လိမ်လည်မှုနှင့် လာဘ်စားမှု (အဂတိလိုက်စားမှု)

လိမ်လည်မှုဆိုသည်မှာ တစ်စုံတစ်ဦးအတွက် သို့မဟုတ် မိမိကိုယ်တိုင်အတွက် တစ်ခုခုပြန်လည်ရရှိရန် တစ်စုံတစ်ဦးကို ယုံကြည်စေရန် တစ်စုံတစ်ရာကို အမှန်အတိုင်း လုံးဝမပြောဘဲနေခြင်း ဖြစ်သည်။ အမှန်တရားကို လုံးဝဖုံးကွယ်ထားခြင်း သို့မဟုတ် သင်၏အထောက်အထားနှင့်ပတ်သက်သော အမှန်တရားကို လုံးဝ မပြောခြင်းသည်လည်း လိမ်လည်မှုဖြစ်သည်။

ရာထူးအာဏာရှိသူများသည် ကိုယ်ကျိုးစီးပွားအတွက် မရိုးမသား ပြုမူသောအခါတွင် အဂတိလိုက်စားမှု ဖြစ်ပေါ်လာသည်။ အဂတိလိုက်စားမှု ဥပမာများတွင် ခိုလှုံခွင့်တောင်းခံသူများနှင့် ဒုက္ခသည်များထံမှ ငွေကြေးနှင့် လက်ဆောင်များလက်ခံခြင်း ပါဝင်သည်။ တစ်ခုခုကို လက်ခံယုံတင် မကပါဘူး။ ၎င်းတွင် အခြားလူများနှင့် အဖွဲ့အစည်းထံမှ တန်ဖိုးရှိသော မည်သည့်အရာကိုမဆို တောင်းဆိုခြင်းနှင့် လက်ခံခြင်းတို့လည်း ပါဝင်သည်။

ခေါင်းပုံဖြတ်အမြတ်ထုတ် အစီအစဥ်များ

ခေါင်းပုံဖြတ်အမြတ်ထုတ် အစီအစဥ်များတွင် လူတစ်ဦးချင်း သို့မဟုတ် လူအုပ်စုလိုက်သည် ယူအန်အိတ်ချ်စီအာနှင့် အထူးအဆက်အသွယ်ရှိသည်ဟု လိမ်လည်ပြီး မှတ်ပုံတင်ခြင်း၊ ယူအန်အိတ်ချ်စီအာ စာရွက်စာတမ်းများနှင့် တတိယနိုင်ငံသို့ ပြောင်းရွှေ့နေရာချထားပေးခြင်းကဲ့သို့သော အကျိုးကျေးဇူးများကို ပေးနိုင်ကြောင်း အပြန်အလှန်အားဖြင့် တန်းဖိုးရှိသောအရာများ၊ ပုံမှန်အားဖြင့် ငွေကြေးရရှိရန်အတွက် ကတိပေးပြောဆိုခြင်းတို့ဖြစ်သည်။ ဒုက္ခသည်အများအပြားသည် ထိုသို့သော အစီအစဥ်များဖြင့် ငွေကြေးအမြောက်အမြား လိမ်လည်ခြင်း ခံခဲ့ရသည်။

ခေါင်းပုံဖြတ်အမြတ်ထုတ် အစီအစဥ်များတွင် ယူအန်အိတ်ချ်စီအာ သို့မဟုတ် ပြန်လည်နေရာချထားရေးနိုင်ငံများနှင့် ချိတ်ဆက်ပြီး ယူအန်အိတ်ချ်စီအာတွင် မှတ်ပုံတင်ခြင်း၊ စာရွက်စာတမ်း၊ အာအက်စ်ဒီ သို့မဟုတ် ပြန်လည်နေရာချထားရေးတို့ရရှိရန် ငွေကြေးတောင်းခံခြင်းတို့ ပါဝင်သည်။

ယူအန်အိတ်ချ်စီအာ၏ ဝန်ဆောင်မှုအားလုံးသည် အခမဲ့ဖြစ်ကြောင်း ကျေးဇူးပြု၍ မှတ်သားထားပါ။ ယူအန်အိတ်ချ်စီအာမှ မည်သည့်ဝန်ဆောင်မှုကိုမဆို သို့မဟုတ် ပို၍မြန်ဆန်သောဝန်ဆောင်မှုရရှိရန်အတွက် သင့်အနေဖြင့် ပိုက်ဆံမပေးပါနှင့်။

လိမ်လည်မှုနှင့် လာဘ်စားမှု (အဂတိလိုက်စားမှု)တို့ကို ဆန့်ကျင်ခြင်း

လိမ်လည်မှုနှင့် လာဘ်စားမှု (အဂတိလိုက်စားမှု)တို့ကို လုံးဝ သည်းမခံခြင်း

ယူအန်အိတ်ချ်စီအာတွင် လိမ်လည်မှုနှင့် လာဘ်စားမှု (အဂတိလိုက်စားမှု)အားလုံးကို လုံးဝသည်းမခံသော မူဝါဒရှိသည်။

