သင်၏ ကလေးကို မှတ်ပုံတင်ခြင်း
အကယ်၍ သင့်တွင် ကလေးတစ်ယောက်သာ ရှိသေးသည်ဆိုလျှင် Jabatan Pendaftaran Negara (JPN) ဟုသိကြသော အစိုးရအမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၏ မည်သည့် ဒေသန္တရရုံးတွင်မဆို ကလေးအတွက် မွေးစာရင်းကို ရယူနိုင်ပါသည်။ ကလေးမွေးပြီး ရက်ပေါင်း ၆၀ အတွင်း ဤသို့ပြုလုပ်ပါက အမျိုးသားမှတ်ပုံတင်ရေးဌာန(NRD)တွင် အခကြေးငွေပေးရန် မလိုပေ။ သို့သော် ရက်ပေါင်း ၆၀ နောက်ပိုင်းမှ ပြုလုပ်လျှင် နောက်ကျ၍ မှတ်ပုံတင်သည့်အတွက် ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်သည်။
အဆင့် ၁။ မွေးစာရင်းဖောင်ကို ယူပါ။
လျှောက်လွှာကို အမျိုးသားမှတ်ပုံတင်ဦးစီးဌာန(NRD) သို့မဟုတ် ကလေးမွေးဖွားသည့်ဆေးရုံတွင် ရယူပါ။
အဆင့် ၂။ အမျိုးသားမှတ်ပုံတင်ဦးစီးဌာနသို့ သွားပါ။
လိုအပ်သည့်စာရွက်စာတမ်းများ၊ ဖြည့်စွက်ပြီးသည့်ဖောင်များနှင့်အတူ အမျိုးသားမှတ်ပုံတင်ဦးစီးဌာန(NRD)သို့ သွားပါ။ အောက်ပါအချက်များ လိုအပ်မည်ဖြစ်သည်။
- အထောက်အထား စာရွက်စာတမ်းများ (ယူအန်အိတ်ချ်စီအာ ကတ်များ/ အဖွဲ့အစည်းကတ်များ/ ပတ်စပို့များ) – မူရင်းနှင့် မိတ္တူများ
- ယူအန်အိတ်ချ်စီအာတွင် မှတ်ပုံတင်ထားသည့် မိဘများအနေဖြင့် မိမိတို့၏ ယူအန်အိတ်ချ်စီအာကတ် သို့မဟုတ် စဉ်းစားဆဲကာလတွင် ထုတ်ပေးသည့် စာရွက်စာတမ်း (UC letter)ကို အမျိုးသားမှတ်ပုံတင်ဦးစီးဌာန(NRD)တွင် ကျေးဇူးပြု၍ တင်ပြပါ။ အကယ်၍ သင်သည် နိုင်ငံကူးစာအုပ်ကိုင်ဆောင်ထားပါက ယင်းစာအုပ်နှင့် ပတ်သက်သော အသေးစိပ်အချက်အလက်များကိုလည်း အမျိုးသားမှတ်ပုံတင်ဦးစီးဌာန(NRD)တွင် ကျေးဇူးပြု၍ တင်ပြပါ။ နိုင်ငံကူးစာအုပ်နှင့်ပတ်သက်သော အသေးစိပ်အချက်အလက်များအား မှတ်တမ်းတင်ထိန်းသိမ်းထားရန်ရည်ရွယ်၍ သင့်ကလေး၏ မွေးစာရင်းတွင် ထည့်သွင်းဖော်ပြမည်ဖြစ်သည်။ သင်၏ နိုင်ငံကူးစာအုပ်နှင့်ပတ်သက်သော အသေးစိပ်အချက်အလက်များအား သင်၏ မိခင်တိုင်ပြည်ကို မျှဝေလိမ့်မည် မဟုတ်ပါ။ သင်၏ ယူအန်အိတ်ချ်စီအာ စာရွက်စာတမ်းသည် သက်တမ်းကုန်သွားပြီဖြစ်သောကြောင့် ကလေးများ၏မွေးစာရင်းကို မရနိုင်ပါက သင်၏ ယူအန်အိတ်ချ်စီအာ စာရွက်စာတမ်းများကို သက်တမ်းတိုးပြီးသည်နှင့် အနီးဆုံး အမျိုးသားမှတ်ပုံတင်ဦးစီးဌာန(NRD)ရုံးခွဲသို့ ထပ်မံ၍ သွားသင့်ပါသည်။
- မိဘများ၏ လက်ထပ်ထိမ်းမြားခြင်း သို့မဟုတ် ကွာရှင်းခြင်းဆိုင်ရာ သက်သေခံလက်မှတ် – မူရင်းနှင့် မိတ္တူ။
အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန (NRD) သည် မလေးရှားဘာသာရေးအာဏာပိုင်များ သို့မဟုတ် အခြားတရားဝင်မှတ်ပုံတင်အာဏာပိုင်မှ တရားဝင်လက်ထပ်ခြင်းအထောက်အထားအဖြစ် ထုတ်ပေးသော တရားဝင်လက်ထပ်လက်မှတ်များကိုသာ လက်ခံကြောင်း ကျေးဇူးပြု၍ သတိပြုပါ။ မိမိတို့လူမှုအသိုင်းအဝန်းမှ ထုတ်ပေးသော လက်ထပ်လက်စာချုပ်များကို NRD တွင် လက်မခံပါ။ အကယ်၍ သင်သည် မွတ်စလင်ဖြစ်ပြီး တရားဝင်လက်ထပ်စာချုပ်မရှိပါက မွေးစာရင်းတွင် မိခင်၏ အမည်ကိုသာ ထည့်သွင်းဖော်ပြမည်ဖြစ်သည်။ မွတ်စလင်မဟုတ်သော မိဘများအတွက် တရားဝင်လက်ထပ်စာချုပ်မရှိပါက မွေးစာရင်းတွင် ဖခင်၏ အမည်ကိုသာ ထည့်သွင်းဖော်ပြမည်ဖြစ်သည်။ - ဆေးရုံမှ မွေးဖွားသည့် စာရွက်စာတမ်း အတည်ပြုခြင်း သို့မဟုတ် ကလေးအား အိမ်တွင် မွေးဖွားခဲ့ပါက ရဲမှတ်တမ်း – မူရင်း
- ဖြည့်စွက်ပြီးသည့် မွေးစာရင်းလျှောက်လွှာဖောင် – မူရင်းနှင့် မိတ္တူ
- ကိုယ်ဝန်ဆောင်စစ်ဆေးမှုစာအုပ် (မီးဖွားစစ်ဆေးရေးစာအုပ်) သို့မဟုတ် ရက်ချိန်းကတ် – မူရင်း
- အကယ်၍ သင်သည် လက်မထပ်ရသေးသည့် မွတ်စလင်မဟုတ်သောဇနီးမောင်နှံဖြစ်ပါက ကလေး၏ ဖခင်ဖြစ်ကြောင်း ပြောဆိုသူသည် ကလေး၏မိခင်နှင့်အတူ မွေးစာရင်းမှတ်ပုံတင်တွင် လက်မှတ်ထိုးရမည်။ တနည်းအားဖြင့် ဖခင်၏ အချက်အလက်များကို မွေးစာရင်းတွင် ထည့်သွင်းဖော်ပြလိမ့်မည် မဟုတ်ပေ။
- နောက်ကျ မှတ်ပုံတင်ခြင်းအတွက် လိုအပ်သောစာရွက်စာတမ်းဆိုင်ရာ အချက်အလက်များသိရှိရန်အတွက် JPN ဝက်ဘ်ဆိုက်သို့ ကျေးဇူးပြု၍ သွားရောက်ဖတ်ရှုပါ။ ဘာသာပြန်ထားသော AM 80 နှင့် BMK 81 ပုံစံများကို ဤနေရာတွင် တွေ့နိုင်သည် (ကိုးကားရန်အတွက်သာ)။
သတိပေးချက် – အကယ်၍ သင်သည် သင်၏လူမှုအသိုင်းအဝန်းခေါင်းဆောင်နှင့်အတူ မည်သည့် NRD ရုံးခွဲ၌မဆို အခက်အခဲများကြုံတွေ့ရပါက (မည်သည်ဖြစ်ခဲ့သည်၊ မည်သည့်အချိန်၌ ဖြစ်ခဲ့သည်၊ မည်သည့်ရုံးခွဲတွင် ဖြစ်ခဲ့သည်။) စသည့် အသေးစိပ်အချက်အလက်များကို ယူအန်အိတ်ချ်စီအာသို့ ကျေးဇူးပြု၍ အသိပေးအကြောင်းကြားပါ။ ဖြစ်နိုင်ပါက သက်ဆိုင်ရာစာရွက်စာတမ်းများ၏ အသေးစိတ်အချက်အလက်များ သို့မဟုတ် ပုံများကို ကျေးဇူးပြု၍ ထည့်သွင်းဖော်ပြပါ။
သတိပေးချက်။
မလေးစကားပြောတက်သူ
ဖြစ်နိုင်လျှင် မလေးစကားပြောတက်သူကို အကူအညီတောင်းခံရန် ကျွန်ုပ်တို့အနေဖြင့် အကြံပြုပါသည်။
ထိန်းသိမ်းရေးစခန်းတွင် ကလေးမွေးဖွားခြင်း
