ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်းအခြေအနေ – မိမိကိုယ်တိုင်အကြောင်းကြားသောဖောင်

Wednesday / 17 November 2021

ယူအန်အိတ်ချ်စီအာသည် မှတ်ပုံတင်စာရင်းသွင်းထားသော ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများအကြား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနိုင်မှုအခြေအနေဆိုင်ရာ အချက်အလက်များကို စုဆောင်းနေခြင်းဖြင့် ကျွန်ုပ်တို့သည် ကာကွယ်ဆေးရရှိနိုင်မှုအခြေအနေကို နားလည်နိုင်ပြီး လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။ ၎င်းသည် မှတ်ပုံတင်ထားသော စာရွက်စာတမ်းကိုင်ဆောင်သူများအတွက်သာဖြစ်ကြောင်း ကျေးဇူးပြု၍ သတိပြုပါ။ ၎င်းတွင် စာရင်းမသွင်းရသေးသူများ သို့မဟုတ် ရက်ချိန်းကတ်ပြားရှိသူများ မပါဝင်ပါ။

အကယ်၍ သင်သည် ကိုဗစ်-၁၉ ကာကွယ်ဆေး၏ လိုအပ်သောထိုးဆေးများကို လက်ခံရရှိပြီးပါက ကျေးဇူးပြု၍ ဤဖောင်ကို ဖြည့်ပါ။

ဖောင်ဖြည့်နည်း ရှင်းပြထားသည့် ဗီဒီယိုကို ဤနေရာတွင် ကြည့်ရှုနိုင်ပါသည်။

ဤအချက်အလက်များကို အသိပေးခြင်းဖြင့် သင်၏ ပံ့ပိုးမှုကို ကျေးဇူးတင်ပါသည်။ အခြားဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများကိုလည်း ဒီလိုလုပ်ဖို့ ကျေးဇူးပြု၍ တိုက်တွန်းပေးပါ။

မှတ်ချက်- အထက်ဖော်ပြပါ လင့်ခ်တွင်ရှိသည့် ဖောင်ကို ChromeFirefoxEdge နှင့် Opera ဝက်ဘ်ဘရောက်ဆာများဖြင့် အကောင်းဆုံးကြည့်ရှုနိုင်သည်။



Share