၂၀၂၂ခုနှစ် ဇွန်လ ၁ ရက်နေ့မှစတင်၍ မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစဥ်နှင့် ပါတ်သက်သော မကြာခဏ မေးလေ့ရှိသည့် မေးခွန်းများ

Friday / 03 June 2022

၂၀၂၂ ခုနှစ် ဇွန်လ ၁ ရက်နေ့မှစတင်၍ ယူအန်အိတ်ချ်စီအာသည် သက်တမ်းကုန်စာရွက်စာတမ်းများ သက်တမ်းတိုးခြင်းနှင့် မှတ်ပုံတင်အသစ်လျှောက်ထားခြင်းတို့အတွက် ၎င်းတို့၏ လုပ်ထုံးလုပ်နည်းများကို ပြင်ဆင်ထားပါသည်။ ဤလုပ်ငန်းစဉ်များနှင့်ပါတ်သက်သော မကြာခဏမေးလေ့ရှိသည့် မေးခွန်းများ၏ အဖြေများကို ဤနေရာတွင် ကျေးဇူးပြု၍ ရှာပါ။

မေးခွန်း။ ကျွန်ုပ်၏ ယူအန်အိတ်ချ်စီအာ ကတ် သို့မဟုတ် စာရွက်စာတမ်းသည် သက်တမ်းကုန်နေပြီ သို့မဟုတ် မကြာခင် သက်တမ်းကုန်မည်ဖြစ်သည်။ မည်ကဲ့သို့ သက်တမ်းတိုးရမည်နည်း။

သင်၏ ယူအန်အိတ်ချ်စီအာ စာရွက်စာတမ်း သက်တမ်းမကုန်မီ ၂ပါတ်အလိုတွင် သင့်အတွက် ချိန်းဆိုထားသည့် ရက်စွဲနှင့် အချိန်တို့ ပါဝင်သော စာတို(sms)တစ်ခုကို လက်ခံရရှိမည် ဖြစ်သည်။

ရက်ချိန်းမတိုင်မီ ၃ရက်အလိုတွင် ထပ်မံ၍ အသိပေးစာတို(sms)တစ်ခုကို လက်ခံရရှိမည်ဖြစ်သည်။

ချန်းဆိုသည့်ရက်စွဲသည် များသောအားဖြင့် သင်၏ စာရွက်စာတမ်းပေါ်ရှိ သက်တမ်းကုန်ဆုံးမည့်ရက်စွဲနှင့် တူညီလိမ့်မည်ဖြစ်သည်။ ချိန်းဆိုသည့်နေ့တွင် သင့်ကို ဝင်ရောက်ခွင့်မပြုမီ သင်သည် ယူအန်အိတ်ချ်စီအာ ဒုက္ခသည်စင်တာရှိ ယူအန်အိတ်ချ်စီအာ ဝန်ထမ်းများထံ အတည်ပြုစာတို(SMS)ကို ပြသရန် လိုအပ်ပါသည်။ သင်၏ ချိန်းဆိုချိန်မတိုင်မီ မိနစ် ၃၀ စောပြီး ကျေးဇူးပြု၍ လာပါ။

ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများ၏ ကျန်းမာရေး၊ သုခချမ်းသာကို သေချာစေရန် ချိန်းဆိုထားသည့် အရေအတွက် ကန့်သတ်ထားသောကြောင့် သင့်တွင် ရက်ချိန်းမရှိပါက စင်တာထဲသို့ ဝင်ခွင့်ပြုမည်မဟုတ်ပါ။

