ပြန်လည်နေရာချထားရေးဆိုင်ရာ မမေးမေး
ပြန်လည်နေရာချထားရေးဆိုင်ရာ မကြာခဏ မေးတက်သော မေးခွန်းများ (မမေးမေး၊ FAQ) မှကြိုဆိုပါသည်။ ဤနေရာတွင်၊ တတိယနိုင်ငံသို့ ပြန်လည်နေရာချထားရေးနှင့်ပတ်သက်သည့် တိကျသောအခြေအနေများအပါအဝင် ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်ဆိုင်ရာ အသေးစိတ်အချက်အလက်များကို သင်ရှာဖွေတွေ့ရှိနိုင်ပါသည်။
ယူအန်အိတ်ချ်စီအာရ်၏ ပြဌာန်းချက်အတွင်းမှ တတိယနိုင်ငံသို့ ပြန်လည်နေရာချထားခြင်းနှင့်ပတ်သက်သော သတင်းအချက် အလက်များကို မည်သည့်နေရာတွင် သိရှိနိုင်မည်နည်း။
ယူအန်အိတ်ချ်စီအာရ် ပြန်လည်နေရာချထားခြင်းလက်စွဲစာအုပ်တွင် ပြန်လည်နေရာချထားခြင်းမူဝါဒနှင့် ကျင့်ထုံးဆိုင်ရာ အသေးစိပ် အချက်အလက်များကို ဖော်ပြထားသည်။ ပြန်လည်နေရာချထားရေးနေထိုင်ခွင့် ပေးနေသည့်နိုင်ငံများအနေဖြင့် ၎င်းတို့၏မူဝါဒများနှင့် အစီအစဉ်များကို သက်ဆိုင်ရာ နိုင်ငံများအလိုက် ဖော်ပြထားပြီးဖြစ်သည်။ ပြန်လည်နေရာချထားရေးလက်စွဲစာအုပ်သည် အများပြည်သူအတွက် ဖြစ်သည်။
အမှုတွဲနှင့် ပတ်သက်၍ ဆွေးနွေးတိုင်ပင်ရန် ရေရှည်တည်တံ့သောအဖြေရှာရေးဌာန (ဒီအဲစ်ယူ)ကို မည်ကဲ့သို့ ဆက်သွယ်ရမည်နည်း။
အီးမေးလ်ပို့ခြင်း၊ ဖက်စ်ပို့ခြင်း၊ စာပို့ခြင်း (သို့) လူကိုယ်တိုင် ရုံးသို့ လာရန် မလိုအပ်ပါ။ သို့သော်လည်း ၊ သင် ၏ တယ်လီဖုန်း နံပါတ် ( များ ) နှင့် အီးမေးလ် လိပ်စာ (များ) ကို ဆက်သွယ်ရေးပုံစံ, ဖြည့် ခြင်း ဖြင့် ယူအန်အိတ်ခ်ျစီအာ နှင့် အသစ် ပြင်ဆင် ထား ရန် အလွန် အရေးကြီး သည် ၊ ထို့ကြောင့် ရုံး က လိုအပ် သောအခါတိုင်း သင့် နှင့် ချိန်းဆို မှု တစ် ခု စီစဉ် နိုင် ရန် ဖြစ် သည်
မှတ်ပုံတင်အင်တာဗျူးပြီးနောက် ဒုက္ခသည်အဖြစ် အသိမှတ်ပြုရန်နှင့် တတိယနိုင်ငံသို့ အခြေချနေထိုင်နိုင်ရန်အတွက် အချိန်မည်မျှကြာမည်နည်း။
ယူအန်အိတ်ချ်စီအာရ်တွင် မှတ်ပုံတင်ပြီးသူတိုင်းသည် ဒုက္ခသည်အခြေအနေဆုံးဖြတ်ခြင်းလုပ်ငန်းစဉ်တွင် စစ်ဆေးခံရမှာဖြစ်ပြီး တစ်ဦးချင်းစီ၏ အပြည်ပြည်ဆိုင်ရာကာကွယ်စောင့်ရှောက်ရေး လိုအပ်ချက်အရ ဒုက္ခသည်တစ်ဦးဖြစ်ကြောင်း ဆုံးဖြတ်ချက်မချမှီ အတောအတွင်း အသေးစိတ် အကဲဖြတ်မှတ်တမ်းတင်ရန် မေးမြန်းခြင်းပြုလုပ်ပေးပါလိမ့်မည်။ ယူအန်အိတ်ချ်စီအာရ်မှ ဒုက္ခသည်ဖြစ်ကြောင်း သတ်မှတ်ပေးသောသူသာလျှင် တတိယနိုင်ငံသို့ ပြန်လည်နေရာချထားပေးခြင်းအတွက် ရွေးချယ်စဉ်းစားပေးခံရမည် ဖြစ်သည်။ ဒုက္ခသည်အခြေအနေဆုံးဖြတ်ခြင်းနှင့် တတိယနိုင်ငံသို့ ပြန်လည်နေရာချထားခြင်းအတွက် စောင့်ဆိုင်းကာလသည် အမှုတွဲတစ်ခုနှင့်တစ်ခု လုပ်ငန်းစဉ်ပေါ်တွင် မူတည်သည်။ ယူအန်အိတ်ခ်ျစီအာရ်မှ ဒုက္ခသည်အဖြစ် မှတ်ပုံတင်ခြင်း (သို့) ပေးအပ်ခြင်းသည် တစ်ဦးတစ်ယောက်ချင်းစီအား ပြန်လည်နေရာချထားရေးအတွက် ရည်ညွှန်းခြင်းခံရမည်ဟု မဆိုလိုပါ။
ကျွန်ုပ်တွင် ဒုက္ခသည်ကဒ်ရှိပြီး ဖြစ်သည်။ တတိယနိုင်ငံသို့ ပြန်လည်နေရာချထားပေးရေး အင်တာဗျူးအတွက် မည်သည့်အချိန်တွင် ခေါ်ဆိုခြင်းခံရမည်နည်း။
ဒုက္ခသည်ကဒ်တစ်ခုပိုင်ဆိုင်ခြင်းဖြင့် သင်သည် ပြန်လည်နေရာချထားခြင်းအတွက် အလိုအလျောက် အရည်အချင်းပြည့်မီသည်ဟု မဆိုလိုပါ။ ထို့အပြင် မလေးရှားတွင် နေထိုင်သည့်ကာလကြာမြင့်ခြင်းသည်လည်း ဒုက္ခသည်တစ်ဦးအား ပြန်လည်နေရာချထားခွင့်ရရန် အရည်အချင်း ပြည့်မီစေမည်မဟုတ်ပါ။ ပြန်လည်နေရာချထားရေး 'တင်ပြမှုအမျိုးအစားများ' ကို ယူအန်အိတ်ခ်ျစီအာရ်၏ ပြန်လည်နေရာချထားရေးလက်စွဲစာအုပ် အခန်း ၃ တွင် ရှင်းပြထားသည်။ အခြေခံအားဖြင့် ပြန်လည်နေရာချထားရေးနေရာအတွက် အကန့်အသတ် ရှိသောသောကြောင့် ပြန်လည်နေရာချထားရေး ကိစ္စများအတွက် အရေးတကြီးလိုအပ်မှု၊ ကာကွယ်မှုနှင့် ပြန်လည်နေရာချထားရေး လိုအပ်ချက်များအရ တစ်ချို့အမှုတွဲတွေမှာ ဦးစားပေးရခြင်း ရှိပါလိမ့်မည်။
တတိယနိုင်ငံသို့ ပြန်လည်နေရာချထားခြင်း အင်တာဗျူးကို ဖြေဆိုပြီးပြီ။ တတိယနိုင်ငံတွင် အခြေချနေထိုင်ခြင်းကို လက်ခံသောနိုင်ငံ၏ အင်တာဗျူးအတွက် မည်သည့်အချိန်တွင် ခေါ်ဆိုအသိပေးမည်နည်း။
တတိယနိုင်ငံသို့ ပြန်လည်နေရာချထားခြင်းနှင့်ပတ်သက်သော အင်တာဗျူး၏ ရည်ရွယ်ချက်သည် တတိယနိုင်ငံသို့ အခြေချနိုင်ရန်အတွက် အကဲဖြတ်ဆုံးဖြတ်ပေးခြင်း ဖြစ်သည်။ ပြန်လည်နေရာချထားရေး အင်တာဗျူးပြီးနောက်၊ ၎င်းအတွက် တင်ပြ/လျှောက်ပေးသင့်/ မသင့် ဆုံးဖြတ်ချက်မချမီ သင့်အမှုကို ပြန်လည်စစ်ဆေးသုံးသပ်ပေးပါမည်။ ဤလုပ်ငန်းစဉ်အတွက် ကြာမြင့်ချိန်သည် အမှုတွဲတခုနှင့် တခု၏ ခြားနားချက်ပေါ်တွင် မူတည်သည်။ အကယ်၍ သင်၏ အမူတွဲကို အမေရိကန်နိုင်ငံသို့ လွဲပြောင်းပြီးနောက် တတိယနိုင်ငံသို့ အခြေချခြင်း ထောက်ပံ့ရေးဌာန (အာရ်အဲစ်စီ) မှ သင်၏ အာရ်အဲစ်စီ အင်တာဗျူးရက်စွဲကို ဆက်သွယ်အကြောင်းကြားမည် ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုမှလွဲ၍ အခြားနိုင်ငံများအတွက်၊ ယူအန်အိတ်ခ်ျစီအာရ် (သို့) နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်ခြင်းဆိုင်ရာ အဖွဲ့အစည်း (အိုင်အိုအမ်) သည် ပြန်လည်နေရာချထားပေးသည့်နိုင်ငံကိုယ်စား ပြန်လည်နေရာချထားရေးနှင့်ဆိုင်သော အရာရှိများနှင့် တွေ့ဆုံမေးမြန်းမည့်ရက်ချိန်းအတွက် လိုအပ်သောအချက်အလက်ပေးရန် သင့်ထံ ဆက်သွယ်ပါလိမ့်မည်။
တတိယနိုင်ငံသို့ ပြန်လည်နေရာချထားခြင်း အင်တာဗျူးကို ဖြေဆိုပြီးပြီ။ တတိယနိုင်ငံတွင် အခြေချနေထိုင်ခြင်းကို လက်ခံသောနိုင်ငံ၏ အင်တာဗျူးအတွက် မည်သည့်အချိန်တွင် ခေါ်ဆိုအသိပေးမည်နည်း။
တတိယနိုင်ငံသို့ ပြန်လည်နေရာချထားခြင်းနှင့်ပတ်သက်သော အင်တာဗျူး၏ ရည်ရွယ်ချက်သည် တတိယနိုင်ငံသို့ အခြေချနိုင်ရန်အတွက် အကဲဖြတ်ဆုံးဖြတ်ပေးခြင်း ဖြစ်သည်။ ပြန်လည်နေရာချထားရေး အင်တာဗျူးပြီးနောက်၊ ၎င်းအတွက် တင်ပြ/လျှောက်ပေးသင့်/ မသင့် ဆုံးဖြတ်ချက်မချမီ သင့်အမှုကို ပြန်လည်စစ်ဆေးသုံးသပ်ပေးပါမည်။ ဤလုပ်ငန်းစဉ်အတွက် ကြာမြင့်ချိန်သည် အမှုတွဲတခုနှင့် တခု၏ ခြားနားချက်ပေါ်တွင် မူတည်သည်။ အကယ်၍ သင်၏ အမူတွဲကို အမေရိကန်နိုင်ငံသို့ လွဲပြောင်းပြီးနောက် တတိယနိုင်ငံသို့ အခြေချခြင်း ထောက်ပံ့ရေးဌာန (အာရ်အဲစ်စီ) မှ သင်၏ အာရ်အဲစ်စီ အင်တာဗျူးရက်စွဲကို ဆက်သွယ်အကြောင်းကြားမည် ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုမှလွဲ၍ အခြားနိုင်ငံများအတွက်၊ ယူအန်အိတ်ခ်ျစီအာရ် (သို့) နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်ခြင်းဆိုင်ရာ အဖွဲ့အစည်း (အိုင်အိုအမ်) သည် ပြန်လည်နေရာချထားပေးသည့်နိုင်ငံကိုယ်စား ပြန်လည်နေရာချထားရေးနှင့်ဆိုင်သော အရာရှိများနှင့် တွေ့ဆုံမေးမြန်းမည့်ရက်ချိန်းအတွက် လိုအပ်သောအချက်အလက်ပေးရန် သင့်ထံ ဆက်သွယ်ပါလိမ့်မည်။
