ထမ်းများ သို့မဟုတ် ယူအင်အိပ်ချ်စီအာရ် နှင့် ချိတ်ဆက်ထားကြောင်း...

အလိမ်အညာများကို သတိပြုပါ- အိုစမန်၊ မိုက်ကယ် သို့မဟုတ် ဘိုဘို ဆလိုင်း ၏ အမည်များ ခံယူထားသည့် အမျိုးသား

ယူအင်အိပ်ချ်စီအာရ်၏ပြန်လည်နေရာချထားရေးနှင့် မှတ်ပုံတင်ဌာနတွင် အလုပ်လုပ်သည်ဆိုသူ အော်စမန်၊ မိုက်ကယ် သို့မဟုတ် ဘိုဘိုဆလိုင်း နံမည်များခံယူထားသော သူအား တိုင်ကြားစာများကို ယူအင်အိပ်ချ်စီအာရ် မှလက်ခံရရှိခဲ့ပါသည်။ အဆိုပါအမျိုးသားသည် ဒုက္ခသည်များနှင့်...

သတိပြုပါ- ဖေ့စပုတ်ပေါ်တွင် မှတ်ပုံတင်ခြင်းနှင့် ပြန်လည်နေရာချထားရေး လိမ်လည်မှု

ယူအန်အိတ်ချ်စီအာ သည် ငွေကြေး ရင်းကစ် ၅၀ မှ ၁၀၀ကြား မျှ ဖြင့် ယူအန်အိတ်ချ်စီအာ ကတ်များ၊ ထည့်သွင်းစဉ်းစားမှု စာရွက်များနှင့် ပြန်လည်နေရာချထားရေးလျှောက်လွှာများဆောင်ရွက် ပေးမည်ဆိုသူများ အကြောင်း ဖေ့စပုတ်စာမျက်နှာပေါ်ရှိ လူတစ်ဦးချင်းစီ၏ အစီရင်ခံစာများကို...

မေးခွန်းများ ရှိပါသလား။

ပိုမိုသိလိုပါက လိမ်လည်မှုများနှင့်ဆိုင်သော မကြာခဏ မေးမြန်းလေ့ရှိသော မေးခွန်းများ (FAQ၊ မမေးမေး) မှ ကျေးဇူးပြု၍ လေ့လာအကြံယူပါ။