အကယ်၍ သင့်တွင် သက်တမ်းကုန် ယူအန်အိတ်ချ်စီအာ စာရွက်စာတမ်းရှိပြီး စာတို(SMS)မရရှိပါက ယူအန်အိတ်ချ်စီအာတွင် မှတ်တမ်းတင်ထားသော သင်၏ဖုန်းနံပါတ်သည် ခေါ်ဆို၍ရနိုင်သော တရားဝင်နံပါတ်မဟုတ်တော့သောကြောင့် ဖြစ်သည်။ ဖုန်းနံပါတ်၊ အီးမေးလ်၊ နေထိုင်ရာလိပ်စာကို ပြောင်းသည့်အခါတိုင်း ဒုက္ခသည် မလေးရှား ဝက်ဘ်ဆိုက်မှတဆင့် ၎င်းကို ကျေးဇူးပြု၍ အသိပေးပါ။

ယူအန်အိတ်ချ်စီအာ စာရွက်စာတမ်း သက်တမ်းတိုးရန်အတွက် ရက်ချိန်းရှိသူများနှင့် သက်တမ်းကုန် စာရွက်စာတမ်းများ ယူဆောင်လာသူများကိုသာ ယူအန်အိတ်ချ်စီအာ ဒုက္ခသည် စင်တာသို့ ဝင်ရောက်ခွင့်ပြုမည် ဖြစ်သည်။ အခြားမှတ်ပုံမတင်ထားသည့် ဆွေမျိုးများ သို့မဟုတ် မိသားစုဝင်များကို သင်နှင့်အတူ ကျေးဇူးပြု၍ မခေါ်လာပါနှင့်။

ရက်ချိန်းနှင့်အတူ ယူအန်အိတ်ချ်စီအာ ဒုက္ခသည် စင်တာသို့ လာရောက်သည့်အခါ သင်၏ ကိုယ်ပိုင်ရေဘူးများနှင့် အဆာပြေစာ/ အစားအစာများကို ကျေးဇူးပြု၍ ယူဆောင်လာပါ။

သင်သည် ယူအန်အိတ်ချ်စီအာ ဒုက္ခသည် စင်တာရှေ့နှင့်/ သို့မဟုတ် စင်တာအတွင်း၌ ရှိနေချိန်တွင် သင်၏ အမှိုက်များကို အမှိုက်ပုံးထဲသို့ ကျေးဇူးပြု၍ ထည့်ပါ။

မေးခွန်း။ မလေးရှားရှိ ယူအန်အိတ်ချ်စီအာတွင် ခိုလှုံခွင့်တောင်းခံသူအဖြစ် မည်သို့ စာရင်းသွင်းနိုင်မည်နည်း။

ယခင်က ကိုဗစ်-၁၉နှင့်ဆက်စပ်၍ ပိတ်ဆို့မှုများ၊ လည်ပါတ်ဆောင်ရွက်ကန့်သတ်ချက်များနှင့် နိုင်ငံတော်အဆင့် ကိုဗစ်-၁၉ စံသတ်မှတ်ချက်များကြောင့် ယူအန်အိတ်ချ်စီအာသည် ထူးခြားသောအခြေအနေများမှလွဲ၍ ယူအန်အိတ်ချ်စီအာ ဒုက္ခသည် စင်တာတွင် လူတစ်ဦးချင်းစီကို လက်ခံနိုင်ခြင်း မရှိပေ။ ဖြစ်အံ့ဆဲဆဲ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အန္တရာယ်များအပေါ်အခြေခံပြီး အရေးပေါ် မှတ်ပုံတင်ရန် လိုအပ်သည့် အမှုတွဲများအတွက် ဒုက္ခသည် မှတ်ပုံတင်ခြင်းဆိုင်ရာ အင်တာဗျူးများကို အများအားဖြင့် အဝေးမှ လုပ်ဆောင်ပါသည်။

၂၀၂၁ခုနှစ် စက်တင်ဘာလတွင် ယူအန်အိတ်ချ်စီအာ ဒုက္ခသည် စင်တာကို ပြန်လည်ဖွင့်လှစ်ပြီးနောက် လူမှုအသိုင်းအဝိုင်းများ၏ တောင်းဆိုချက်အရ ယူအန်အိတ်ချ်စီအာသည် သက်တမ်းကုန် စာရွက်စာတမ်းပေါင်း ခြောက်သောင်း ၈ထောင်ခန့်ကို သက်တမ်းတိုးရန်နှင့် ကန့်သတ်ထားသော လူကိုယ်တိုင်ဖြေဆိုရသည့် မှတ်ပုံတင်ခြင်းဆိုင်ရာ အင်တာဗျူးများကိုလည်း ပြန်လည်စတင်၍ ဦးစားပေးလုပ်ဆောင်ခဲ့ပါသည်။ အထူးသဖြင့် ကာကွယ်စောင့်ရှောက်ရန်လိုအပ်သူများကို ဦးစားပေးလုပ်ဆောင်ခဲ့ပြီးဖြစ်ပါသည်။ ထိုကဲ့သို့သော ကာကွယ်စောင့်ရှောက်ရန်လိုအပ်သူများတွင် ဥပမာ၊ အမျိုးသမီးများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ ပြင်းထန်သော ကျန်းမာရေးအခြေအနေများနှင့် မသန်စွမ်းသူများ၊ ဖမ်းဆီးခံရဖွယ် သို့မဟုတ် ပြည်နှင်ဒဏ်ခံရနိုင်ဖွယ် အန္တရာယ်များနှင့် ရင်ဆိုင်နေရသောသူများ ပါဝင်သည်။ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ သို့မဟုတ် ကိုယ်ဝန်ဆောင် အမျိုးသမီးများအားလုံးကို ကာကွယ်စောင့်ရှောက်ရန်လိုအပ်သူများဟု မယူဆကြောင်း ကျေးဇူးပြု၍ သတိပြုပါ။ သို့သော် အသက်ကြီးသူတစ်ဦးတွင် ပြင်းထန်သော ကျန်းမာရေးအခြေအနေရှိပြီး အရေးပေါ်ကုသမှုခံယူရန် လိုအပ်ပါက သူ/သူမကို မှတ်ပုံတင်ရန်အတွက် ထည့်သွင်းစဉ်းစားမည် ဖြစ်သည်။

၂၀၂၁-၂၀၂၁ခုနှစ်အတွင်း သက်တမ်းကုန်ဆုံးခဲ့သည့် စာရွက်စာတမ်းအများစု (၆၈,၀၀၀)ကို သက်တမ်းတိုးပြီးဖြစ်သောကြောင့် ယူအန်အိတ်ချ်စီအာသည် ယခုအခါ မှတ်ပုံတင်ခြင်းဆိုင်ရာ အင်တာဗျူးများပြုလုပ်ရန်နှင့် အဝေးမှ မှတ်ပုံတင်မည့် တစ်ဦချင်းတစ်ယောက်ချင်းကို စီစစ်ရန် ရက်ချိန်းများ ထုတ်ပေးလျက်ရှိပါသည်။ ၂၀၁၉ခုနှစ်မတိုင်မီ သို့မဟုတ် ၂၀၁၉ခုနှစ်အတွင်း တောင်းဆိုမှုများပြုလုပ်ခဲ့သည့် တစ်ဦးချင်းစီနှင့်/သို့မဟုတ် အထူးသဖြင့် ကာကွယ်စောင့်ရှောက်ရန်လိုအပ်သည့် အမျိုးသမီးများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ ပြင်းထန်သော ကျန်းမာရေးအခြေအနေများနှင့် မသန်စွမ်းသူများ၊ ဖမ်းဆီးခံရဖွယ် သို့မဟုတ် ပြည်နှင်ဒဏ်ခံရနိုင်ဖွယ် အန္တရာယ်များနှင့် ရင်ဆိုင်နေရသောသူများအတွက် မှတ်ပုံတင်ခြင်းကို ဦးစားပေးဆောင်ရွက်မည်ဖြစ်သည်။ မှတ်ပုံတင်ခြင်းအတွက် လျှောက်ထားသူတိုင်းကို ယခုအချိန်တွင် ဆောင်ရွက်ပေးမည် မဟုတ်ပါ။ ဒုက္ခသည်များ၏ ကျန်းမာရေး၊ သုခချမ်းသာကို သေချာစေရန် မှတ်ပုံတင်ခြင်းအား ရက်ချိန်းဖြင့်သာ လုပ်ဆောင်မည်ဖြစ်ပါသည်။

