ဒုက္ခသည်များအတွက် ဖြေရှင်းနည်းများ

နေရပ်သို့ ပြန်နိုင်လား သို့မဟုတ် အခြားတစ်နေရာရာကို သွားနိုင်မလား။

ယူအန်အိတ်ချ်စီအာ ပြန်လည်နေရာချထားရေး

မကြာခနမေးလေ့ရှိသည့် မေးခွန်းများ

ယူအန်အိတ်ချ်စီအာ၏ ပြဌာန်းချက်အတွင်းမှ တတိယနိုင်ငံသို့ ပြန်လည်နေရာချထားခြင်းနှင့်ပတ်သက်သော သတင်းအချက် အလက်များကို မည်သည့်နေရာတွင် သိရှိနိုင်မည်နည်း။

ယူအန်အိတ်ချ်စီအာ ပြန်လည်နေရာချထားခြင်းလက်စွဲအုပ်တွင် ပြန်လည်နေရာချထားခြင်းမူဝါဒနှင့် ကျင့်ထုံးဆိုင်ရာ အသေးစိပ် အချက်အလက်များကို ဖော်ပြထားသည်။ ပြန်လည်နေရာချထားခြင်းနိုင်ငံများအနေဖြင့် ၎င်းတို့၏မူဝါဒများနှင့် အစီအစဉ်များကို သက်ဆိုင်ရာ နိုင်ငံများအလိုက် ဖော်ပြထားပြီးဖြစ်သည်။ ပြန်လည်နေရာချထားရေးလက်စွဲစာအုပ်သည် အများပြည်သူဆိုင်ရာ စာရွက်စာတမ်းဖြစ်ပြီး https://www.unhcr.org/46f7c0ee2.pdf တွင် ကြည့်ရှုနိုင်ပါသည်။
ပြန်လည်နေရာချထားခြင်းနှင့်ပတ်သက်၍ ကဏ္ဍအလိုက် အဆိုပြုချက်များကို ယူအန်အိတ်ချ်စီအာ ပြန်လည်နေရာချထားခြင်းလက်စွဲစာအုပ် အခန်း (၆)တွင် ရှင်းပြသည်။ ဖော်ပြပါလင့်ခ်ကို နှိပ်၍ ဤကဏ္ဍကို ဖတ်နိုင်သည်။ https://www.unhcr.org/3d464e842.html

ရေရှည်တည်တံ့သောအဖြေရှာရေးဌာန(DSU)ကို မည်သည့်နေ့ရက်များတွင် ယူအန်အိတ်ချ်စီအာ၌ စုံစမ်းနိုင်သနည်း။

ရေရှည်တည်တံ့သော အဖြရှာရေးဌာန စုံစမ်းရေးကောင်တာကို အပြီးတိုင် ပိတ်သိမ်းပြီးဖြစ်သည်။ ယူအန်အိတ်ချ်စီအာသည် ပိုမိုထိရောက်သော နည်းလမ်းများဖြင့် စုံစမ်းမှုများပြုလုပ်နိုင်ရေးကို အကောင်ထည်ဖော်နေသောကြောင့် စိတ်ရှည်သည်းခံပေးပါရန် မေတ္တာရပ်ခံပါသည်။

အမှုတွဲနှင့် ပတ်သက်၍ ဆွေးနွေးတိုင်ပင်ရန် ရေရှည်တည်တံ့သောအဖြေရှာရေးဌာန(DSU)ကို မည်ကဲ့သို့ ဆက်သွယ်ရမည်နည်း။

အီးမေးလ်ပို့ခြင်း၊ ဖက်စ်ပို့ခြင်း၊ စာပို့ခြင်း သို့မဟုတ် လူကိုယ်တိုင် ရုံးသို့ လာရန် မလိုအပ်ပါ။ သို့သော် အရေးကြီးဆုံးမှာ သင်နှင့်ပတ်သက်သော ဆက်သွယ်ရန် အသေးစိတ်အချက်အလက်များ၊ ဖုန်းနံပတ်များ (WhatsApp – သုံးမသုံး အသိပေးပေးရန်)နှင့် အီးမေးလ်လိပ်စာများကို ယူအန်အိတ်ချ်စီအာ၌ အသိပေးခြင်းဖြင့် လိုအပ်သောရုံးချိန်းကို ရုံးမှ စီစဉ်ပေးနိုင်မည် ဖြစ်သည်။

အကယ်၍ ရေရှည်တည်တံ့သောအဖြေရှာရေးဌာန(DSU)မှ အမှုတွဲကို လက်ခံဆောင်ရွက်ပြီး အမေရိကန်နိုင်ငံသို့ တင်ပြခဲ့ပြီး ဖြစ်သည်။ နောက်ဆုံးရအချက်အလက်များအတွက် မည်သူ့ကို ဆက်သွယ်စုံစမ်းရမည်နည်း။

RSC သည် အမေရိကန်အစိုးရအတွက် အလုပ်လုပ်ပေးသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဒုက္ခသည်များ အမေရိကန်နိုင်ငံတွင် တရားဝင်အခြေချနေထိုင်ခွင့်ရရေး လျောက်လွှာများကို လက်ခံစဉ်းစားပေးနိုင်ရန် ပံ့ပိုးကူညီပေးသည်။ +603 2141 5846 သို့ ဖုန်းဖြင့် ဆက်သွယ်၍လည်းကောင်း၊ KLInquires@rescue.org သို့ အီးမေးလ်ဖြင့် ဆက်သွယ်နိုင်သည်။

မှတ်ပုံတင်အင်တာဗျူးပြီးနောက် ဒုက္ခသည်အဖြစ် အသိမှတ်ပြုရန်နှင့် တတိယနိုင်ငံသို့ ပြန်လည်နေရာချထားရန်အတွက် အချိန်မည်မျှကြာမည်နည်း။

ယူအန်အိတ်ချ်စီအာတွင် မှတ်ပုံတင်ပြီးသူတိုင်းသည် ဒုက္ခသည်အခြေအနေဆုံးဖြတ်ခြင်းလုပ်ငန်းစဉ်တွင် စစ်ဆေးခံရမှာဖြစ်ပြီး တဦးချင်းစီ၏ အပြည်ပြည်ဆိုင်ရာကာကွယ်စောင့်ရှောက်ရေး လိုအပ်ချက်အရ ဒုက္ခသည်တဦးဖြစ်ကြောင်း ဆုံးဖြတ်ချက်မချမှီ အတောအတွင်း အသေးစိတ် အကဲဖြတ်မှတ်တမ်းတင် မေးမြန်းခံရမည်ဖြစ်သည်။ ယူအန်အိတ်ချ်စီအာမှ ဒုက္ခသည်ဖြစ်ကြောင်း သတ်မှတ်ပေးသောသူသာလျှင် တတိယနိုင်ငံသို့ ပြန်လည်နေရာချထားခြင်းအတွက် ရွေးချယ်စဉ်းစားပေးခံရမည် ဖြစ်သည်။ ဒုက္ခသည်အခြေအနေဆုံးဖြတ်ခြင်းနှင့် တတိယနိုင်ငံသို့ ပြန်လည်နေရာချထားခြင်းအတွက် စောင့်ဆိုင်းကာလသည် အမှုတွဲတခုနှင့် တခု လုပ်ငန်းစဉ်ပေါ်တွင် မူတည်သည်။

ကျွန်ုပ်တွင် ဒုက္ခသည်ကဒ်ရှိပြီး ဖြစ်သည်။ တတိယနိုင်ငံသို့ ပြန်လည်နေရာချထားခြင်းအင်တာဗျူးအတွက် မည်သည့်အချိန်တွင် ခေါ်ဆိုခြင်းခံရမည်နည်း။

ဒုက္ခသည်ကဒ်ရှိသောကြောင့် တတိယနိုင်ငံသို့ ပြန်လည်နေရာချထားခြင်းအတွက် အလိုအလျောက် အကြုံးဝင်သည်ဟု ယူဆ၍ မရနိုင်ပါ။ ယင်းအပြင် မလေးရှားနိုင်ငံတွင် နေထိုင်သော ကာလအပိုင်းအခြားသည်လည်း တတိယနိုင်ငံသို့ ပြန်လည်နေရာချထားခြင်းအတွက် အကြုံးဝင်သည်ဟု မဆိုလိုနိုင်ပါ။ ပြန်လည်နေရာချထားခြင်းနှင့်ပတ်သက်၍ ကဏ္ဍအလိုက် အဆိုပြုချက်များကို ယူအန်အိတ်ချ်စီအာ ပြန်လည်နေရာချထားရေးလက်စွဲစာအုပ် အခန်း (၆)တွင် ရှင်းပြထားသည်။ ဖော်ပြပါလင့်ခ်ကို နှိပ်၍ ဤကဏ္ဍကို ဖတ်နိုင်သည်။ https://www.unhcr.org/3d464e842.html

အခြေခံအားဖြင့် ပြန်လည်နေရာချထားရေးအကန့်အသတ်ဖြင့်သာ သတ်မှတ်ထားသောကြောင့် ပြန်လည်နေရာချထားရေး ကိစ္စများအတွက် အရေးတကြီးလိုအပ်မှု၊ ကာကွယ်မှုနှင့် ပြန်လည်နေရာချထားရေး လိုအပ်ချက်များအရ ဦးစားပေးရမည်။

တတိယနိုင်ငံသို့ ပြန်လည်နေရာချထားခြင်းအတွက် ယခုအချိန်တွင် အကြုံးမဝင်ကြောင်း အကြောင်းကြားစာ လက်ခံရရှိခဲ့သည်။ မည်သို့ အဓိပ္ပါယ်ရသနည်း၊ မည်ကဲ့သို့ ပြုလုပ်သင့်သနည်။

ဆိုလိုသည်မှာ လက်ရှိအချိန်တွင် ယူအန်အိတ်ချ်စီအာအနေဖြင့် ယခုအချိန်တွင် တတိယနိုင်ငံ ပြန်လည်နေရာချထားခြင်းကို လက်ခံသည့် နိုင်ငံသို့ သင်၏အမှုတွဲကို လွှဲပြောင်းပေးရန် မဖြစ်နိုင်သေးပါ။ သို့သော် ဒုက္ခသည်အခြေအနေ ပြောင်းမည်ဟု ဆိုလိုခြင်း မဟုတ်ပါ။ ယူအန်အိတ်ချ်စီအာမှ ကူညီထောက်ပံ့ခြင်းနှင့် အပြည်ပြည်ဆိုင်ရာ ကာကွယ်စောင့်ရှောက်ခြင်းကို ဆက်လက်ရရှိသွားမှာ ဖြစ်သည်။

တတိယနိုင်ငံသို့ ပြန်လည်နေရာချထားခြင်း အင်တာဗျူးဖြေဆိုနေစဉ်အတွင်း မိမိအမှုတွဲကို မည်သည့်နိုင်ငံသို့ တင်ပြမည်နည်းဟု မေးမြန်းနိုင်ပါသလား။

မေးမြန်းနိုင်ပါသည်။ သင့်မိသားစုသဘောထားနှင့် ပြန်လည်နေရာချထားခြင်းကိုလက်ခံသည့် မတူညီသောနိုင်ငံများ၏ စံနှုန်းများကို ယူအန်အိတ်ချ်စီအာအနေဖြင့် စဉ်းစားမည် ဖြစ်သည်။ သင်၏မိသားစုအတွက် သင့်လျော်သော တတိယနိုင်ငံသို့ ပြန်လည်နေရာချထားခြင်းကို ယူအန်အိတ်ချ်စီအာမှ ကူညီဆောင်ရွက်သွားမည် ဖြစ်သည်။

တတိယနိုင်ငံသို့ ပြန်လည်နေရာချထားခြင်းအတွက် မိမိစိတ်တိုင်းကျနိုင်ငံကို ရွေးချယ်နိုင်ပါသလား။

