ယူအင်အိပ်ချ်စီအာရ်၏ပြန်လည်နေရာချထားရေးနှင့် မှတ်ပုံတင်ဌာနတွင် အလုပ်လုပ်သည်ဆိုသူ အော်စမန်၊ မိုက်ကယ် သို့မဟုတ် ဘိုဘိုဆလိုင်း နံမည်များခံယူထားသော သူအား တိုင်ကြားစာများကို ယူအင်အိပ်ချ်စီအာရ် မှလက်ခံရရှိခဲ့ပါသည်။ အဆိုပါအမျိုးသားသည် ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများကို ၀က်စ်အပ်(WhatsApp) မှတစ်ဆင့် ဆက်သွယ်ခဲ့ပြီး မှတ်ပုံတင်ရန်နှင့် ပြန်လည်နေရာချထားရေး ရက်ချိန်းရရှိရန် အတွက် မလေးငွေရိန်းဂစ် ၁၀ မှ ၃၀၀ မျှကို ၎င်း၏ဖုန်းသို့ ငွေဖြည့်ပေးရန် တောင်းဆိုခဲ့သည်။ လိမ်လည်သူအသုံးပြုနေသည့် လူသိများသောဖုန်းနံပါတ်များမှာ 013-4005306၊ 011-25515774၊ 011-68352928၊ 011-27227846 သို့မဟုတ် 017-3544882တို့ဖြစ်ပါသည်။2. ဤဖုန်းနံပါတ်များမှ စာများအားလုံးကို စာမပြန်ရန်၊ လျစ်လျူရှုပြီး ဖျက်ရန် အကြံပြုအပ်ပါသည်။
အဆိုပါ အမျိုးသားသည် ယူအင်အိပ်ချ်စီအာရ်ဝန်ထမ်းတစ်ဦးဖြစ်ကြောင်းအထင်မှတ်ခံရစေရန် ယူအင်အိပ်ချ်စီအာရ် ဝန်ထမ်းများ၊ ယူအင်အိပ်ချ်စီအာရ်ရုံးနှင့် ၎င်း၏ လုပ်ငန်းဆောင်တာများနှင့်သက်ဆိုင်သော ဓါတ်ပုံများကိုထပ်မံပေးပို့သည်။ ၎င်းသည်အကူအညီပေး နိုင်သည်ဟု ဆိုကာ ဒုက္ခသည်များ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များနှင့် ၎င်းတို့၏ ယူအင်အိပ်ချ်စီအာရ် အထောက် အထားစာရွက်စာတမ်းများ၏ ဓာတ်ပုံများကို တောင်းခံသည်။
ဤအကြောင်းအရာသည် လိမ်ညာမှုတစ်ခုဖြစ်ပါသည်။ ဤပုဂ္ဂိုလ်သည် ယူအန်အိတ်ချ်စီအာတွင် အလုပ်မလုပ်ပါ။
ကျွန်ုပ်တို့သည် ၎င်းကို ထပ်လောင်း၍ အလေးပေးသိစေလိုပါသည်။
- ယူအန်အိတ်ချ်စီအာ၏ ဝန်ဆောင်မှုအားလုံးသည် အခမဲ့ဖြစ်ပါသည်။
- သင်၏မှတ်ပုံတင်ခြင်း၊ဒုက္ခသည်ဟုတ်မဟုတ်စိစစ်အတည်ပြုခြင်း(RSD)၊ပြန်လည်နေရာချထားရေး ကိစ္စများအတွက်ဆောင်ရွက်ပေးရန် သို့မဟုတ် ယူအင်အိပ်ချ်စီအာရ်၏မည့်သည့်၀န်ဆောင်မှုမျိုးအတွက်မဆို ယူအင်အိပ်ချ်စီအာရ်၀န်ထမ်းသို့မဟုတ် မည်သူတစ်စုံတစ်ယောက်ကိုမျှ ပေးဆောင်စရာ မလိုအပ်ပါ။
- သင်၏မှတ်ပုံတင်ခြင်း၊ဒုက္ခသည်ဟုတ်မဟုတ်စိစစ်အတည်ပြုခြင်း(RSD)၊ပြန်လည်နေရာချထားရေး ဆိုင်ရာသင့်အမှုအား ဦးစားပေးရန် သို့မဟုတ် အရှိန်မြှင့်ဆောင်ရွက်ပေးရန် ယူအင်အိပ်ချ်စီအာရ်၏မည့်သည့်၀န်ဆောင်မှုမျိုးအတွက်မဆို ယူအင်အိပ်ချ်စီအာရ်၀န်ထမ်းသို့မဟုတ် မည်သူတစ်စုံတစ်ယောက်ကိုမျှ ပေးဆောင်စရာ မလိုအပ်ပါ။