အကယ်၍ သင့်တွင် ရက်ချိန်းမရှိပါက မှတ်ပုံတင်အသစ်လျှောက်ခြင်းအတွက် ယူအန်အိတ်ချ်စီအာ ဒုက္ခသည် စင်တာသို့ ကျေးဇူးပြု၍ မလာပါနှင့်။ အကယ်၍ သင်သည် မှတ်ပုံတင်ခြင်းဆိုင်ရာ အင်တာဗျူးအတွက် ချိန်းဆိုခြင်းခံရပါက ယင်းရက်ချိန်းအတွက် ဖုန်းခေါ်ခြင်းခံရမည်ဖြစ်ပြီး အတည်ပြုစာတို(SMS)တစ်ခုလည်း ရရှိမည်ဖြစ်သည်။

အကယ်၍ သင်သည် ဝက်ဘ်ဆိုက်မှတဆင့် မှတ်ပုံတင်ရန် တောင်းဆိုချက်တစ်ခု ပြုလုပ်ပြီးပါက အကြိမ်ကြိမ် ထပ်မံ၍ တောင်းဆိုမှု မပြုလုပ်ပါနှင့်၊ ယင်းသည် သင်နှင့် အခြားသူများအတွက် လုပ်ဆောင်ရန် နှောင့်နှေးစေမည်ဖြစ်သည်။ ဝက်ဘ်ဆိုက်မှတဆင့် မှတ်ပုံတင်ရန် လျှောက်ပြီးပါက သင်၏ ရည်ညွှန်းနံပါတ်(reference number)ကို သိမ်းဆည်းထားရန် သို့မဟုတ် ပရင့်ထုတ်ရန် ကျေးဇူးပြု၍ မမေ့ပါနှင့်။

မှတ်ပုံတင်ခြင်းဆိုင်ရာ အင်တာဗျူးအတွက် ယူအန်အိတ်ချ်စီအာမှ ဆက်သွယ်လာမည့်အချိန်ကို ကျေးဇူးပြု၍ စောင့်ပါ။ မှတ်ပုံတင်ရန်အတွက် စောင့်ဆိုင်းသူများပြားစွာရှိသောကြောင့် စောင့်ဆိုင်းရမည့်ကာလသည် ကြာမြင့်ပါသည်။

သင်သည် မှတ်ပုံတင်ရန်အတွက် ယူအန်အိတ်ချ်စီအာ ဒုက္ခသည် စင်တာသို့ လာရန် ရက်ချိန်းတစ်ခုကို လက်ခံရရှိပြီး သင်၏ ရက်ချိန်းနေ့တွင် ကိုယ်ပိုင်ရေဘူးများနှင့် အဆာပြေစာ/ အစားအစာများကို ကျေးဇူးပြု၍ ယူဆောင်လာပါ။

သင်သည် ယူအန်အိတ်ချ်စီအာ ဒုက္ခသည် စင်တာရှေ့နှင့်/ သို့မဟုတ် စင်တာအတွင်း၌ ရှိနေချိန်တွင် သင်၏ အမှိုက်များကို အမှိုက်ပုံးထဲသို့ ကျေးဇူးပြု၍ ထည့်ပါ။