ဒုက္ခသည်တဦး၏ လိုလားမှု၊ စိတ်ဝင်စားမှုကို ယူအန်အိတ်ချ်စီအာမှ အလေးထားအသိအမှတ်ပြုသော်လည်း မည်သည့်နိုင်ငံကို အဆိုပြုပေးမည်ဆိုသော နောက်ဆုံးဆုံးဖြတ်ချက်သည် ယူအန်အိတ်ချ်စီအာအပေါ်တွင်သာ မူတည်သည်။ ယင်းသို့ ဆုံးဖြတ်ချက်ချပြီးနောက် ယူအန်အိတ် ချ်စီအာမှ ဒုက္ခသည်များ၏ မည်သည့်လိုအပ်ချက်များကိုမဆို သူတို့၏ မိသားစု ဆက်စပ်မှုများကို ထည့်သွင်းစဉ်းစားမည် ဖြစ်သည်။

တတိယနိုင်ငံသို့ ပြန်လည်နေရာချထားခြင်းအတွက် ရွေးချယ်ပေးထားသော နိုင်ငံကို ငြင်းပယ်နိုင်ပါသလား။ ငြင်းပယ်ပြီးနောက် ကျွန်ုပ်၏ အမှုတွဲနှင့်ပါတ်သက်ပြီး မည်သို့ ဖြစ်မည်နည်း။

အကယ်၍ တတိယနိုင်ငံသို့ ပြန်လည်နေရာချထားခြင်းအတွက် ရွေးချယ်ပေးထားသော နိုင်ငံကို လက်ခံမစဉ်းစားခဲ့လျင် နောက်နောင် တတိယနိုင်ငံသို့ ပြန်လည်နေရာချထားခြင်းအတွက် ချန်လှပ်ထားခြင်းခံရမည်။ အကယ်၍ သင်၏အမှုတွဲကို လက်ခံပြီးသော တတိယနိုင်ငံ ပြန်လည်နေရာချထားခြင်းအင်တာဗျူးကို ရုပ်သိမ်းရန်ဆုံးဖြတ်ပါက ယင်းနှင့်ပတ်သက်သော နောက်ဆက်တွဲ အကျိုးဆက်များကို ယူအန်အိတ်ချ်စီအာမှ ဆွေးနွေးတိုင်ပင်မည်ဖြစ်သည်။ သင်ရွေးထားသောနိုင်ငံကိုလည်း ယူအန်အိတ်ချ်စီအာမှ ထပ်မံ၍ တင်ပေးမည် မဟုတ်ပါ။ ပြန်လည်နေရာချထားခြင်းအတွက် ထပ်မံတင်သွင်းစဉ်းစားပေးရန်ရှိ၊ မရှိဆိုသည် တတိယနိုင်ငံ အခြချခြင်းကို လက်ခံမည့်နိုင်ငံများ၏ ဆုံးဖြတ်ချက်ပေါ်တွင် မူတည်မည် ဖြစ်သည်။

တတိယနိုင်ငံသို့ ပြန်လည်နေရာချထားခြင်း အင်တာဗျူးကို ဖြေဆိုပြီးပြီ။ တတိယနိုင်ငံ အခြချခြင်းကို လက်ခံသောနိုင်ငံ၏ အင်တာဗျူးအတွက် မည်သည့်အချိန်တွင် ခေါ်ဆိုအသိပေးမည်နည်း။

တတိယနိုင်ငံသို့ ပြန်လည်နေရာချထားခြင်းနှင့်ပတ်သက်သော အင်တာဗျူး၏ ရည်ရွယ်ချက်သည် တတိယနိုင်ငံသို့ အခြေချနိုင်ရန်အတွက် အကဲဖြတ်ဆုံးဖြတ်ပေးခြင်း ဖြစ်သည်။ ပြန်လည်နေရာချထားရေးအင်တာဗျူးအပြီးတွင် ပြန်လည်နေရာချထားရေးအတွက် တင်သွင်းခြင်း ပြုလုပ်သင့် မသင့် ဆုံးဖြတ်ချက်မချမှီ သင်၏ အမှုကို ပြန်လည် သုံးသပ်သွားမည် ဖြစ်သည်။ ဤလုပ်ငန်းစဉ်အတွက် ကြာမြင့်ချိန်သည် အမှုတွဲတခုနှင့် တခု၏ ခြားနားချက်ပေါ်တွင် မူတည်သည်။ အကယ်၍ သင်၏ အမူတွဲကို အမေရိကန်နိုင်ငံသို့ လွဲပြောင်းပြီးနောက် တတိယနိုင်ငံ အခြေချခြင်း ထောက်ပံ့ရေးဌာန (RSC) မှ သင်၏ RSC အင်တာဗျူးရက်စွဲကို ဆက်သွယ်အကြောင်းကြားမည် ဖြစ်သည်။ အမေရိကန် ပြည်ထောင်စု မှလွဲ၍ အခြားနိုင်ငံများအတွက်မူ ယူအန်အိတ်ချ်စီအာသည် ပြန်လည်နေရာချထားရေး နိုင်ငံအရာရှိများနှင့် တွေ့ဆုံမေးမြန်းမည့် အင်တာဗျူးနေ့ရက်နှင့် ပတ်သက်၍ သတင်းအချက်အလက်ပေးရန် သင့်အား ဆက်သွယ်မည် ဖြစ်သည်။

တတိယနိုင်ငံသို့ ပြန်လည်နေရာချထားခြင်း လက်ခံသည့် နိုင်ငံမှ ဆက်သွယ်လာခြင်းမရှိပါ။ မည်သည့်အချိန်တွင် အကြောင်းကြားမည်နည်း။