အကယ်၍ ကိုယ်ဝန်ဆောင်မိခင်သည် ထိန်းသိမ်းရေးစခန်း၌ ရှိနေစဉ် ကလေးမွေးဖွားပါက မိခင်နှင့် ကလေး နှစ်ဦးစလုံးသည် လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များ၏ ထိန်းသိမ်းမှုအောက်တွင် ရှိသောကြောင့် ၎င်းထိန်းသိမ်းရေးစခန်း၏ လူ၀င်မှုကြီးကြပ်ရေးအာဏာပိုင်များသည် မွေးစာရင်း မှတ်ပုံတင်ခြင်းနှင့် ကလေး၏ မွေးစာရင်း ထောက်ခံချက်ကို ရရှိအောင် ကူညီ ဆောင်ရွက်ပေးသင့်သည်။
မှတ်ပုံတင်သော လူ/ပုဂ္ဂိုလ်
မိဘများ၊ တရားဝင်အုပ်ထိန်းသူများ သို့မဟုတ် မည်သူမဆို မွေးဖွားခြင်းနှင့်ပတ်သက်၍ အတွေ့အကြုံရှိသောသူသည် လိုအပ်သည့် စာရွက်စာတမ်းများယူဆောင်လာပါက မွေးစာရင်းမှတ်ပုံတင်နိုင်သည်။
အမျိုးသားမှတ်ပုံတင်ဦးစီးဌာန (NRD)၏ တည်နေရာ
ဤနေရာတွင်ဖော်ပြထားသော မည်သည့် NRD ရုံးကိုမဆို သွားရောက်နိုင်သည်။ အကယ်၍ သင်၏ကလေးကို ကွာလာလမ်ပူတွင် မှတ်ပုံတင်နိုင်လျှင် ဤရုံးသို့ လာရောက်ရန် တိုက်တွန်းပါသည်။
NRD/JPN Jalan Duta
Bangunan Kerajaan Jalan Duta
(Kompleks Kerajaan Tuanku Abdul Halim)
Publika Dutamas, 1, Jalan Dutamas, Solaris Dutamas
50480 Kuala Lumpur
အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန (NRD) ရုံးများ၌ မွေးစာရင်းမှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်ကို နားလည်ရန် ဤဗီဒီယိုများကို မလေး၊ အင်္ဂလိပ်နှင့် အခြားဘာသာစကားများဖြင့် ဤနေရာတွင် ကြည့်ရှုနိုင်သည်။
သင်၏ ယူအန်အိတ်ချ်စီအာဖိုင်တွင် မွေးကင်းစကလေးအား စာရင်းသွင်းခြင်း
အကယ်၍ သင်သည် ယူအင်အိပ်ချ်စီအာရ် တွင် မှတ်ပုံတင်ထားပြီးဖြစ်ပါက၊ သင်သည် မွေးစာရင်းနှင့်/သို့မဟုတ် မွေးကင်းစကလေး၏ အခြားထောက်ခံချက်စာရွက်စာတမ်းများကို ရရှိထားပြီးဖြစ်ပါက၊ ကျေးဇူးပြု၍ လိုအပ်သော မွေးစာရင်းမိတ္တူနှင့်/သို့မဟုတ် အခြားလိုအပ်သောစာရွက်စာတမ်းကို ကူးတင်ပြီး မိသားစု၀င်ဦးရေပြောင်းလဲကြောင်းအသိပေးသည့် ဖောင်တွင်ဖြည့်သွင်းခြင်းဖြင့် ၎င်းကိုတင်ပြပါ။
COVID-19 ကပ်ရောဂါကြောင့် ယူအင်အိပ်ချ်စီအာရ် သည် ရုံးသို့ကိုယ်တိုင်လာရောက်ခြင်းမျိုးကို လက်ခံခြင်းမပြုပါ။ ရက်ချိန်းမရှိဘဲ ယူအင်အိပ်ချ်စီအာရ် သို့ မချဉ်းကပ်ပါနှင့်။ မိသားစု၀င်ဦးရေပြောင်းလဲကြောင်းအသိပေးသည့် ဖောင်ကိုဖြည့်ပြီး ချိန်းဆိုမှုအတွက် သင့်အား ယူအင်အိပ်ချ်စီအာမှ ခေါ်ရန် စောင့်ဆိုင်းခြင်းဖြင့် ရက်ချိန်းတောင်းခံနိုင်ပါသည်။