ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်း

ကျွန်ုပ်တို့အားလုံးသည် ကမ္ဘာလုံးဆိုင်ရာ အသိုင်းအဝန်းတစ်ခုလုံးအနေဖြင့် လူတိုင်းကို ပါ၀င်စေပြီး အကာအကွယ်ပေးမှသာလျှင် လုံခြုံမှုရှိနိုင်သည်ကို ကိုဗစ်-၁၉ ကပ်ရောဂါက သက်သေပြပြီး ဖြစ်သည်။ ကာကွယ်ဆေးသည် နည်းလမ်းများစွာအနက် တစ်ခုဖြစ်ပြီး ကပ်ရောဂါကို ထိန်းသိမ်းနိုင်ရန် ကူညီပေးနိုင်သည်။ ကာကွယ်ဆေးသည် သင်နှင့် သင်ချစ်မြတ်နိုးရသောသူများကို ကိုဗစ်-၁၉ ကူးစက်ခြင်းကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲ ဆိုးကျိုးများ မဖြစ်ပေါ်လာအောင် ကာကွယ်လုပ်ဆောင်ပေးသည်။

ကိုဗစ်-၁၉ ကြောင့် သက်ကြီးရွယ်အိုများနှင့် သွေးပေါင်ချိန်တက်ခြင်း၊ ဆီးချို၊ အဆုတ်ရောဂါများစသည့် ဆေးဘက်ဆိုင်ရာ အခြေအနေများရှိသူများသည် အထူးသဖြင့် ပြင်းထန် ရှုပ်ထွေးသော နောက်ဆက်တွဲ ဆိုးကျိုးများကို ဖြစ်ပေါ်စေသည်။ ယင်းအတွက်ကြောင့် လူတိုင်းကို ကာကွယ်ဆေးထိုးရန် လေးနက်စွာ တိုက်တွန်းလိုပါသည်။

မလေးရှားနိုင်ငံအတွင်း နေထိုင်သော ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများအပါအဝင် အားလုံးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး သေချာစွာရရှိစေရန် မလေးရှားအစိုးရ၏ ကြိုးစားအားထုတ်မှုများကို ယူအန်အိတ်ချ်စီအာအနေဖြင့် ကြိုဆိုပါသည်။

ကျွန်ုပ်တို့၏ အခန်းကဏ္ဍနှင့်အတူ ပဏာမခြေလှမ်းကို ထောက်ပံ့ရန် ယူအန်အိတ်ချ်စီအာ စာရွက်စာတမ်း ကိုင်ဆောင်ထားသော ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများအားလုံးကို အောက်ပါနည်းလမ်းများမှတဆင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန်အတွက် သူတို့၏ စိတ်ဝင်စားမှုကို စာရင်းသွင်း မှတ်ပုံတင်ရန် တိုက်တွန်းလိုပါသည်။

ကာကွယ်ဆေး အမျိုးအစားများ

အမျိုးအစားမတူသော ကိုဗစ်-၁၉ ကာကွယ်ဆေးများ ရှိပါသည်။ မလေးရှားအစိုးရ၏ ကာကွယ်ဆေးဖြန့်ချိရေးတွင် လက်ရှိအသုံးပြုသည့် ကာကွယ်ဆေးများနှင့်ပတ်သက်၍ ပိုမိုသော သတင်းအချက်အလက်များကို အောက်တွင်ဖော်ပြထားသော လင့်ခ်များတွင် ကျေးဇူးပြု၍ ရှာဖွေပါ။

ကာကွယ်ဆေးအတွက် မှတ်ပုံတင်ခြင်း

MySejahtera App (မိုင်-ဆီဂျ့ာတရာ)

