ဒုက္ခသည်အခြေအနေ ဆုံးဖြတ်ခြင်း

ဒုက္ခသည် အဆင့်အတန်းသတ်မှတ်ခြင်း (အာရ်အက်စ်ဒီ) ဆိုသည်မှာ နိုင်ငံတကာအကာအကွယ် ရှာဖွေနေသူတစ်ဦးအတွက် နိုင်ငံတကာ၊ ဒေသဆိုင်ရာ သို့မဟုတ် နိုင်ငံတော်ဥပဒေ‌အောက်တွင် ဒုက္ခသည်အဖြစ် သတ်မှတ်နိုင်ခြင်းရှိမရှိ အစိုးရများ သို့မဟုတ် ယူအန်အိတ်ခ်ျစီအာရ်မှ ဆုံးဖြတ်ပေးသည့် လုပ်ငန်းစဉ်ဖြစ်သည်။ ပြည်နယ်/နိုင်ငံများမှာ ဒုက္ခသည် အဆင့်အတန်းသတ်မှတ်ခြင်းအတွက် အဓိကတာဝန်ရှိကြသော်လည်း ယူအန်အိတ်ခ်ျစီအာရ်သည် ၎င်း၏လုပ်ပိုင်ခွင့်အောက်တွင် အာရ်အက်စ်ဒီကို ၁၉၅၁ ဒုက္ခသည်ကွန်ဗင်းရှင်းတွင် မပါဝင်သည့် နိုင်ငံများနှင့် နယ်မြေများတွင် သို့မဟုတ် အာရ်အက်စ်ဒီ လုပ်ငန်းစဉ်အား ပံ့ပိုးရန်အတွက် တရားဝင်နှင့် အဖွဲ့အစည်းဆိုင်ရာ မူဘောင်အား မတည်ဆောက်ရသေးသည့် နိုင်ငံများနှင့် နယ်မြေများတွင် လုပ်ဆောင်ကောင်း လုပ်ဆောင်‌ပါလိမ့်မည်။

မလေးရှားသည် ၁၉၅၁ ဒုက္ခသည်ကွန်ဗင်းရှင်းတွင် အဖွဲ့ဝင်မဟုတ်သည့်အပြင် တစ်နိုင်ငံလုံးဆိုင်ရာ ခိုလှုံခွင့်နေရာစနစ်လည်း မရှိသောကြောင့်၊ ယူအန်အိတ်ခ်ျစီအာရ် သည် မလေးရှားတွင် ၎င်း၏လုပ်ပိုင်ခွင့်အောက်မှ အာရ်အက်စ်ဒီအား ဆောင်ရွက်‌ပေးနေပါသည်။ အာရ်အက်စ်ဒီယူနစ်သည် ဤလုပ်ငန်းဆောင်တာအတွက် တာဝန်ရှိသည့်ဌာနဖြစ်ပါသည်။

ဒုက္ခသည် အခြေအနေ သတ်မှတ်ချက်နဲ့ဆက်နွှယ်တဲ့ အချက်အလက်များ

ဒုက္ခသည် အခြေအနေ သတ်မှတ်ချက် ဝဘီနာ

မေးခွန်းများ ရှိပါသလား။

ပိုမိုသိရှိလိုပါက၊ ဒုက္ခသည် အဆင့်အတန်း သတ်မှတ်ခြင်းဆိုင်ရာ မကြာခဏ မေးတတ်သောမေးခွန်းများ (မမေးမေး၊ FAQ)မှ ကျေးဇူးပြု၍ အကြံညဏ်ယူပါ။