ယူအန်အိတ်ချ်စီအာ၏ ဝန်ဆောင်မှုအားလုံးသည် အမြဲတမ်း အခမဲ့ဖြစ်သည်။

ယူအန်အိတ်ချ်စီအာ၏ ဝန်ဆောင်မှုအားလုံးသည် အခမဲ့ဖြစ်သည်။ ယူအန်အိတ်ချ်စီအာ၏ ဝန်ဆောင်မှုကို ပို၍မြန်မြန်ရရှိရန် သင့်အနေဖြင့် ပိုက်ဆံမပေးပါနှင့်။

လာဘ်စားမှု (အဂတိလိုက်စားမှု) ကို ဆန့်ကျင်ပါ။

ယူအန်အိတ်ချ်စီအာမှ ဝန်ဆောင်မှုများရရန် တစ်စုံတစ်ဦးအတွက် တစ်စုံတစ်ခုပြုလုပ်ခြင်း သို့မဟုတ် ငွေလက်ခံခြင်းနှင့် ငွေပေးခြင်းသည် မှားယွင်းပါသည်။

အန္တရာယ်အတွက်အရဲစွန့် ၊ သမာဓိနှင့် ကြီးကြပ်ရေးအဖွဲ့ (RIOT)

ယူအန်အိတ်ချ်စီအာ မလေးရှားရှိ အန္တရာယ်အတွက်အရဲစွန့် ၊ သမာဓိနှင့် ကြီးကြပ်ရေးအဖွဲ့ (Risk, Integrity and Oversight Team) သည် လိမ်လည်မှုနှင့် လာဘ်စားမှု (အဂတိလိုက်စားမှု)များတွင် ပါ၀င်နေသည့် ဒုက္ခသည်များအပေါ် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ပြီး မသမာသောလှုပ်ရှားမှုများကို စောင့်ကြည့်စစ်ဆေးလျက်ရှိသည်။

RIOT သည် ယူအန်အိတ်ချ်စီအာ မိတ်ဖက်အေဂျင်စီများနှင့် ဝန်ထမ်းများ၊ ခိုလှုံခွင့်တောင်းခံသူများနှင့် ဒုက္ခသည်များအတွက် လိမ်လည်မှုဆိုင်ရာ အသိပညာပေးခြင်းနှင့် အစီရင်ခံခြင်းဆိုင်ရာ သင်တန်းများကိုလည်း ပြုလုပ်ပါသည်။

ယူအန်အိတ်ချ်စီအာ ဝန်ထမ်းများနှင့် မိတ်ဖက်အေဂျင်စီများအပေါ်တိုင်ကြားခြင်း

ယူအန်အိတ်ချ်စီအာတွင် လိမ်လည်မှုနှင့် လာဘ်စားမှု (အဂတိလိုက်စားမှု)ပုံစံအားလုံးအတွက် လုံးဝသည်းမခံသည့် မူဝါဒရှိပြီး ၎င်း၏ ဝန်ထမ်းများနှင့် လုပ်ဖော်ကိုင်ဖက်များအပါအဝင် မည်သူမဆို လိမ်လည်မှုကျူးလွန်ပါက အလွန်ပြင်းထန်စွာ အရေးယူပါသည်။

အကယ်၍ သင်သည် ယူအန်အိတ်ချ်စီအာဝန်ထမ်းများ သို့မဟုတ် ယူအန်အိတ်ချ်စီအာ မိတ်ဖက်အေဂျင်စီများကျုးလွန်သည့် လိမ်လည်မှုနှင့် လာဘ်စားမှု (အဂတိလိုက်စားမှု)တို့နှင့်ပါတ်သက်ပြီး အချက်အလက်များရှိပါက လွတ်လပ်သော စုံစမ်းစစ်ဆေးမှုတစ်ခုအတွက် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာရှိ ယူအန်အိတ်ချ်စီအာရုံးချုပ်ရှိ စစ်ဆေးရေးအရာရှိချုပ် ရုံးခန်း (IGO)သို့ တိုင်ကြားပါ။ IGO ၏ အွန်လိုင်းမှ တိုင်ကြားသည့်ဖောင်မှတဆင့် သို့မဟုတ် inspector@unhcr.org အီးမေးလ်သို့ တိုင်ကြားနိုင်သည်။

IGO သည် တိုင်ကြားမှုအားလုံးကို တင်းကြပ်စွာ လျှိုဝှက်ပေးမည် ဖြစ်သည်။

ခိုလှုံခွင့်တောင်းခံသူများနှင့် ဒုက္ခသည်များအပေါ်တိုင်ကြားခြင်း

RIOT သို့ ဒုက္ခသည် သို့မဟုတ် ခိုလှုံခွင့်တောင်းခံသူတို့ ကျူးလွန်သည့် လိမ်လည်မှုနှင့် လာဘ်စားမှု (အဂတိလိုက်စားမှု)တို့နှင့်ပါတ်သက်ပြီး လျှိုဝှက်စွာ တိုင်ကြားရန် နည်းလမ်း (၂)ခုရှိပါသည်။

လိမ်လည်မှုနှင့် လာဘ်စားမှု (အဂတိလိုက်စားမှု)တိုက်ဖျက်ရေးဆိုင်ရာ အချက်အလက်များ