The processing times for resettlement remains long and unpredictable. ပြန်လည်နေရာချထားခြင်းကို လက်ခံသည့် နိုင်ငံ၏ လမ်းညွှန်ချက်များ၊ ဦးစားပေးမှုများပေါ်တွင် မူတည်ပြီး ယူအန်အိတ်ချ်စီအာ၏ ကွပ်ကဲမှုအောက်တွင် မရှိပါ။

တတိယနိုင်ငံသို့ အခြေချခြင်းအတွက် ကျွန်ုပ်၏ အမူတွဲကို ဆိုင်းငံထားကြောင်း ရေရှည်တည်တံ့သော အဖြေရှာရေးဌာန (DSU)မှ ဖုန်းဆက် အကြောင်းကြားသည်။ နောက်ထပ် သတင်းအချက်အလက်များကို မည်ကဲ့သို့ ရရှိနိုင်မည်နည်း။

လျှို့ဝှက်ကာကွယ်ပေးရန်လိုအပ်ချက်အရ ယူအန်အိတ်ချ်စီအာအနေဖြင့် မည်သည့်အတွက်ကြောင့် ဆိုင်းငံ့ထားသည်ကို တဦးချင်းစီအား အမြဲတမ်းရှင်းပြပေးမည် မဟုတ်ပါ။ မဟုတ်ပါ။ အမျိုးမျိုးသောအကြောင်းပြချက်များကြောင့် အမူတွဲများကို ဆိုင်းငံ့ထားခြင်း ဖြစ်နိုင်သည်။ သို့သော် ယင်း အကြောင်းပြချက်များကို သုံးသပ်ခြင်း၊ သံသယဖြစ်ဖွယ်များကို ရှင်းလင်း၊ ဖြေရှင်းပြီးနောက် တတိယနိုင်ငံ အခြေချခြင်း အစီအစဉ်ကို ပြန်လည် စတင်ပေးမည်ဖြစ်သည်။ ယူအန်အိတ်ချ်စီအာကို ချဉ်းကပ်ခြင်း (သို့မဟုတ်) သင်၏ အမူတွဲနှင့် ပတ်သက်၍ မကြာခဏ စုံစမ်းမေးမြန်းခြင်းသည် သင်၏ အမူတွဲကို ပြောင်းလဲစေမည်မဟုတ်သည့်အပြင် ပို၍ မြန်ဆန်ရန် ကူညီရာလည်း မရောက်ပါ။

အမေရိကန်နိုင်ငံသို့ ပြန်လည်နေရာချထားခြင်းအတွက် အမှုတွဲကို လွဲပြောင်းပေးပြီး ဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် အထောက်အထား လိမ်လည်မှုတွင် ပါဝင်ပတ်သက်ခဲ့သည်။ ဝန်ခံပြီးနောက် အမှုတွဲကို ဆိုင်ငံ့ထားခဲ့သည်။ မည်သည့်အချိန်တွင် အင်တာဗျူးဖြေဆိုပြီး တတိယနိုင်ငံသို့ ပြန်လည်နေရာချထားခွင့်ရမည်နည်း။

ယင်းကဲ့သို့ အထောက်အထား လိမ်လည်မူများနှင့် ငြိ့စွန်းသောသူများကို မတ်လ နှင့် ဧပြီလ ၂၀၁၉ခုနှစ်တွင် အမေရိကန်နိုင်ငံ အမိမြေ လုံခြုံရေး (DHS) အရာရှိများမှ လူတွေ့မေးမြန်း စစ်ဆေးခဲ့သည်။ သင့်အမူတွဲနှင့် ပတ်သက်၍ အသေးစိပ် သိလိုပါက +603 2141 5846 သို့ ဖုန်းဖြင့် ဆက်သွယ်၍ သော်လည်းကောင်း၊ KLInquires@rescue.org သို့ အီးမေးလ်ဖြင့် ဆက်သွယ်နိုင်ပါသည်။

ကျန်းမာရေး စစ်ဆေးမှုပြုလုပ်ပြီးဖြစ်သော်လည်း ထပ်မံ၍ ကျန်းမာရေး စစ်ဆေးမှုခံယူရန် အိုင်အိုအမ်မှ အကြောင်းကြားခဲ့သည်။ မည်သည့်အတွက်ကြောင့်နည်း။

ပြန်လည်နေရာချထားခြင်းကိုလက်ခံသည့် နိုင်ငံများသည် ဒုက္ခသည်များ၏ နောက်ဆုံးရ ကျန်းမာရေး စစ်ဆေးမှုအချက်အလက်များ လိုအပ်ပါသည်။ ဒုက္ခသည်များအနေဖြင့် ပြန်လည်နေရာချထားခြင်းကို လက်ခံသည့်နိုင်ငံများ၏ ပေါ်လစီများအပေါ်တွင် မူတည်ပြီး ပြည်ပထွက်ခွာခြင်းမတိုင်မီ တကြိမ်ထပ် ပိုပြီး ကျန်းမာရေး စစ်ဆေးမှု ခံယူကောင်း ခံရနိုင်သည်။

မည်သည့်အတွက်ကြောင့် ကျွနိုပ်၏ တတိယနိုင်ငံသို့ ပြန်လည်နေရာချထားခြင်း လုပ်ငန်းစဉ် ကြန့်ကြာနေရသနည်း။