ညွှန်ကြားချက်များကို အောက်ပါဗီဒီယိုတွင် ကြည့်ရှုနိုင်သည်။

JKJAV ဝက်ဘ်ဆိုက်

ကိုဗစ်-၁၉ ကာကွယ်ဆေး ထောက်ပံ့ရေးဆိုင်ရာ အထူးကော်မတီ ဝက်ဘ်ဆိုက်

ကွန်မြူနီတီခေါင်းဆောင်များ

မှတ်ပုံတင်ရန် သင်၏ ကွန်မြူနီတီခေါင်းဆောင်များထံမှ အကူအညီရယူပါ။

ကိုဗစ်-၁၉ ကာကွယ်ဆေးအတွက် မှတ်ပုံတင်နည်း

ကာကွယ်ဆေးကို မည်သူက ထိုးသင့်ပြီး မည်သူက မထိုးသင့်သနည်း။

ကာကွယ်ဆေးထိုးရန် ဘာတွေကို ပြင်ဆင်ထားသင့်သလဲ

မတိုင်မီက

  • သင်၏ ရက်ချိန်းကို စစ်ဆေးပါ။
  • သင်၏ PPV/နေရာ ကိုအတည်ပြုပါ။
  • သင်အချိန်မီ ရောက်ရန်အတွက် သင်၏အချိန်ဇယားနှင့် လမ်းကြောင်းကို စီစဉ်ပါ။
  • သင်ဖျားနာခြင်း မရှိကြောင်း သေချာပါစေ (ကိုဗစ်-၁၉ ကူးစက်ခံရခြင်းနှင့် ပတ်သက်၍ သံသယရှိလျှင် ကျေးဇူးပြု၍ ကြိုတင်ဆေးစစ်ယူထားပါ။ )

အချိန်အတွင်း

  • သင်၏ကိုယ်ပိုင် ဘောပင် ယူလာပါ။
  • သင့်ဖုန်းဘက်ထရီကို လုံလောက်စွာ အားသွင်းထားကြောင်း သေချာပါစေ။
  • သင်၏ MySejahtera အက်ပလီကေးရှင်းသည် ကောင်းစွာလည်ပတ်နေကြောင်း သေချာပါစေ ( သင်၀င်ရောက်ကြည့်ရှုပြီး စစ်ဆေးရန် အပိုင်းအချို့ရှိသည်)။

ပြီးနောက်

  • တစ်နည်းဆိုရသော် သင်၏အဖျားကို ကုသရန်အဆင်သင့် ဖြစ်ပါသလား။ ပါရာစီတမော / ပန်နဒေါ၊ အအေးမိ ဖျားနာခြင်း။
  • လုံလောက်သော အရည်သောက်ပြီး အနားယူပါ။
  • စားစရာတွေ ပြီးအောင်စားထားဖို့ သေခြာပါစေ / ဆေးထိုးပြီးသည့်နောက် နုံးချိခြင်းကို ခံစားရနိုင်တာကြောင့် အစားအစာကို ပြင်ဆင်ထားပါ။

Source: IMARET

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် သဘောတူညီချက်ပုံစံ

ကာကွယ်ဆေးထိုးပေးသည့် စင်တာများ

ပထမအကြိမ် သို့မဟုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးရသေးသည့် မည်သူမဆို ရက်ချိန်းရရှိရန်အတွက် ဖော်ပြပါဆေးခန်းတစ်ခုခုသို့ ဆက်သွယ်သင့်ပါသည်။ ၎င်းတွင် ပထမအကြိမ်ဆေးထိုးထားပြီး ဒုတိယအကြိမ်ဆေးထိုးရန် ပျက်ကွက်သူများလည်း ပါဝင်သည်။

သင်၏ ရက်ချိန်းရရှိရန် ဆေးခန်းတစ်ခုခုသို့ ကျေးဇူးပြု၍ ဖုန်းခေါ်ပါ သို့မဟုတ် အီးမေးလ်ပို့ပါ။ ယင်းနောက် ကာကွယ်ဆေးထိုးရန် ချိန်းထားသည့်နေ့တွင် ဆေးခန်းသို့ သွားပါ။ ရက်ချိန်းမရှိသူများကို ဆေးထိုးပေးမည် မဟုတ်ပါ။

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်းအခြေအနေ – မိမိကိုယ်တိုင်အကြောင်းကြားသောဖောင်

အကယ်၍ သင်သည် ယူအန်အိတ်ချ်စီအာ စာရွက်စာတမ်းကိုင်ဆောင်ထားသူဖြစ်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး၏ လိုအပ်သောထိုးဆေးများကို လက်ခံရရှိပြီးပါက ကျေးဇူးပြု၍ ဤဖောင်ကို ဖြည့်ပါ။ ဖောင်ဖြည့်နည်း ရှင်းပြထားသည့် ဗီဒီယိုကို အောက်တွင် ကြည့်ရှုပါ။