တတိယနိုင်ငံသို့ အခြေချခြင်းအတွက် ကျွန်ုပ်၏ အမူတွဲကို ဆိုင်းငံထားကြောင်း ရေရှည်တည်တံ့သော အဖြေရှာရေးဌာန (ဒီအဲစ်ယူ)မှ ဖုန်းဆက် အကြောင်းကြားသည်။ နောက်ထပ် သတင်းအချက်အလက်များကို မည်ကဲ့သို့ ရရှိနိုင်မည်နည်း။
လျှို့ဝှက်ကာကွယ်ပေးရန်လိုအပ်ချက်အရ ယူအန်အိတ်ချ်စီအာရ်အနေဖြင့် မည်သည့်အတွက်ကြောင့် ဆိုင်းငံ့ထားသည်ကို တဦးချင်းစီအား အမြဲတမ်းရှင်းပြပေးမည် မဟုတ်ပါ။ အမျိုးမျိုးသောအကြောင်းပြချက်များကြောင့် အမူတွဲများကို ဆိုင်းငံ့ထားခြင်း ဖြစ်နိုင်သည်။ သို့သော်လည်း အကြောင်းအရင်းကို အပြည့်အဝ အကဲဖြတ်ပြီး၊ ရှင်းလင်းပြီး၊ ဖြေရှင်းပြီးသည်နှင့် သင့်အတွက် ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်အား ပြန်လည်စတင်ကောင်းစတင်နိုင်ပါလိမ့်မည်။ ယူအန်အိတ်ချ်စီအာရ်ကို ချဉ်းကပ်ခြင်း (သို့) သင်၏ အမူတွဲနှင့် ပတ်သက်၍ မကြာခဏ စုံစမ်းမေးမြန်းခြင်းသည် သင်၏ အမူတွဲကို ပြောင်းလဲစေမည်မဟုတ်သည့်အပြင် ပို၍ မြန်ဆန်ရန် ကူညီရာလည်း ရောက်မည်မဟုတ်ပါ။
ကျွနိုပ်၏ တတိယနိုင်ငံသို့ ပြန်လည်နေရာချထားခြင်း လုပ်ငန်းစဉ်သည် မည်သည့်အတွက်ကြောင့် ကြန့်ကြာနေရသနည်း။
ပြန်လည်နေရာချထားရေးသည် သက်ဆိုင်သူအားလုံးအတွက် အချိန်ကုန်/ကြာရှည်တက်သော လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ အကြောင်းမှာ နိုင်ငံတစ်ခုနှင့်တစ်ခုတို့၏ လူဝင်မှုကြီးကြပ်ရေးဥပဒေများ၊ ဦးစားပေးမှုများနှင့် အရင်းအမြစ်များ ကွဲပြားခြားနားတက်သောကြောင့် လုပ်ဆောင်ပေးသည့်အချိန်များ ကွဲပြားကြပြီး ခန့်မှန်းရန်အလွန်ခက်ခဲတက်ပါသည်။ ပြန်လည်နေရာချထားပေးရေးမတိုင်မှီ ကလေးမွေးခြင်း၊ အိမ်ထောင်ပြုခြင်း၊ ကိုယ်ဝန်စောင်ခြင်း၊ လင်မယားကွာရှင်းခြင်း၊ အချုပ်တွင် ထိန်းသိမ်းခံရခြင်း၊ မှတ်ပုံတင်ခြင်း၊ သေဆုံးမှု ဝန်ထုပ်ဝန်ပိုး လိုအပ်ချက်များအား သေချာစွာ ကြိုတင်အကဲဖြတ်ပြီး ကောင်းမွန်စွာဖြေရှင်းထားရန် လိုအပ်ပါသည်။
တတိယနိုင်ငံသို့ ပြန်လည်နေရာချထားခြင်း အင်တာဗျူးဖြေဆိုနေစဉ်အတွင်း မိမိအမှုတွဲကို မည်သည့်နိုင်ငံသို့ တင်ပြမည်နည်းဟု မေးမြန်းနိုင်ပါသလား။
ဟုတ်ကဲ့၊ သင်လုပ်နိုင်သည်။ သင့်မိသားစုသဘောထားနှင့် ပြန်လည်နေရာချထားခြင်းကိုလက်ခံသည့် မတူညီသောနိုင်ငံများ၏ စံနှုန်းများကို ယူအန်အိတ်ချ်စီအာရ်အနေဖြင့် စဉ်းစားပေးမည် ဖြစ်သည်။ သင်၏မိသားစုအတွက် သင့်လျော်သော တတိယနိုင်ငံသို့ အခြေချနေထိုင်ခြင်းကို ယူအန်အိတ်ချ်စီအာရ်မှ ကူညီဆောင်ရွက်သွားမည် ဖြစ်သည်။
တတိယနိုင်ငံသို့ အခြေချနေထိုင်ခြင်းအတွက် မိမိစိတ်တိုင်းကျနိုင်ငံကို ရွေးချယ်နိုင်ပါသလား။
ယူအန်အိတ်ခ်ျစီအာရ်ရုံးသည် ဒုက္ခသည်များ၏ ပြန်လည်နေရာချထားရေး ရေညွှန်း/သွားလိုသည့်နိုင်ငံနှင့်ပတ်သက်ပြီး မှတ်စုယူပေးသော်လည်း မည်သည့်နိုင်ငံသို့ ဒုက္ခသည်တစ်ဦးအတွက် လျောက်ပေးရန် နောက်ဆုံးဆုံးဖြတ်ချက်သည် ရုံး၏လက်ထဲတွင် ရှိပါသည်။ ယင်းသို့ ဆုံးဖြတ်ချက်ချပြီးနောက် ယူအန်အိတ်ချ်စီအာရ်မှ ဒုက္ခသည်များ၏ မည်သည့်လိုအပ်ချက်များကိုမဆို သူတို့၏ မိသားစု တောစပ်မှုများကို ထည့်သွင်းစဉ်းစားမည် ဖြစ်သည်။
တတိယနိုင်ငံသို့ ပြန်လည်နေရာချထားခြင်းအတွက် ရွေးချယ်ပေးထားသော နိုင်ငံကို ငြင်းပယ်နိုင်ပါသလား။ ငြင်းပယ်ပြီးနောက် ကျွန်ုပ်၏ အမှုတွဲနှင့်ပါတ်သက်ပြီး မည်သို့ ဖြစ်မည်နည်း။
အကယ်၍ တတိယနိုင်ငံသို့ ပြန်လည်နေရာချထားခြင်းအတွက် ရွေးချယ်ပေးထားသော နိုင်ငံကို လက်ခံမစဉ်းစားနိုင်ခဲ့လျင် နောက်နောင် တတိယနိုင်ငံသို့ ပြန်လည်နေရာချထားခြင်းအတွက် ချန်လှပ်ထားခြင်းခံရမည်။ အကယ်၍ သင့်အမှုတွဲကို လူတွေ့မေးမြန်းပြီး လက်ခံထားသော ပြန်လည်အခြေချနေထိုင်ရမည့်နိုင်ငံမှ ပြန်လည်ရုပ်သိမ်းရန် ဆုံးဖြတ်ထားပါက၊ ယူအန်အိတ်ခ်ျစီအာရ်မှ ပြန်ရုပ်သိမ်းရခြင်း၏ ပါဝင်ပတ်သက်သောအရာများနှင့် အကျိုးဆက်များအပေါ် သင့်အား အကြံဉာဏ်ပေးပါလိမ့်မည် - ယူအန်အိတ်ခ်ျစီအာရ်သည် သင့်အမှုတွဲကို သင်ရွေးချယ်လိုသည့်နိုင်ငံသို့လည်း ထပ်မံတင်ပြပေးနိုင်လိမ့်မည်မဟုတ်ပေ။
အမေရိကန်နိုင်ငံသို့ ပြန်လည်နေရာချထားခြင်းအတွက် အမှုတွဲကို လွှဲပြောင်းပေးပြီး ဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် အထောက်အထား လိမ်လည်မှုတွင် ပါဝင်ပတ်သက်ခဲ့သည်။ ဝန်ခံပြီးနောက် အမှုတွဲကို ဆိုင်ငံ့ထားခဲ့သည်။ မည်သည့်အချိန်တွင် အင်တာဗျူးဖြေဆိုပြီး တတိယနိုင်ငံသို့ ပြန်လည်နေရာချထားခွင့်ရမည်နည်း။
