စာများပေးပို့ခြင်းကို ရပ်ဆိုင်းခြင်း

Monday / 03 April 2023

သင့်ကိုယ်စား မှတ်ပုံတင်ခြင်း သို့မဟုတ် ပြန်လည်နေရာချထားခြင်းဆိုင်ရာ တောင်းဆိုမှုများအတွက် သင်၏ လူမှုအသိုင်းအဝိုင်းအဖွဲ့ဝင်များအပါအဝင် မည်သူ့ကိုမျှ ကျေးဇူးပြု၍ အခကြေးငွေ မပေးပါနှင့် သို့မဟုတ် စာများ မပို့ခိုင်းပါနှင့်။ မှတ်ပုံတင်ခြင်းဆိုင်ရာ ရက်ချိန်းတောင်းဆိုရန်အတွက် ဒုက္ခသည် မလေးရှား ဝက်ဘ်ဆိုက်ပေါ်ရှိ မှတ်ပုံတင်အသစ် တောင်းဆိုသည့် လျှောက်လွှာ (New Registration Request form)ကို ကျေးဇူးပြု၍ အသုံးပြုပါ။ ရည်ညွှန်းနံပါတ်များကို သေချာစွာ မှတ်သားထားရမှာဖြစ်ပြီး သင်မည်သူမည်ဝါဖြစ်ကြောင်း အာဏာပိုင်များက မေးမြန်းလာပါက ၎င်းကို ထုတ်ပြသင့်ပါသည်။ ဤနည်းလမ်းကို အသုံးပြုခြင်းသည် ကျွန်ုပ်တို့၏ လိုအပ်ချက်များကို ပိုမိုထိရောက်စွာ ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သည်။ ချိန်းဆိုမှုများနှင့်ပါတ်သက်ပြီး ကျွန်ုပ်တို့တတ်နိုင်သမျှ အတက်နိုင်ဆုံး သင့်ကို ဆက်သွယ်မည်ဖြစ်သည်။ ၎င်းသည် အမှန်တကယ် လိုအပ်နေသော ဝန်ဆောင်မှုများကို ဦးစားပေး ဆောင်ရွက်ရန်အတွက် ယူအန်အိတ်ချ်စီအာကို ကူညီရာရောက်ပါသည်။

မိမိတို့၏ ဒုက္ခသည် အဆင့်အတန်းသတ်မှတ်ခြင်း(RSD) ဆုံးဖြတ်ချက်ဆိုင်ရာ အယူခံကိစ္စများနှင့် အမှုတွဲများကို ပြန်လည်ဖွင့်ပေးရန်တောင်းဆိုလိုပါက mlslursd@unhcr.org သို့ အီးမေးလ်ပို့ပါ။



Share