တတိယနိုင်ငံသို့ အခြေချခြင်းလုပ်ငန်းစဉ်၌ အချိန်ကြန့်ကြာနေရခြင်းမှာ ကာကွယ်စောင့်ရှောက်မှု လိုအပ်နေသော လူတိုင်းနှင့်ပတ်သက်ခြင်း၊ ကြာမြင့်ချိန်မှာ နိုင်ငံတနိုင်ငံနှင့် တနိုင်ငံကွဲပြားခြင်း၊ မတူညီသော လူဝင်မူကြီးကြပ်ရေး ဥပဒေများ၊ ဦးစားပေးသတ်မှတ်ချက်များနှင့် လိုအပ်သော ကူညီထောက်ပံ့မှုများအပေါ်တွင် မူတည်သည်။ ယူအန်အိတ်ချ်စီအာ၏ တတိယနိုင်ငံသို့ အခြေချခြင်းလုပ်ငန်းစဉ် အင်တာဗျူး ဖြေဆိုပြီး ချိန်မှ ပြည်ပထွက်ခွာချိန်အထိ အချိန်မည်မျှ ကြာမြင့်မည်ကို ခန့်မှန်းရန် အလွန်ခက်ခဲသည်။ မွေးဖွားခြင်း၊ အိမ်ထောင်ပြုခြင်း၊ ကိုယ်ဝန်ဆောင် ခြင်း၊ လင်မယားကွာရှင်းခြင်းနှင့် ခလေးများထိန်းသိမ်းစောင့်ရှောက်ခြင်း၊ မှတ်ပုံတင်ပြုလုပ်ခြင်း၊ သေဆုံးခြင်း အစရှိသော ပြဿနာများ ကြုံ ကြိုက်နိုင်သောကြောင့် သေချာစွာ အကဲခတ်ဖြေရှင်းရန် လိုအပ်သည်။

ကျွန်ုပ်မိသားစုသည် ရေရှည်တည်တံ့သောအဖြေရှာခြင်းကို ယနေ့ထိ စောင့်ဆိုင်းနေပါသည်။ တတ တတိယနိုင်ငံသို့ ပြန်လည်နေရာချခြင်း လုပ်ငန်းစဉ်ကို ဆက်လုပ်နိုင်ပါသလား။ မိသားစုဝင်များ မည်ကဲ့သို့ဖြစ်လာနိုင်သနည်း။ ပြန်လည်နေရာချထားခြင်းကို လက်ခံသည့်နိုင်ငံတွင် မိသားစုဝင်များနှင့် ပြန်လည်ပေါင်းစည်းရန် ယူအန်အိတ်ချ် စီအာမှ ကူညီပံပိုးနိုင်ပါသလား။

ယူအန်အိတ်ချ်စီအာသည် မိသားစု ပြန်လည်ပေါင်းစည်းနိုင်ရေး၊ ခိုင်မာသောမိသားစု ဆက်ဆံရေး ပြန်လည်ရရှိရေးကို ပံ့ပိုးကူညီမည်ဖြစ်ပြီး မိသားစုဝင်များကို တကွဲတပြားစီဖြစ်အောင် လုပ်မည်မဟုတ်ပါ။ မှတ်ပုံတင်ထားခြင်းမရှိသေးသော မိသားစုဝင်များကိုလည်း ယူအန်အိတ်ချ်စီအာသို့ အသိပေးရန် အရေးကြီးပါသည်။ မိသားစုဝင်များ ပါဝင်ပတ်သက်ခြင်းနှင့် အကျိုးဆက်များအတွက် ဆွေးနွေးအကြံပေးခြင်းများကို ယူအန်အိတ်ချ်စီအာမှ စီစဉ်ပေးမည်ဖြစ်သည်။

အကယ်၍ ဒုက္ခသည်မဟုတ်သောသူကို လက်ထပ်ပါက၊ ခင်ပွန်း (သို့) ဇနီးနှင့် သား သမီးများသည် ယူအန်အိတ်ချ်စီအာကဒ်ကို ရနိုင်ပါသလား၊ ကျွနိုပ်နှင့်အတူ တတိယနိုင်ငံသို့သွားနိုင်ပါသလား။

ဒုက္ခသည်တဦးသည် ဒုက္ခသည်မဟုတ်သောသူကို လက်ထပ်လျှင် တတိယနိုင်ငံသို့ ပြန်လည်နေရာချထားခြင်းအတွက် ယူအန်အိတ်ချ်စီအာမှ ဦးစားပေးမည် မဟုတ်ပါ။ အကယ်၍ ဒုက္ခသည်မဟုတ်သောသူကို လက်ထပ်ထားလျှင် သင်၏ ခင်ပွန်း သို့မဟုတ် ဇနီးသည်၏ နိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့် သို့မဟုတ် နိုင်ငံသားခံယူနိုင်ခွင့်ရှိသည်။ ဒုက္ခသည် မဟုတ်သောသူနှင့် လက်ထပ်ခြင်းကို ယူအန်အိတ်ချ်စီအာမှ တတိယနိုင်ငံသို့ ပြန်လည်နေရာချထားခြင်းအတွက် ဆောင်ရွက်ခြင်းမပြုမီ ယင်းပုဂ္ဂိုလ်၏ ခံစားခွင့် အခြေအနေများ၊ မိသားစုအခြေအနေများကို သေချာစွာ စီစစ်မည်ဖြစ်သည်။ သင်၏ ခင်ပွန်း သို့မဟုတ် ဇနီးသည် မလေးရှားနိုင်ငံသားဖြစ်လျှင် သင်၏ အမှုတွဲကို ရေရှည်တည်တံသော အဖြေရှာရေးဌာနမှ ကာကွယ်စောင့်ရှောက်ပေးသောဌာနသို့ လွဲပြောင်းပေးမည်ဖြစ်ပြီး သင်နှင့် သင့်သားသမီးများ၏ နိုင်ငံသားခံယူခွင့် အခွင့်အရေးကို ပြန်လည်ဆန်းစစ်မည် ဖြစ်သည်။

ကျွနိုပ်သည် မယားပြိုင်ယူထားသောသူဖြစ်ပါသည်။ ဇနီးသည်များနှင့်အတူ တတိယနိုင်ငံသို့ ပြန်လည်နေရာချထားခွင့် ရနိုင်ပါသလား။

