ကလေးများအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး

Tuesday / 22 February 2022

မလေးရှားအစိုးရသည် ကိုဗစ်-၁၉ ပျံ့နှံ့မှုကို လျှော့ချရန်အတွက် အသက် ၅နှစ်မှ ၁၂နှစ်ကြား ကလေးများအား ကာကွယ်ဆေးထိုးပေးခြင်းကို တိုးချဲ့ဆောင်ရွက်လျက်ရှိပါသည်။ ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများအပါအဝင် ကလေး ၄သန်းခန့်သည် ကာကွယ်ဆေးကို လက်ခံရရှိကြမည်ဟု မျှော်လင့်ထားပါသည်။ ၎င်းသည်

  • ကလေးများ ကိုယ်တွင်းအင်္ဂါ ရောင်ရမ်းရောဂါ လက္ခဏာ(MIS-C)*နှင့် ကိုဗစ်-၁၉ ကူးစက်မှုကြောင့် ဖြစ်ပေါ်သော ကာလကြာရှည်ကိုဗစ်(long Covid**)ကို ကာကွယ်ရန်
  • ဘေးကင်းသောပတ်ဝန်းကျင်တွင် ကလေးများကို အခြားသူများနှင့် အပြန်အလှန် ဆက်ဆံခွင့်ပြုရန်
  • ကိုယ်ခံအား မရရှိသေးသူများကို သွယ်ဝိုက်၍ ရောဂါမှ ကာကွယ်ပေးခြင်း သို့မဟုတ် လူအုပ်စုလိုက် ကိုယ်ခံအား ရရှိခြင်း (Herd Immunity) မှတဆင့် ကျောင်းများနှင့် သင်ကြားရေးစင်တာများရှိ တစ်ဦးနှင့်တစ်ဦးကူးစက်ခြင်းကို လျှော့ချရန်တို့ကို ကူညီပေးမည်ဖြစ်သည်။

ဤအသက်အရွယ်အပိုင်းအခြားအတွင်းရှိ ကလေးများအားလုံးသည် Pfizer မှ ကာကွယ်ဆေး (၂)ကြိမ်ကို ၈ ပတ်ခြား၍ လက်ခံရရှိမည်ဖြစ်သည်။ ကာကွယ်ဆေးကို ကောင်းစွာခံနိုင်ရည်ရှိစေရန်အတွက် ၎င်းသည် အရွယ်ရောက်ပြီးသူများအတွက် ပေးသောပမာဏထက် ပိုနည်းပါသည်။

ဤကမ်ပိန်းတွင် သင့်ကလေးများကို စာရင်းသွင်းခြင်းသည် မိမိသဘောဆန္ဒအလျောက်ဖြစ်ပါသည်၊ သို့သော် ကိုဗစ်-၁၉ ကူးစက်မှုနှင့် ရေရှည်အကျိုးသက်ရောက်မှုများမှ ကာကွယ်ရန်အတွက် မိဘ သို့မဟုတ် အုပ်ထိန်းသူများအားလုံးကို မိမိတို့၏ကလေးများအတွက် စာရင်းသွင်းကြရန် တိုက်တွန်းထားပါသည်။

သင်၏ ကလေးကို မှီခိုအနေဖြင့် MySejahtera အက်ပ်ကို အသုံးပြု၍ စာရင်းသွင်းပါသည်။ ကာကွယ်ဆေးကို ဆေးရုံများ၊ ကျန်းမာရေးဆေးခန်းများ၊ ပေါင်းစည်းထားသော PPV နှင့် ဆိုက်ပြင်ပ PPV တို့ပါ၀င်သည့် ရွေးချယ်ထားသော ကာကွယ်ဆေးထိုးစင်တာများ(PPV) တွင် လောလောဆယ် ရရှိနိုင်ပါသည်။

ဒုက္ခသည် မလေးရှား ယူကျူ့ချန်နယ်တွင် အာရဗီ၊ အူရဒူ၊ တမီလ်၊ ရိုဟင်ဂျာ၊ တီးတိန်၊ ပါရှန်းဘာသာဖြင့် ရရှိနိုင်သော လမ်းညွှန်ချက်ဗီဒီယိုများကို ကြည့်ရှုပါ။

ဤအတောအတွင်း သတိရှိရှိနေထိုင်ပါ၊ 3W ကို ကျင့်သုံးပြီး 3C ကိုရှောင်ကြဉ်ပါ။

3W ကို ကျင့်သုံးပါ –

  1. လက်များကို ဆေးကြောပါ။
  2. မျက်နှာဖုံးစွပ် ဝတ်ပါ။
  3. သက်ဆိုင်ရာ အာဏာပိုင်များမှ ထုတ်ပြန်သော သတိပေးချက်ကို သတိပြုပါ။

3C ကိုရှောင်ကြဉ်ပါ –

  1. လူစည်ကားသောနေရာများကို ရှောင်ကြဥ်ပါ။
  2. အလုံပိတ်ထားသောနေရာများကို ‌ရှောင်ကြဥ်ပါ။
  3. နီးနီးကပ်ကပ်စကားပြောခြင်းမှ ရှောင်ကြဥ်ပါ။

နံရံကပ်ပိုစတာ – 3C ကို ရှောင်ကြဉ်ပါ၊ 3W ကို ကျင့်သုံးပါ။

ကလေးများ ကိုယ်တွင်းအင်္ဂါ ရောင်ရမ်းရောဂါ လက္ခဏာ – * Multi-system Inflammatory Syndrome in Children (MIS-C) သည် နှလုံး၊ အဆုတ်၊ ကျောက်ကပ်၊ ဦးနှောက်၊ အရေပြား၊ မျက်လုံး သို့မဟုတ် အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ အင်္ဂါများ အပါအဝင် ခန္ဓာကိုယ်၏ မတူညီသော အစိတ်အပိုင်းများ ရောင်ရမ်းလာနိုင်သည့် အခြေအနေတစ်ခုဖြစ်သည်။ (မူရင်း : Centers for Disease Control and Prevention)

ကာလကြာရှည်ကိုဗစ် ** (Long Covid) – ကိုဗစ်-၁၉ ကို ဖြစ်စေသော ဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် အသစ်၊ ပြန်ဖြစ် သို့မဟုတ် ဆက်လက်ဖြစ်ပွားသော သောင်းပြောင်းထွေလာ ကျန်းမာရေးပြဿနာများသည် လေးပတ် သို့မဟုတ် ထို့ထက်ပို၍ ဖြစ်ပွားနိုင်သည်။ (မူရင်း : Centers for Disease Control and Prevention)



Share
wpChatIcon
wpChatIcon