ယင်းကဲ့သို့ အထောက်အထား လိမ်လည်မူများနှင့် ငြိ့စွန်းသောသူများကို မတ်လ နှင့် ဧပြီလ ၂၀၁၉ခုနှစ်တွင် အမေရိကန်နိုင်ငံ အမိမြေ လုံခြုံရေး (ဒီအိတ်ခ်ျအဲစ်) အရာရှိများမှ လူတွေ့မေးမြန်း စစ်ဆေးခဲ့သည်။ သင့် ကိစ္စ နှင့် စပ်ဆိုင် သော ထပ်ဆင့် အချက်အလက် များ အတွက် ကျေးဇူးပြု ၍ ပြန်လည် အခြေချ ရန် ထောက်ပံ့ ရေး စင်တာ ( အာအက်စ်စီ ) ကို+603 9212 8117 ကို ဖုန်း ခေါ် ခြင်း သို့မဟုတ် RSCInquiries.Malaysia@rescue.orgဖြင့် ပြန်လည် အခြေချ ရန် ထောက်ပံ့ ရေး စင်တာ ( အာအက်စ်စီ ) ကို ဆက်သွယ် ပါ ။
ကျန်းမာရေး စစ်ဆေးမှုပြုလုပ်ပြီးဖြစ်သော်လည်း ထပ်မံ၍ ကျန်းမာရေး စစ်ဆေးမှုခံယူရန် အိုင်အိုအမ်မှ အကြောင်းကြားခဲ့သည်။ မည်သည့်အတွက်ကြောင့်နည်း။
ပြန်လည်နေရာချထားခြင်းကိုလက်ခံသည့် နိုင်ငံများသည် ဒုက္ခသည်များ၏ နောက်ဆုံးရ ကျန်းမာရေး စစ်ဆေးမှုအချက်အလက်များ လိုအပ်ပါသည်။ ဒုက္ခသည်များအနေဖြင့် ပြန်လည်နေရာချထားခြင်းကို လက်ခံသည့်နိုင်ငံများ၏ ပေါ်လစီများအပေါ်တွင် မူတည်ပြီး ပြည်ပထွက်ခွာခြင်းမတိုင်မီ တစ်ကြိမ်ထက်ပိုပြီး ကျန်းမာရေး စစ်ဆေးမှု ခံယူရကောင်း ခံရနိုင်ပါသည်။
ကျွန်ုပ်မိသားစုသည် ရေရှည်တည်တံ့သောအဖြေရှာခြင်းကို ယနေ့ထိ စောင့်ဆိုင်းနေပါသည်။ တတိယနိုင်ငံသို့ ပြန်လည်နေရာချခြင်း လုပ်ငန်းစဉ်ကို ဆက်လုပ်နိုင်ပါသလား။ မိသားစုဝင်များ မည်ကဲ့သို့ဖြစ်လာနိုင်သနည်း။ ပြန်လည်နေရာချထားခြင်းကို လက်ခံသည့်နိုင်ငံတွင် မိသားစုဝင်များနှင့် ပြန်လည်ပေါင်းစည်းရန် ယူအန်အိတ်ချ်စီအာရ်မှ ကူညီပံပိုးနိုင်ပါသလား။
ယူအန်အိတ်ချ်စီအာရ်သည် မိသားစု ပြန်လည်ပေါင်းစည်းနိုင်ရေး၊ ခိုင်မာသောမိသားစု ဆက်ဆံရေး ပြန်လည်ရရှိရေးကို ပံ့ပိုးကူညီမည်ဖြစ်ပြီး မိသားစုဝင်များကို တကွဲတပြားစီဖြစ်အောင် လုပ်မည်မဟုတ်ပါ။ မှတ်ပုံတင်ထားခြင်းမရှိသေးသော မိသားစုဝင်များကိုလည်း ယူအန်အိတ်ချ်စီအာရ်သို့ အသိပေးရန် အရေးကြီးပါသည်။ မိသားစုဝင်များ ပါဝင်ပတ်သက်ခြင်းနှင့် အကျိုးဆက်များအတွက် ဆွေးနွေးအကြံပေးခြင်းများကို ယူအန်အိတ်ချ်စီအာရ်မှ စီစဉ်ပေးမည်ဖြစ်သည်။
အကယ်၍ ဒုက္ခသည်မဟုတ်သောသူကို လက်ထပ်ပါက၊ ခင်ပွန်း (သို့) ဇနီးနှင့် သား သမီးများသည် ယူအန်အိတ်ချ်စီအာရ်ကဒ်ကို ရနိုင်ပါသလား၊ ကျွနိုပ်နှင့်အတူ တတိယနိုင်ငံသို့သွားနိုင်ပါသလား။