များသောအားဖြင့် တတိယနိုင်ငံသို့ ပြန်လည်နေရချထားခြင်းကို လက်ခံသောနိုင်ငံများတွင် မယားပြိုင်ယူခြင်းသည် တရားဥပဒေနှင့် ဆန့်ကျင်သည့်အတွက်ကြောင့် ဒုက္ခသည်များသည် မယားပြိုင်ယူရန် ဆန္ဒဆက်လက်ရှိပါက တတိယနိုင်ငံသို့ အခြေချခွင့်မရပါ။ မိသားစုသည် အိမ်ထောင်ဖက်များနှင့် သူတို့၏ ကလေးများအတွက် အကောင်းဆုံးအစီအစဉ်များကို စဉ်းစားရန် လိုအပ်ပြီး မိသားစုဝင်တစ်ဦးချင်းစီ၏ တတိယနိုင်ငံသို့ ပြန်လည်နေရာချထားခွင့် အလားအလာများကို ယူအန်အိတ်ချ်စီအာမှ ဆွေးနွေးတိုင်ပင်သွားမည်ဖြစ်သည်။

ကျွန်ုပ်အား ပြန်လည်နေရာချထားခြင်းကို လက်ခံသောနိုင်ငံမှ ငြင်းပယ်ခဲ့သည်။ ဘာဆက် ဖြစ်မည်နည်း။

ပြန်လည်နေရာချထားခြင်းကို လက်ခံသောအခြားနိုင်ငံသို့ သင့်အမှုတွဲကို အလိုအလျောက် ထပ်မံ၍ လွှဲပြောင်းပေးမည် မဟုတ်ပါ။ သင့်မိသားစု၏ အဓိကလိုအပ်ချက်များကို ထည့်သွင်းစဉ်းစားပေးပြီး အမှုတွဲ တစ်ခုနှင့်တစ်ခုပေါ်မူတည်၍ ယူအန်အိတ်ချ်စီအာမှ ပြန်လည်သုံးသပ် ဆောင်ရွက်ပေးမည် ဖြစ်သည်။ တတိယနိုင်ငံသို့ ပြန်လည်နေရချထားရေး လက်ခံသောနိုင်ငံများ၏ မတူညီသောမူဝါဒများအရ နိုင်ငံတစ်နိုင်ငံမှ သင့်အမှုတွဲကို ငြင်းပယ်ပြီးပါက နောက်ထပ်တစ်နိုင်ငံမှ လက်ခံလိမ့်မည်ဟု မယူဆသင့်ပါ။

ယူအန်အိတ်ချ်စီအာမှ တတိယနိုင်ငံသို့ ပြန်လည်နေရာချထားခြင်းအခွင့်အရေးနှင့် စပွန်ဆာ အစီအစဉ် (၂)မျိုးကို ကမ်းလှမ်းခြင်းခံရသည်။ ကျွနိုပ်သည် စပွန်ဆာအစီအစဉ်ကို ရွေးချယ်လိုက်လျှင် ကျွနိုပ်၏ တတိယနိုင်ငံသို့ ပြန်လည်နေရာချထားခြင်း အခွင့်အလမ်းကို တခြားမိသားစုများ သို့မဟုတ် ကွန်မြူနီတီ အဖွဲ့ဝင်များကို လွှဲပြောင်းပေးနိုင်သလား။

တစ်စုံတစ်ဦး သို့မဟုတ် မိသားစုတစ်စု၏ တတိယနိုင်ငံသို့ ပြန်လည်နေရာချထားရေး တင်ပြခြင်းသည် ပြန်လည်နေရာချထားပေးရန် လိုအပ်ကြောင်း အကဲဖြတ်ဆုံးဖြတ်ချက်ပေါ်တွင် အခြေခံသည်။ ယူအန်အိတ်ချ်စီအာအနေဖြင့် အခြားရေရှည်တည်တံ့သော အဖြေတစ်ခုရှိသည့် မိသားစုတစ်စုကို တတိယနိုင်ငံသို့ ပြန်လည်နေရာချထားခြင်းအတွက် အားပေးမည် မဟုတ်ပါ။

ယူအန်အိတ်ချ်စီအာ၏ ပြဌာန်းချက်အတွင်း မိမိဆန္ဒအလျောက် နေရပ်တိုင်းပြည်သို့ပြန်ခြင်းနှင့်ပတ်သက်သော သတင်းအချက်အလက်များကို မည်သည့် နေရာတွင် သိရှိနိုင်မည်နည်း။

မိမိဆန္ဒအလျောက် နေရပ်တိုင်းပြည်သို့ ပြန်ခြင်း မူဝါဒနှင့် ရည်ရွယ်ချက်များကို ယူအန်အိတ်ချ်စီအာ၏ မိမိဆန္ဒအလျောက် နေရပ်တိုင်းပြည်သို့ ပြန်ခြင်းလက်စွဲစာအုပ်တွင် အသေးစိပ်ဖော်ပြထားသည်။ ယင်းလက်စွဲစာအုပ်သည် အများ ပြည်သူဖတ်ရှု့နိုင်ရန် စီစဉ်ထားသော စာအုပ်ဖြစ်ပြီး ဖော်ပြပါလိပ်စာတွင် တွေ့နိုင်ပါသည်။ https://www.unhcr.org/en-my/publications/legal/3bfe68d32/handbook-voluntary-repatriation-international-protection.html?query=handbook%20voluntary%20repatriation

ကျွန်ုပ်သည် ယူအန်အိတ်ချ်စီအာတွင် မှတ်ပုံတင်ထားသူတစ်ဉီးဖြစ်ပြီး နေရပ်တိုင်းပြည်သို့ ပြန်လိုပါသည်။ ယူအန်အိတ်ချ်စီအာအနေဖြင့် ကူညီနိုင်ပါသလား။

အကယ်၍ နေရပ်တိုင်းပြည်သို့ ပြန်လိုပါက ပြန်လိုသောအကြောင်းရင်းကို ယူအန်အိတ်ချ်စီအာသို့ အကြောင်းကြားနိုင်သည်။

(၁) နံနက် ၈ နာရီမှ နေ့လည် ၁၂ နာရီထိ၊ တနင်္လာနေ့ မှ သောကြာအထိ UNHCR ရုံးသို့ အချိန်မရွေး လာရောက်ခြင်း၊

