UNHCR Verify Plus
UNHCR Verify Plus သည် မိုဘိုင်းဖုန်းပေါ်တွင် အသုံးပြုရသည့် အပလီကေးရှင်းဖြစ်ပြီး ဂူဂယ် Play Store နှင့် အက်ဘ်ပဲလ် App Store များမှ အခမဲ့ ဒေါင်းလုပ် ရယူနိုင်သည်။ အပလီကေးရှင်းနှင့်အတူ သင်သည် မည်သည့် ယူအန်အိတ်ချ်စီအာကတ်ကိုမဆို အတည်ပြု စီစစ်ပေးနိုင်သည်။ အပလီကေးရှင်းသည် လက်ရှိ UNHCR Verify My အပလီကေးရှင်းကို အစားထိုးမည်ဖြစ်သည်။

UNHCR Verify MY

UNHCR Verify Plus
အပလီကေးရှင်း အသုံးပြုနည်း။
အပလီကေးရှင်းကို အသုံးပြုရန် အကောင့်ဖွင့်ရန် လိုအပ်မည် ဖြစ်သည်။ ဂူဂယ်၊ မိုက်ခရိုဆော့၊ ဖေ့ဘွတ်ခ် သို့မဟုတ် တွစ်တာတို့ဖြင့် အကောင့်ဖွင့်နိုင်သည်။ ယင်းသည် အပလီကေးရှင်း အသုံးပြုမှုကို ခြေရာခံရန် ဖြစ်သည်။ အပလီကေးရှင်းသည် အကောင့်ဖွင့်သူ၏ အီးမေးလ် လိပ်စာကိုသာ မြင်နိုင်သည်။ အခြားကိုယ်ရေးကိုယ်တာ အချက်အလက်များကို စုဆောင်း သိမ်းဆည်းမည် မဟုတ်ပါ။
အပလီကေးရှင်းကို အသုံးပြုရန်၊ အပလီကေးရှင်းကို ဖွင့်ပြီး ကျူအာကုတ်ကို စကန်ဖတ်ပါ။ စကန်ဖတ်၍ အဆင်ပြေပါက ယူအန်အိတ်ချ်စီအာ ကတ်နှင့်ကိုက်ညီသည့် အသေးစိတ် အချက်အလက်များကို ဖော်ပြလိမ့်မည်။ အဆင်မပြေပါ အမှားပြ စာမျက်နှာတစ်ခု ဖော်ပြမည်။
အပလီကေးရှင်းကို ဒေါင်းလုပ်ပြုလုပ်ရန်
အပလီကေးရှင်းကို ဒေါင်းလုပ်ပြုလုပ်ရန် ဂူဂယ် Play Store နှင့် အက်ဘ်ပဲလ် App Store တွင် “UNHCR Verify Plus” ကို ရှာပါ။ အောက်ပါ ကျူအာကုတ်ကို စကန်ဖတ်ပါ သို့မဟုတ် ဒေါင်းလုပ် ခလုတ်ကို နှိပ်ပါ။

Google Play Store
