သတိပြုပါ- ဖေ့စပုတ်ပေါ်တွင် မှတ်ပုံတင်ခြင်းနှင့် ပြန်လည်နေရာချထားရေး လိမ်လည်မှု

Thursday / 16 March 2023

ယူအန်အိတ်ချ်စီအာ သည် ငွေကြေး ရင်းကစ် ၅၀ မှ ၁၀၀ကြား မျှ ဖြင့် ယူအန်အိတ်ချ်စီအာ ကတ်များ၊ ထည့်သွင်းစဉ်းစားမှု စာရွက်များနှင့် ပြန်လည်နေရာချထားရေးလျှောက်လွှာများဆောင်ရွက် ပေးမည်ဆိုသူများ အကြောင်း ဖေ့စပုတ်စာမျက်နှာပေါ်ရှိ လူတစ်ဦးချင်းစီ၏ အစီရင်ခံစာများကို လက်ခံရရှိထားပါသည်၊၊ ဖေ့စ်ဘုတ်ခ်ပို့စ်အများအပြားမှတစ်ဆင့်၊ ၎င်းတို့သည် ယူအန်အိတ်ချ်စီအာ စာရွက်စာတမ်းများရယူရန် စိတ်ပါဝင်စားသူတိုင်းကို မိမိ ကိုယ်ရေးကိုယ်တာအသေးစိတ်အချက်အလက်များကို၀တ်စ်အပ် နှင့် ၀ိုင်ဘာ နံပါတ်သို့ပေးပို့ရန် တောင်းဆိုခဲ့ကြသည်။ ၎င်းတို့သည် ပါးတာ၀ပ်၊ပီနန်းနှင့်ကွာလာလမ်ပူ ၊ကမ်ပုန်းချဲရပ်စ် ပါလူးတို့တွင် ဆောင်ရွက်ပေးသည် ဟု ဆိုကြပါသည်၊၊

ဤအကြောင်းအရာသည် လိမ်ညာမှုတစ်ခုဖြစ်ပါသည်။ ဤပုဂ္ဂိုလ်များသည် ယူအန်အိတ်ချ်စီအာနှင့် မသက်ဆိုင်သည့်အပြင် ယူအန်အိတ်ချ်စီအာ စာရွက်စာတမ်းများကို ထုတ်ပေးရန် အခွင့်အာဏာ သို့မဟုတ် စွမ်းရည်မရှိပေ။ ယူအန်အိတ်ချ်စီအာ၏ ဝန်ဆောင်မှုအားလုံးသည် အခမဲ့ဖြစ်ပါသည်။ သင်၏မှတ်ပုံတင်ခြင်း၊ ဒုက္ခသည်အခြေအနေသတ်မှတ်ခြင်း(RSD)၊ ပြန်လည်နေရာချထားရေး သို့မဟုတ် အခြားရည်ရွယ်ချက်တစ်ခုခုအတွက် အတွက် ယူအန်အိတ်ချ်စီအာဝန်ထမ်းသို့မဟုတ် တစ်ဦးချင်းစီကို ပေးချေ၍မရပါ။

ယူအန်အိတ်ချ်စီအာသည် သင့်ကို ငွေကြေး လုံး၀တောင်းမည်မဟုတ်ပါ။ အခကြေးငွေရယူခြင်းဖြင့် ယူအန်အိတ်ချ်စီအာ စာရွက်စာတမ်းများရရှိစေရန်နှင့် ယူအန်အိတ်ချ်စီအာလုပ်ငန်းစဥ်များအတွက်ကူညီမည်ဆိုသူများကို သတိပြုပါ။ ၎င်းတို့အား သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို မမျှဝေပါနှင့်။

ယူအန်အိတ်ချ်စီအာ ၀န်ဆောင်မှုများ( ယူအန်အိတ်ချ်စီအာစာရွက်စာတမ်းများ ၊မှတ်ပုံတင်ခြင်း ၊RSD ဒုက္ခသည်အခြေနေသတ်မှတ်ခြင်းနှင့်ပြန်လည်နေရာ ချထားရေး စသည်..)တို့ကိုငွေကြေးရယူခြင်းဖြင့် ဆောင်ရွက်ပေးသောပုဂ္ဂိုလ်များကိုတွေ့ရှိပါက

  • ရဲ
  • ဖောင်ကို အသုံးပြု၍ ယူအန်အိတ်ချ်စီအာသို့ ချက်ခြင်း ဖုန်းခေါ်ဆို၍ တိုင်ကြားပါ။

သင်သည် ယူအန်အိတ်ချ်စီအာသို့ သံသယဖြစ်ဖွယ်လုပ်ဆောင်မှုများနှင့်ပါတ်သက်၍ တိုင်ကြားပါက သင်၏ ယူအန်အိတ်ချ်စီအာ စာရွက်စာတမ်းများအား ရုပ်သိမ်းမည် မဟုတ်သည့်အပြင် သင်၏ အမှုတွဲအား နှောင့်နှေးကြန့်ကြာ သို့မဟုတ် ပိတ်သိမ်းခံရမည် မဟုတ်ပါ။

ယူအန်အိတ်ချ်စီအာ၏ လုပ်ငန်းစဉ်များနှင့် အကူအညီများနှင့်စပ်လျဥ်း၍ ထပ်မံပြီး အချက်အလက်များ သိရှိလိုပါကမလေးရှားဒုက္ခသည် Refugee Malaysia ဝက်ဘ်ဆိုက်သို့ သွားရောက်ဖတ်ရှုပါ။



Share