(၂) သင်၏ ရုံးချိန်းအတွင်း ယူအန်အိတ်ချ်စီအာမှ အရာရှိအား အကြောင်းကြားခြင်း၊

(၃) ရေရှည်တည်တံ့သော အဖြေရှာရေးဌာန DSU ကို 03-21184800 သို့ ခေါ်ဆိုပြီး -> နံပါတ် ၂ ကိုနှိပ်၍ အသိပေးခြင်း၊

(၄) သင်၏ သံရုံးကို သွားရောက်ခြင်း (မှတ်ချက်။ ။ အဆင်ပြေမှသာ သွားရောက်ရန်)

သို့မဟုတ်

(၅) အပြည်ပြည်ဆိုင်ရာ ရွေ့ပြောင်းနေထိုင်သူများဆိုင်ရာ အဖွဲ့အစည်း (IOM) သွားရောက်ခြင်း

ပြန်လိုသော ဆန္ဒနှင့်ပါတ်သက်သောအချက်အလက်များရရှိပြီးနောက် မိမိဆန္ဒအလျောက် နေရပ်တိုင်းပြည်သို့ပြန်ခြင်းအတွက် အကြံပေးဆွေးနွေးရန် နောက်ပိုင်းတွင် ယူအန်အိတ်ချ်စီအာမှ သင့်ကို ဆက်သွယ်မည် ဖြစ်သည်။ ဖြစ်သည်။ အကြံပေးဆွေးနွေးစဉ်အတွင်း မိမိဆန္ဒ အလျောက်ပြန်ခြင်းနှင့် ပြန်လည်ပေါင်းစည်းရေးပံ့ပိုးမှုအစီအစဉ် (AVRR)ခေါင်းစဉ်အောက်တွင် ရွေးချယ်စရာများဖြင့် သင့်အား ရှင်းပြသွားမှာ ဖြစ်သည်။ မိမိဆန္ဒ အလျောက်ပြန်ခြင်းနှင့် ပြန်လည်ပေါင်းစည်းရေးပံ့ပိုးမှုအစီအစဉ် (AVRR)ကို IOM မှ ပံ့ပိုးသွားမှာဖြစ်ပြီး သင်၏ ထွက်ခွာမှုအတွက် စီစဉ်ပေးရန် ဖြစ်သည်။ ဖော်ပြပါ တွေ့ဆုံဆွေးနွေးခြင်းများဖြင့် နေရပ်တိုင်းပြည်သို့ပြန်ရန် ဆုံးဖြတ်ထားဆဲဖြစ်ပါက ယူအန်အိတ်ချ်စီအာသည် မလေးရှားမှ ထွက်ခွာခွင့်ရရန် မိမိဆန္ဒအလျောက် နေရပ်တိုင်းပြည်သို့ ပြန်ရန်လျှောက်လွှာ (VRF)ကို စီစဉ်ပေးမည် ဖြစ်သည်။ စုစုပေါင်း လုပ်ငန်းစဉ်မှာ (၁)လ မှ (၃)လအတွင်း ကြာနိုင်ပါသည်။ ယင်းသည် လိုအပ်သည့် စာရွက်စာတမ်းများ ရှိမရှိနှင့် ထောက်ပံ့ပို့ဆောင်ရေး အစီအစဉ်များပေါ်တွင် မူတည်သည်။ ထွက်ခွာခွင့်ပါမစ်ဒဏ်ကြေးငွေကို ပေးဆောင်ရမှာ ဖြစ်ပြီး ယာယီနေထိုင်ခွင့်အတွက် တဦးလျှင် ရင်းဂစ် ၁၀၀ ပေးဆောင်ရမှာ ဖြစ်သည်။

မိမိဆန္ဒအလျောက် နေရပ်တိုင်းပြည်သို့ ပြန်ရန်လျှောက်လွှာ (VRF)ကို နေရပ်သို့ ပြန်လိုကြောင်း ရုံးကို အသိပေးသည့်နေ့တွင် ယူအန်အိတ်ချ်စီအာအနေဖြင့် ကျွန်ုပ်အား ထုတ်ပေးနိုင်သလား။

အထက်တွင် ဖော်ပြခဲ့သည့် လုပ်ငန်းစဉ်များနှင့် သတ်မှတ်ကာလအရ ယူအန်အိတ်ချ်စီအာအနေဖြင့် နေရပ်သို့ ပြန်လိုကြောင်း ရုံးကို အသိပေးသည့်နေ့တွင် မိမိဆန္ဒအလျောက် နေရပ်တိုင်းပြည်သို့ ပြန်ရန်လျှောက်လွှာ (VRF)ကို ထုတ်ပေးနိုင်မည် မဟုတ်ပါ။ မိမိဆန္ဒအလျောက် နေရပ်တိုင်းပြည်သို့ပြန်ခြင်းနှင့်ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်ခြင်းမပြုမှီ လေယာဉ်လက်မှတ်ကို ကျေးဇူးပြု၍ မဝယ်ပါနဲ့၊ ဆုံးရှုံးနိုင်သောကြောင့် ဖြစ်သည်။ ဆွေးနွေးတိုင်ပင်စဉ်အတွင်း လေယာဉ်လက်မှတ်ဝယ်ယူရမည့် အချိန်အပါအဝင် မလေးရှားမှ ထွက်ခွာရန် လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းစဉ်များအား ရှင်းပြမည် ဖြစ်သည်။

ဒုက္ခသည်အခြေအနေအတွက် လျောက်ထားချက်အား ငြင်းပယ်ခံခဲ့ရပါသည်။ နေရပ်တိုင်းပြည်သို့ ယခု ပြန်လိုပါသည်။ ယူအန်အိတ်ချ်စီအာ အနေဖြင့် ကူညီနိုင်ပါသလား။

