ကွာလာလမ်ပူ၊ ဆလန်ဂေါနှင့် ပူထရာဂျာယာမြို့များတွင် အခြေအနေပေါ်မူတည်သော လည်ပတ်ဆောင်ရွက်မှု ထိန်းချုပ်မိန့် (CMCO)

Tuesday / 13 October 2020

ကွာလာလမ်ပူ၊ ဆလန်ဂေါနှင့် ပူထရာဂျာယာမြို့များကို အခြေအနေပေါ်မူတည်သော လည်ပတ်ဆောင်ရွက်မှု ထိန်းချုပ်မိန့် (CMCO)အောက်တွင် ရှိမည်ဖြစ်ကြောင်း မလေးရှားအစိုးရမှ ကြေညာချက်ထုတ်ပြန်ထားသည်ကို ကျေးဇူးပြု၍ မှတ်သားထားပါ။ ကလန်းဗယ်လီအတွင်းရှိ နေရာအများစုတွင် ကိုဗစ်-၁၉ ဖြစ်ပွားမှု များပြားလာခြင်းကြောင့် ဤကဲ့သို့ သတ်မှတ်ရခြင်းဖြစ်သည်။

အခြေအနေပေါ်မူတည်သော လည်ပတ်ဆောင်ရွက်မှု ထိန်းချုပ်မိန့်(CMCO)သည် ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့ သန်းခေါင်ယံမှ စတင်မည်ဖြစ်ပြီး ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၂၇ရက်နေ့ အထိ ဖြစ်သည်။

ဤကာလအတွင်း အခြားခရိုင်များသို့ ခရီးသွားလာခြင်းကို ခွင့်ပြုမည် မဟုတ်ပါ။ အကယ်၍ အလုပ်ကိစ္စနှင့် ပတ်သက်၍ ခရီးသွားရန် လိုအပ်ပါက အလုပ်ရှင်မှ အလုပ်လုပ်ခွင့် (သို့) စာတစ်စောင်ကို ထုတ်ပေးရန် လိုအပ်သည်။

စာသင်ကျောင်းများနှင့် ဝတ်ပြုကိုးကွယ်မှုဆိုင်ရာ နေရာအားလုံးကို ပိတ်ထားမည် ဖြစ်သည်။ မင်္ဂလာဆောင် များအပါအဝင် အားကစားနှင့် လူမှုရေးဆိုင်ရာ လှုပ်ရှားမှုများစသည့် အပန်းဖြေ လှုပ်ရှားမှုများကို ခွင့်ပြုမည် မဟုတ်ပါ။

နောက်ထပ် အသိပေးအကြောင်းမကြားမချင်း ကျေးဇူးပြု၍ ရုံးသို့ မလာပါနှင့်။ ရက်ချိန်းရှိထားပြီးသူများကို ရက်ချိန်းအသစ်ပေးရန်အတွက် ဆက်သွယ်မည် ဖြစ်သည်။

အကြောင်းအရာအသစ်များအတွက် https://refugeemalaysia.org ကို ကျေးဇူးပြု၍ ဆက်လက် ကြည့်ရှုပါ။



Share