ယူအန်အိတ်ချ်စီအာ၏ ဒေတာဘေ့စ်ကို ပြုပြင်ထိန်းသိမ်းခြင်းနှင့် မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်များအပေါ် ၎င်း၏ သက်ရောက်မှု

Thursday / 02 March 2023

နည်းပညာပိုင်းဆိုင်ရာ ပြုပြင်ထိန်းသိမ်းမှုများပြုလုပ်ရန် လိုအပ်သောကြောင့် ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက် သောကြာနေ့မှ စတင်၍ ဧပြီလ ၃၀ ရက် တနင်္ဂနွေနေ့အထိ ယူအန်အိတ်ချ်စီအာ မှတ်ပုံတင်ခြင်းနှင့် စာရွက်စာတမ်းများထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးနိုင်မည် မဟုတ်ပါ။ ယင်းဝန်ဆောင်မှုများသည် ၂၀၂၃ ခုနှစ် မေလ ၁ ရက်နေ့တွင် ပြန်လည်စတင်မည်ဖြစ်သည်။ ဤကာလအတွင်း သက်တမ်းကုန်ဆုံးမည့် ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများအား ၎င်းတို့၏ စာရွက်စာတမ်းများကို သက်တမ်းတိုးရန် ကြိုတင်၍ ဆက်သွယ်မည်ဖြစ်သည်။

မှတ်ပုံတင်ခြင်းနှင့် စာရွက်စာတမ်းထုတ်ပေးခြင်းတို့မှလွဲ၍ ကျန်ဝန်ဆောင်မှုအားလုံးသည် ပုံမှန်အတိုင်း ဆက်လက်ဆောင်ရွက်မည်ဖြစ်သည်။ ဤကာလအတွင်း ယူအန်အိတ်ချ်စီအာ စာရွက်စာတမ်းများကို စီစစ်အတည်ပြုရန် ကတ်အတည်ပြုခြင်းစနစ် (CVS) အပြင် VerifyPlus အက်ပ်တို့ကို ဆက်လက်၍ အသုံးပြုနိုင်ပါသည်။



Share