အမ်ပန်းနှင့် ကာဂျန်းရှိ ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ကာတာရန်ပုံငွေ (QFFD) ဆေးခန်းများသည် ခိုလှုံခွင့်တောင်းခံသူများ၊ ဒုက္ခသည်များနှင့် အထောက်အထားမရှိသူများ ကာကွယ်ဆေးထိုးရန်အတွက် ဖွင့်လှစ်ပြီဖြစ်သည်။
မည်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေးအမျိုးအစားကိုမျှ မထိုးရသေးသောသူများသည် အောက်ပါလင့်ခ်ကို အသုံးပြု၍ သို့မဟုတ် အရေးပေါ်နံပါတ်များကို ဖုန်းခေါ်ဆို၍ စာရင်းသွင်းနိုင်ပါသည်။
စာရင်းသွင်းပြီးသည်နှင့် MySejahtera Apps သို့မဟုတ် စာတို(SMS)မှတဆင့် သင့်ကို အကြောင်းကြားမည် ဖြစ်သည်။ စာရင်းသွင်းပြီးသူများသာလျှင် ၎င်းတို့အတွက် ဆေးထိုးရန် ရက်ချိန်းရမည် ဖြစ်သည်။
လက်ရှိအချိန်တွင် ရက်ချိန်းမပါဘဲနှင့် ကာကွယ်ဆေးထိုး၍ မရကြောင်း ကျေးဇူးပြု၍ မှတ်သားထားပါ။
ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ကာတာရန်ပုံငွေ(QFFD)ဆေးခန်းများ၌ ကာကွယ်ဆေးထိုးရန်အတွက် ဤကို ကျေးဇူးပြု၍ အသုံးပြုပါ။
QFFD Ampang: +60172455204
QFFD Kajang: +60142403942
Google Maps: