လိမ်လည်မှု သတိပြုပါ-ရိုဟင်ဂျာယူဂျုပ်ဘာ

Monday / 04 December 2023

ယူအင်အိပ်ချ်စီအာရ် လုပ်ငန်းစဥ်များနှင့်ပတ်သက်၍ ဝင်ရောက်ခွင့်ဆောင်ရွက်ပေးနိုင်သည်ဟု ဆိုသူ ယူဂျုပ်ပေါ်တွင် ရိုဟင်ဂျာတစ်ဦးကို ယူအင်အိပ်ချ်စီအာက ဖော်ထုတ်ခဲ့သည်။ အဆိုပါပုဂ္ဂိုလ်သည် ယူအင်အိပ်ချ်စီအာရ် ဝန်ထမ်းများ သို့မဟုတ် ယူအင်အိပ်ချ်စီအာရ် နှင့် ချိတ်ဆက်ထားကြောင်း အထင်ရစေရန် ယူအင်အိပ်ချ်စီအာရ် အင်္ကျီဝတ်ထားသည့် ဗီဒီယိုဖိုင်ကို တင်ခဲ့သည်။ ဗီဒီယိုများတွင် လင့်ခ်တစ်ခုမှတစ်ဆင့် ယူအင်အိပ်ချ်စီအာရ်ဝန်ဆောင်မှုများအတွက် လျှောက်ထားရန် လူတစ်ဦးချင်းစီအား တိုက်တွန်းထားသည်။ သူသည် အိုင်အိုအမ်( IOM )လိုဂို ကိုအသုံးပြု၍ အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းနေထိုင်ခြင်းဆိုင်ရာအဖွဲ့အစည်း (IOM) စာမျက်နှာသို့လည်း လင့်ခ်တစ်ခုပေးထားပီး ယူအင်အိပ်ချ်စီအာ လိုဂိုကိုအသုံးပြု၍ကိုယ်ရေးကိုယ်တာအသေးစိတ်အချက်အလက်များကိုစုဆောင်းရန် ၀က်စ်အပ် ကိုလည်း ဖော်ပြခဲ့သည်။

ဤအကြောင်းအရာသည် လိမ်ညာမှုတစ်ခုဖြစ်ပါသည်။ ထိုပုဂ္ဂိုလ်သည် ယူအင်အိပ်ချ်စီအာရ်၀န်ထမ်း သို့မဟုတ် အိုင်အိုအမ် (IOM) ၀န်ထမ်းမဟုတ်ပါ။ သူသည် ယူအင်အိပ်ချ်စီအာရ် သို့မဟုတ် အိုင်အိုအမ်( IOM) နှင့် မချိတ်ဆက်ပါ။ သူ့တွင် ယူအင်အိပ်ချ်စီအာရ် စာရွက်စာတမ်းများ ထုတ်ပေးရန် သို့မဟုတ် မည်သူ့ကိုမျှ ကိုယ်ရေးကိုယ်တာ အချက်အလက် တောင်းခံရန် အခွင့်အာဏာ သို့မဟုတ် စွမ်းရည်မရှိပါ။

ယူအင်အိပ်ချ်စီအာရ် နှင့် အိုင်အိုအမ်(IOM) တို့သည် သင့်အား မည်သည့်အခါမျှ ပိုက်ဆံတောင်းမည်မဟုတ်ကြောင်းကိုလည်း သတိပြုပါ။ သင့်အား ယူအင်အိပ်ချ်စီအာရ်စာရွက်စာတမ်းများရယူရန်၊ ယူအင်အိပ်ချ်စီအာရ် သို့မဟုတ် အိုင်အိုအမ် (IOM)လုပ်ငန်းစဉ်များကို ဝင်ရောက်ကြည့်ရှုရန် သို့မဟုတ် သင့်အမှုကို အမြန်ခြေရာခံ လိုက်လံဆောင်ရွက်ပေးရန် အခကြေးငွေရယူခြင်းဖြင့်ကူညီပေးနိုင်သည်ဟု တောင်းဆိုသူများ သတိပြုပါ။ ၎င်းတို့အား သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို မမျှဝေပါနှင့်။

ယူအန်အိတ်ချ်စီအာ ၀န်ဆောင်မှုများ( ယူအန်အိတ်ချ်စီအာစာရွက်စာတမ်းများ ၊မှတ်ပုံတင်ခြင်း ၊RSD ဒုက္ခသည်အခြေနေသတ်မှတ်ခြင်းနှင့်ပြန်လည်နေရာ ချထားရေး စသည်..)တို့ကိုငွေကြေးရယူခြင်းဖြင့် ဆောင်ရွက်ပေးသောပုဂ္ဂိုလ်များကိုတွေ့ရှိပါက

  • ရဲ
  • ဖောင်ကို အသုံးပြု၍ ယူအန်အိတ်ချ်စီအာသို့ ချက်ခြင်း ဖုန်းခေါ်ဆို၍ တိုင်ကြားပါ။

သင်သည် ယူအန်အိတ်ချ်စီအာသို့ သံသယဖြစ်ဖွယ်လုပ်ဆောင်မှုများနှင့်ပါတ်သက်၍ တိုင်ကြားပါက သင်၏ ယူအန်အိတ်ချ်စီအာ စာရွက်စာတမ်းများအား ရုပ်သိမ်းမည် မဟုတ်သည့်အပြင် သင်၏ အမှုတွဲအား နှောင့်နှေးကြန့်ကြာ သို့မဟုတ် ပိတ်သိမ်းခံရမည် မဟုတ်ပါ။

ယူအန်အိတ်ချ်စီအာ၏ လုပ်ငန်းစဉ်များနှင့် အကူအညီများနှင့်စပ်လျဥ်း၍ ထပ်မံပြီး အချက်အလက်များ သိရှိလိုပါကမလေးရှားဒုက္ခသည် Refugee Malaysia ဝက်ဘ်ဆိုက်သို့ သွားရောက်ဖတ်ရှုပါ။



Share