အသိပေးကြေငြာချက် (၂၉ ဇူလိုင် ၂၀၂၂)

Friday / 29 July 2022

ဒုက္ခသည်သတင်းအချက်အလက် ခြေရာခံစနစ် (တီအာရ်အိုင်အဲစ်, TRIS) သည် မလေးရှားနိုင်ငံရှိ ဒုက္ခသည်များကို ခြေရာခံနိုင်စေရန် မလေးရှားအစိုးရ၏ အစီအစဉ်တစ်ခုဖြစ်ပါသည်။

မကြာသေးမီနှစ်များအတွင်း၊ အစိုးရမှ စတင်ဆောင်ရွက်ခဲ့သော ပူးတွဲလုပ်ငန်းအဖွဲ့မှတဆင့်၊ ယူအန်အိတ်ခ်ျစီအာရ်သည် ဒုက္ခသည်များ ကာကွယ်ရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များကို အစိုးရနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များကို ရှာဖွေရန် ဆွေးနွေးခဲ့ပြီဖြစ်ပါသည်။ ဤဆွေးနွေးပွဲများတွင် ဒေတာအချက်အလက်မျှဝေခြင်း၊ ပူးတွဲမှတ်ပုံတင်ခြင်းနှင့် တရားဝင်အလုပ်ရရှိရေးတို့ ပါဝင်ခဲ့ပါသည်။ မကြာသေးမီက ဆွေးနွေးညှိနှိုင်းမှုများတွင်လည်း တီအာရ်အိုင်အဲစ်နှင့် ပတ်သက်သည့် အချက်အလက် တစ်စုံတစ်ရာမျှ မပါဝင်ခဲ့သဖြင့် ယူအန်အိတ်ခ်ျစီအာရ်မှ ထပ်မံ၍ အကြံပေးနိုင်ခြင်း မရှိပဲ ရှင်းလင်းချက်ကို ရှာဖွေနေပါသည်။

ယူအန်အိတ်ခ်ျစီအာရ်သည် ကမ္ဘာတစ်ဝှမ်းရှိ ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများ၏ အခွင့်အရေးများနှင့် သုခချမ်းသာ/နေထိုင်ကောင်းမွန်ရေးကို ကာကွယ်ရန် ပြဌာန်းထားသည်။ ယူအန်အိတ်ခ်ျစီအာရ်၏ စာရွက်စာတမ်းများထုတ်ပေးခြင်းအပါအဝင်၊ ဝန်ဆောင်မှုပေးသောအရာအားလုံးသည် အခမဲ့ဖြစ်ပါသည်။ ယူအန်အိတ်ခ်ျစီအာရ်သည် သက်ဆိုင်ရာပုဂ္ဂိုလ်များ၏ အချက်အလက်များအား ဆက်ဆံကိုင်တွယ်ရာတွင် ၎င်း၏ဒေတာကာကွယ်ရေးမူဝါဒနဲ့အညီ လိုက်နာလျက်လုပ်ဆောင်ပေး‌လေ့ရှိပါသည်။
ယူအန်အိပ်ခ်ျစီအာရ်သည် ဒုက္ခသည်ကာကွယ်ရေးနှင့် ဆက်စပ်နေသော မလေးရှားနှင့်ပတ်သက်သော အခြား စိုးရိမ်ပူပန်မှုနယ်ပယ်များအပေါ် မလေးရှားအစိုးရအား အပြုသဘောဆောင်သော စေ့စပ်ညှိနှိုင်းမှုနှင့် ထောက်ပံ့မှုတို့ကို ဆက်လက် ကြိုဆိုနေပါမည်။



Share