ဆွေးနွေးတိုင်ပင်ရန်အတွက် IOM ကို ချဉ်းကပ်ပါ။ လျှောက်ထားသူအားလုံးသည် သူတို့၏ ထွက်ခွာခွင့်လျှောက်ထားခြင်းနှင့် ဒဏ်ကြေးငွေအပြင် ယာယီနေထိုင်ခွင့်အတွက် ကုန်ကျစရိတ်များကို ပေးဆောင်ရမည်ဖြစ်သည်။ ယူအန်အိတ်ချ်စီအာအနေဖြင့် မိမိဆန္ဒအလျောက် နေရပ်တိုင်းပြည်သို့ ပြန်ရန် လျှောက်လွှာ (VRF)ကို ထုတ်ပေးမည် မဟုတ်ပါ။

ရေရှည်တည်တံ့သော အဖြေရှာရေးဌာန DSU မှ စီစဉ်သော မိမိဆန္ဒအလျောက် နေရပ်တိုင်းပြည်သို့ ပြန်ခြင်းဆွေးနွေးပွဲကို တက်ရောက်ခဲ့ပါတယ်။ ကျွန်ုပ်၏ အိမ်ပြန်ခရီးစဉ် စီစဉ်ထားမှုနှင့်ပါတ်သက်ပြီး အချိန်နှင့်တပြေးညီသိရှိရန်အတွက် ရေရှည်တည်တံ့သော အဖြေရှာရေးဌာန DSUကို ဆက်သွယ်နိုင်ပါသလား။

ရေရှည်တည်တံ့သော အဖြေရှာရေးဌာန DSUကို ဆက်သွယ်ရန် ရုံးသို့ လာရန် သို့မဟုတ် စာပို့ခြင်း၊ ဖက်စ်ပို့ခြင်း သို့မဟုတ် အီးမေးလ်ပို့ရန် မလိုပါ။ အကယ်၍ သင်၏ အိမ်ပြန်ခရီးစဉ်ကို ကူညီရန် သို့မဟုတ် ဆက်လက်ဆောင်ရွက်ရေးအတွက် ဆိုင်းငံ့ထားသော ပြဿနာများကို ဖြေရှင်းရန်လိုအပ်ပါက ရေရှည်တည်တံ့သော အဖြေရှာရေးဌာနမှ ဝန်ထမ်းသည် သင့်ကို ဆက်သွယ်မည် ဖြစ်သည်။ ထို့ကြောင့် သင်၏ ဆက်သွယ်ရန် အသေးစိတ်အချက်အလက်များကို ဆက်လက်ထိန်းသိမ်းထားရန်အလွန်အရေးကြီးသည်။ မည်သည့်တယ်လီဖုန်းနံပါတ်များ (သင် သည် WhatsApp အသုံးပြုသည်ဆိုပါက ကျေးဇူးပြု၍ ဖော်ပြပါ။)နှင့် အီးမေးလ်လိပ်စာများကို ယူအန်အိတ်ချ်စီအာကို အသိပေးရန် လိုအပ်သည်။ သို့မှသာ ၀န်ထမ်းများက လိုအပ်သည့်အခါတိုင်း သင့်ကို ဆက်သွယ်နိုင်မည် ဖြစ်သည်။

လုံခြုံမှုမရှိသောကြောင့် နေရပ်တိုင်းပြည်သို့ ပြန်ရန် မဖြစ်နိုင်ပါ။ သို့သော် နေရပ်တိုင်ပြည်၏ အိမ်နီးနားချင်းတိုင်းပြည်သို့ ယူအန်အိတ်ချ်စီအာမှ ကျွန်ုပ်ကို ပို့ပေးနိုင်ပါသလား။

မိမိဆန္ဒအလျောက် အိမ်ပြန်ခြင်းဆိုသည်မှာ ဘေးကင်းလုံခြုံရေးနှင့် ဂုဏ်သိက္ခာရှိသော အခြေအနေများနှင့်အတူ တစ်ဦး၏ ဇာစ်မြစ်တိုင်းပြည်သို့ မိမိဆန္ဒအလျောက် အိမ်ပြန်ခြင်းကို ဆိုလိုပါသည်။ သို့သော် ယူအန်အိတ်ချ်စီအာအနေဖြင့် အိမ်နီးချင်းတိုင်းပြည်သို့ ခရီးသွားရန် စီစဉ်ကူညီပေးမည် သို့မဟုတ် ပံ့ပိုးပေးမည်မဟုတ်ပါ။

ကျွန်ုပ်ဘဝသည် မလေးရှားတွင် အရမ်းခက်ခဲပါသည်။ ကျွန်ုပ်အနေဖြင့် အခြားတိုင်းပြည်သို့ သွားရောက်လိုပါသည်။ မိမိဆန္ဒအလျောက် နေရပ်တိုင်းပြည်သို့ပြန်ရန် လျှောက်လွှာ(VRF)ကို ယူအန်အိတ်ချ်စီအာမှ ထုတ်ပေးနိုင်ပါသလား။

အကယ်၍ တစုံတဦးတယောက်သည် မိမိတိုင်ပြည်သို့ ပြန်ရန် ဆန္ဒရှိသောသူအတွက်သာ မိမိ ဆန္ဒအလျောက်အိမ်ပြန်ခြင်း လျှောက်လွှာ(VRF)ကို ထုတ်ပေးသည်။

နေရပ်တိုင်းပြည်သို့ အတင်းအကြပ်ပြန်ပို့ခံရမည့် အန္တရာယ်နှင့် ကြုံတွေ့နေရပါက ယူအန်အိတ်ချ်စီအာအနေဖြင့် ကူညီဖြေရှင်းပေးနိုင်ပါသလား။

အထူးသဖြင့် တစ်စုံတစ်ယောက်၏ ဘဝသည် အကယ်၍ ပြန်ခဲ့ပါက အန္တရာယ်ရှိနိုင်သည်ဟု ယူဆရသော အကြောင်းပြချက်များရှိပါက နေရပ်တိုင်းပြည်သို့ ပြည်နှင်ဒဏ်ပေးခံရသော ထိုသူကို ယူအန်အိတ်ချ်စီအာအနေဖြင့် ထောက်ခံ ကာကွယ်သွားမှာ ဖြစ်သည်။