- ဒုက္ခသည်များထံမှ ငွေကြေးရယူရာတွင် ပါဝင်ပတ်သက်ကြောင်း ထင်ရှားသည့် ယူအင်အိပ်ချ်စီအာရ်၏ဝန်ထမ်းများသည် ၎င်းတို့၏ အလုပ်မှ ချက်ချင်းရပ်စဲခံရမည်ဖြစ်ပြီး ရဲထံ တိုင်ကြားမည်ဖြစ်သည်။
သင်၏ ပူးပေါင်းဆောင်ရွက်မှုကို ကျွန်ုပ်တို့ တိုက်တွန်းလိုသည်-
- ယူအင်အိပ်ချ်စီအာရ်နှင့်အဆက်အသွယ်ရှိသည်ဟုဆိုကာ သင့်အား ငွေကြေးတောင်းခံပီး အင်တာဗျူး များ၊ပြန်လည်နေရာချထားရေး သို့မဟုတ် ယူအင်အိပ်ချ်စီအာရ် ၀န်ဆောင်မှုများ ရရှိရန် ကူညီပေးနိုင်သည်ဟု ဆိုသူများကို သတိပြုပါ။
- သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက် သို့မဟုတ် ဓာတ်ပုံများကို ၎င်းတို့ကို မပေးပါနှင့်။
- သင်၏မိသားစု၊သူငယ်ချင်းနှင့်လူမှုအသိုင်းအ၀ိုင်း (ကွန်မြူနီတီ)အဖွဲ့၀င်များအကြောင်းကို မပြောပြပါနှင့်(မပေးပါနှင့်)။
- ဤပုဂ္ဂိုလ်များကသင်အားဆက်သွယ်လာပါက ဖုန်းချ၍သို့မဟုတ် စကားပြောဆိုမှုကို ချက်ချင်းရပ်လိုက်ပါ။
- ရဲထံတိုင်ကြားပါ။
- ဤ ဖောင်(ပုံစံ)ကို အသုံးပြု၍ ယူအင်အိပ်ချ်စီအာရ် သို့ အစီရင်ခံတိုင်ကြားပါ။
သံသယဖြစ်ဖွယ် လုပ်ဆောင်ချက်များကို ယူအင်အိပ်ချ်စီအာရ် သို့ တိုင်ကြားပါက၊ သင်၏အထောက်အထားကို ထုတ်ဖော်ပြသမည်မဟုတ်ပါ၊ သင်၏ ယူအင်အိပ်ချ်စီအာရ် ကတ်ကို ပယ်ဖျက်မည်မဟုတ်ပါ၊ သင့်အမှုတွဲကို နှောင့်နှေးစေမည် သို့မဟုတ် ပိတ်သိမ်းမည်မဟုတ်ပါ။
အောက်ပါဓါတ်ပုံများနှင့် စခရင်ရှော့ပုံ များသည် အိုစမန်၊ မိုက်ကယ် သို့မဟုတ် ဘိုဘို ဆလိုင်း ၏ အမည်များ ခံယူထားသည့် အမျိုးသား ၏လိမ်လည်မှုများနှင့်ပတ်သက်သောအရာများဖြစ်သည်။
ယူအင်အိပ်ချ်စီအာရ်၏ လုပ်ငန်းစဥ်များ၊အကူအညီများနှင့်အဂတိလိုက်စားမှုတိုက်ဖျက်ရေးမူ၀ါဒဆိုင်ရာနောက်ထပ်အချက်အလက်များအတွက် မလေးရှားဒုက္ခသည်ဆိုင်ရာ၀က်ဆိုဒ် (Refugee Malaysia Website) ၏ လိမ်လည်မှုနဲ့အကျင့်ပျက်ခြစားမှု စာမျက်နှာကို ဖတ်ရှုပါ။
အိုစမန် နှင့် စကားပြောဆိုမှု၏ စခရင်ရှော့ဓာတ်ပုံများ (ကိုယ်ရေးကိုယ်တာအချက်အလက်နှင့် ခွဲခြားသတ်မှတ်မှုများကို ပြန်လည်ပြင်ဆင်ထားသည်)-
မျှဝေထားသော အထွေထွေဓာတ်ပုံများ နမူနာ –