အကယ်၍ ဒုက္ခသည်မဟုတ်သောသူကို လက်ထပ်ထားလျှင် သင်၏ ခင်ပွန်း (သို့) ဇနီးသည်၏ နိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့် (သို့) နိုင်ငံသားခံယူနိုင်ခွင့်ရှိသည်။ ဒုက္ခသည် မဟုတ်သောသူနှင့် လက်ထပ်ခြင်းကို ယူအန်အိတ်ချ်စီအာရ်မှ တတိယနိုင်ငံသို့ ပြန်လည်နေရာချထားခြင်းအတွက် ဆောင်ရွက်ခြင်းမပြုမီ ယင်းပုဂ္ဂိုလ်၏ ခံစားခွင့် အခြေအနေများ၊ မိသားစုအခြေအနေများကို သေချာစွာ စီစစ်ပေးမည်ဖြစ်သည်။
ကျွနိုပ်သည် မယားပြိုင်ယူထားသောသူဖြစ်ပါသည်။ ဇနီးသည်များနှင့်အတူ တတိယနိုင်ငံသို့ ပြန်လည်အခြေချနေထိုင်ခွင့် ရနိုင်ပါသလား။
များသောအားဖြင့် တတိယနိုင်ငံသို့ ပြန်လည်နေရချထားခြင်းကို လက်ခံသောနိုင်ငံများတွင် မယားပြိုင်ယူခြင်းသည် တရားဥပဒေနှင့် ဆန့်ကျင်သည့်အတွက်ကြောင့် ဒုက္ခသည်များသည် မယားပြိုင်ယူရန် ဆန္ဒဆက်လက်ရှိပါက တတိယနိုင်ငံသို့ အခြေချခွင့်မရပါ။ မိသားစုသည် အိမ်ထောင်ဖက်များနှင့် သူတို့၏ ကလေးများအတွက် အကောင်းဆုံးအစီအစဉ်များကို စဉ်းစားရန် လိုအပ်ပြီး မိသားစုဝင်တစ်ဦးချင်းစီ၏ တတိယနိုင်ငံသို့ ပြန်လည်နေရာချထားခွင့် အလားအလာများကို ယူအန်အိတ်ချ်စီအာရ်မှ ဆွေးနွေးတိုင်ပင်သွားမည်ဖြစ်သည်။
ကျွန်ုပ်၏အိမ်ထောင်ဖက်သည် အသက် ၁၈ နှစ်အောက်ဖြစ်သည်။ ကျွန်ုပ်တို့နှင့်အတူ ပြန်လည်အခြေချနေထိုင်နိုင်ပါသလား။
ကလေးထိမ်းမြားလက်ထပ်ခြင်းသည် အပြည်ပြည်ဆိုင်ရာဥပဒေအောက်တွင် ဥပဒေမဲ့(တရားမ၀င်)ဖြစ်ပြီး ကျားမရေးရာအခြေခံအကြမ်းဖက်မှုပုံစံအဖြစ် ကျယ်ပြန့်စွာယူဆထားသည်။ ထို့ကြောင့် သင်သည် အသက် ၁၈ နှစ်အောက် တစ်စုံတစ်ဦးနှင့် လက်ထပ်ပါက သင်နှင့် သင့်ကလေး အိမ်ထောင်ဖက် နှစ်ဦးစလုံးသည် ပြန်လည်နေရာချထားခြင်းအတွက် အရည်အချင်းမပြည့်မီနိုင်ပါ။ ကလေးထိမ်းမြားလက်ထပ်ခြင်းကို ပြန်လည်အခြေချနေထိုင်သည့်နိုင်ငံများ၏ အမျိုးသားဥပဒေအရ တရားဝင်အသိအမှတ်မပြုပါ။ ပြန်လည်အခြေချနေထိုင်သည့်နိုင်ငံအချို့တွင်၊ ဥပဒေအရ မုဒိမ်းမှုများအတွက် နယ်မြေပြင်ပတရားစီရင်ပိုင်ခွင့်အာဏာသည် အိမ်ထောင်သည် ကလေး၏အိမ်ထောင်ဖက်အပေါ် သက်ရောက်နိုင်သည်။
အသက် ၁၈ နှစ်အောက် ကျွန်တော့် ကလေးက အိမ်ထောင်ကျတယ်။ ၎င်းသည် ကျွန်ုပ်၏မိသားစု၏ ပြန်လည်နေရာချထားရေးအလားအလာအပေါ် သက်ရောက်မှုရှိပါသလား။
