ဖမ်းဆီးခြင်း သို့မဟုတ် ထိန်းသိမ်းခြင်းကိစ္စရပ်များပေါ်ပေါက်လာပါက အောက်ပါနည်းလမ်းများမှတဆင့် ယူအန်အိတ်ချ်စီအာသို့ တိုင်ကြားနိုင်သည်။
- ဒုက္ခသည်မလေးရှား ဝက်ဘ်ဆိုက်ပေါ်ရှိ ဖမ်းဆီးခြင်းနှင့် ထိန်းသိမ်းခြင်းတိုင်ကြားရန် ဖောင်မှတဆင့်
- ဖမ်းဆီးခြင်းနှင့် ထိန်းသိမ်းခြင်းဆိုင်ရာ အရေးပေါ်ဖုန်းလိုင်းမှတဆင့် ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်းနှင့် ပါတ်သက်၍ ၀၁၂ ၆၃၀ ၅၀၆၀ ဖုန်းနံပါတ်ကို အောက်ပါအချိန်များအတွင်း ဆက်သွယ်တိုင်ကြားနိုင်ပါသည်။
- ရုံးဖွင့်ရက် (တနင်္လာနေ့မှ သောကြားနေ့အထိ) – နံနက် ၈နာရီမှ ညနေ ၆နာရီအထိ။
- ရုံးပိတ်ရက် (စနေနေ့မှ တနင်္ဂနွေနေ့အထိ) – နံနက် ၈နာရီမှ ညနေ ၄နာရီအထိ။
တိုင်ကြားသည့်အခါ အောက်ပါအချက်အလက်များကို ကျေးဇူးပြု၍ ထည့်သွင်းဖော်ပြပါ။
- အဖမ်းခံရသူ၏ အမည်
- ယူအန်အိတ်ချ်စီအာနံပါတ်
- အဖမ်းခံရသည့် နေရာနှင့် နေ့ရက်
- အဖမ်းခံရသူ လက်ရှိရောက်ရှိနေသော အကျဥ်းထောင်၊ ထိန်းသိမ်းရေးစခန်း၏ အမည်
- အကယ်၍ အဖမ်းခံရသူသည် အကျဥ်းထောင်၊ ထိန်းသိမ်းရေးစခန်းတွင် ရှိပါက အကျဥ်းသား နံပါတ် (body number)
- တရားရုံးတက်ရမည့် ရက်ကို ပေးထားပါက တရားရုံးတက်ရမည့် ရက်စွဲ၊ တရားရုံးအမည်
ဥပဒေရေးရာ ကာကွယ်စောင့်ရှောက်ရေးဌာနသည် ဒုက္ခသည်မလေးရှား ဝက်ဘ်ဆိုက်နှင့် ထိန်းသိမ်းရေးဆိုင်ရာ အရေးပေါ်ဖုန်းလိုင်းမှတဆင့် တိုင်ကြားမှုများအားလုံးကို စောင့်ကြည့်နေမည်ဖြစ်သည်။ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေဖြင့် ဖမ်းဆီးခံထားရသူများအား ထပ်မံဖမ်းဆီးခြင်း သို့မဟုတ် တရားစွဲဆိုခြင်းတို့ကို တားဆီးရန်အတွက် သက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေးအေဂျင်စီနှင့် လိုအပ်သော ကြားဝင်ဆောင်ရွက်ပေးမှုများကို ယူအန်အိတ်ချ်စီအာအနေဖြင့် အမြန်ဆုံးဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ဖမ်းဆီးခြင်းနှင့် ထိန်းသိမ်းခြင်းကို ယူအန်အိတ်ချ်စီအာသို့ တိုင်ကြားနည်းနှင့်ပတ်သက်၍ ဤဗီဒီယိုများကို အင်္ဂလိပ်နှင့် မလေးဘာသာဖြင့် ကျေးဇူးပြု၍ ကြည့်ရှုပေးပါ။ အဖမ်းအဆီးကို တိုင်ကြားရန်အတွက် ဘာသာစကားမျိုးစုံဖြင့် ပိုစတာများကို ဤနေရာတွင် တွေ့နိုင်ပြီး အကယ်၍ အဖမ်းခံရပါက မည်ကဲ့သို့ ဆောင်ရွက်ရမည်နည်းနှင့်ဆိုင်သော လက်ကမ်းစာစောင်များကိုလည်း ဤနေရာတွင် တွေ့နိုင်ပါသည်။