အကယ်၍ သင် သို့မဟုတ် သင့်မိသားစုဝင်သည် အသက် ၁၈ နှစ်အောက် တစ်စုံတစ်ဦး၏ အိမ်ထောင်ရေးတွင် ပါဝင်ပတ်သက်နေပါက၊ ၎င်းသည် သင့်မိသားစုအား ယူအင်အိပ်ချ်စီအာရ် မှ ပြန်လည်သုံးသပ်ပြီးနောက် ပြန်လည်အခြေချနေထိုင်ရန် အရည်အချင်းမပြည့်မီနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ကလေးထိမ်းမြားလက်ထပ်ခြင်းသည် နိုင်ငံတကာဥပဒေအောက်တွင် ဥပဒေနှင့်မညီဘဲ ကျားမရေးရာအခြေခံအကြမ်းဖက်မှုပုံစံအဖြစ် ကျယ်ပြန့်စွာယူဆထားသောကြောင့်ဖြစ်သည်။ ထို့အပြင် ထိမ်းမြားလက်ထပ်ရန် စီစဉ်ပေးသော မိဘများ သို့မဟုတ် ပြုစုစောင့်ရှောက်ပေးသူများသည် ပြန်လည်နေရာချထားရေးနိုင်ငံတွင် တရားစွဲဆိုခြင်းခံရနိုင်သည်။
ကျွန်ုပ်အား ပြန်လည်နေရာချထားခြင်းကို လက်ခံသောနိုင်ငံမှ ငြင်းပယ်ခဲ့သည်။ ဘာဆက် ဖြစ်မည်နည်း။
ပြန်လည်နေရာချထားခြင်းကို လက်ခံသောအခြားနိုင်ငံသို့ သင့်အမှုတွဲကို အလိုအလျောက် ထပ်မံ၍ လွှဲပြောင်းပေးမည် မဟုတ်ပါ။ သင့်မိသားစု၏ အဓိကလိုအပ်ချက်များကို ထည့်သွင်းစဉ်းစားပေးပြီး အမှုတွဲ တစ်ခုနှင့်တစ်ခုပေါ်မူတည်၍ ယူအန်အိတ်ချ်စီအာရ်မှ ပြန်လည်သုံးသပ် ဆောင်ရွက်ပေးမည် ဖြစ်သည်။ အမျိုးမျိုးသော ပြန်လည်နေရာချထားရေးနိုင်ငံများ၏ မတူညီသော သတ်မှတ်ချက်စံနှုန်းများကြောင့်၊ သင်သည် နိုင်ငံတစ်ခုမှ ငြင်းပယ်ခံရပါက အခြားနိုင်ငံမှ ထပ်မံလက်ခံနိုင်သည်ဟု ယူဆ၍မရပါ။
ပံ့ပိုးကူညီမှုနဲ့ ပြန်လည်နေရာချထားရေး အခွင့်အလမ်းနှစ်ခုစလုံးကို ကမ်းလှမ်းထားပါတယ်။ ပံ့ပိုးကူညီမှုအစီအစဉ်ဖြင့် အခြားနိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ရန် ရွေးချယ်ပါက၊ ကျွန်ုပ်၏ ပြန်လည်နေရာချထားရေးနေရာအား အခြားမိသားစုဝင်များ သို့မဟုတ် အသိုင်းအဝိုင်းအဖွဲ့ဝင်များအား ပေးနိုင်ပါသလား။
မလိုအပ်ပါ။ တစ်ဦးချင်း (သို့) မိသားစုတစ်ခု၏ ပြန်လည်နေရာချထားရေး တင်ပြ/လျှောက်ပေးမှုသည် တတစ်ဦးချင်း(သို့) မိသားစုတွင် ပြန်လည်နေရာချထားပေးရန် လိုအပ်ကြောင်း အကဲဖြတ်ချက်တစ်ခုအပေါ် အခြေခံပါသည်။ ထို့ကြောင့် ပြန်လည်နေရာချထားရေးဆိုင်ရာ ထည့်သွင်းစဉ်းစားပေးခြင်းရနိုင်ရန် တင်ပြ/လျှောက်ပေးရမည့်အခွင့်အရေးကို ဆွေမျိုး (သို့) မိတ်ဆွေထံသို့ လွှဲပြောင်းပေး၍မရပါ။