မေးခွန်း။ မှတ်ပုံတင်အသစ်လျှောက်ထားခြင်းအတွက် မည်သူ့ကို ဦးစားပေးမည်နည်း။

၂၀၁၉ခုနှစ်မတိုင်မီ သို့မဟုတ် ၂၀၁၉ခုနှစ်အတွင်း တောင်းဆိုမှုများပြုလုပ်ခဲ့သည့် တစ်ဦးချင်းစီနှင့်/သို့မဟုတ် အထူးသဖြင့် ကာကွယ်စောင့်ရှောက်ရန်လိုအပ်သူများကို လက်ရှိတွင် ဦးစားပေးဆောင်ရွက်နေပါသည်။ ကာကွယ်စောင့်ရှောက်ရန်လိုအပ်သူများတွင် ဥပမာ၊ အမျိုးသမီးများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ ပြင်းထန်သော ကျန်းမာရေးအခြေအနေများနှင့် မသန်စွမ်းသူများ၊ ဖမ်းဆီးခံရဖွယ် သို့မဟုတ် ပြည်နှင်ဒဏ်ခံရနိုင်ဖွယ် အန္တရာယ်များနှင့် ရင်ဆိုင်နေရသောသူများ ပါဝင်သည်။ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ သို့မဟုတ် ကိုယ်ဝန်ဆောင် အမျိုးသမီးများအားလုံးကို ကာကွယ်စောင့်ရှောက်ရန်လိုအပ်သူများဟု မယူဆကြောင်း ကျေးဇူးပြု၍ သတိပြုပါ။ ၎င်းတို့သည် မြင့်လာသော လုံခြုံရေးအန္တရာယ်များနှင့် ရင်ဆိုင်ရပါက သို့မဟုတ် နောက်ထပ် သီးခြားလိုအပ်ချက်များ ရှိမှသာလျှင် ၎င်းတို့ကို မှတ်ပုံတင်ရန်အတွက် ထည့်သွင်းစဉ်းစားမည်ဖြစ်သည်။ ဥပမာ။ အသက်ကြီးသူတစ်ဦးတွင် ပြင်းထန်သော ကျန်းမာရေးအခြေအနေရှိပြီး အရေးပေါ်ကုသမှုခံယူရန် လိုအပ်ပါက သူ/သူမကို မှတ်ပုံတင်ရန်အတွက် ထည့်သွင်းစဉ်းစားမည် ဖြစ်သည်။

မေးခွန်း။ ကျွန်ုပ်၏ မှတ်ပုံတင်ခြင်းဆိုင်ရာ ရက်ချိန်းအတွက် မည်သည့်အရာများ ယူလာရမည်နည်း။

သင်၏ တိုက်ရိုက်မိသားစုဝင်များအားလုံး၊ ပတ်စပို့၊ အထောက်အထားစာရွက်များ၊ လက်ထပ်စာချုပ်၊ မွေးစာရင်း၊ ဆေးရုံစာရွက်စာတမ်းများ၊ မိသားစုသန်းခေါင်စာရင်း သို့မဟုတ် အမျိုးသား မှတ်ပုံတင် စာရွက်စာတမ်း၊ စစ်မှုထမ်း စာအုပ်ငယ်များနှင့် အခြား ယူအန်အိတ်ချ်စီအာနှင့်/ သို့မဟုတ် UNRWA ရုံးတို့တွင် ယခင်က မှတ်ပုံတင်ခဲ့ဖူးသည့် အထောက်အထားများကို ကျေးဇူးပြု၍ ယူလာပါ။ ထို့အပြင် အနီးနားတွင် ဆိုင်များမရှိသည့်အတွက် ရုံးသို့ ကိုယ်ပိုင်ရေဘူးများနှင့် အဆာပြေစာ/ အစားအစာများကို ကျေးဇူးပြု၍ ယူလာပါ။ ရုံး၌ စောင့်ဆိုင်းရမည့်အချိန်သည် သင်မျှော်လင့်ထားသည်ထက် ပို၍ ကြာနိုင်ပါသည်။

မေးခွန်း။ ကျွန်ုပ်သည် မှတ်ပုံတင်ပြီးပါပြီ သို့သော် ကျွန်ုပ်၏ ဇနီးနှင့် (၁၈ နှစ်အောက်) သားသမီးများ မပါ ပါ။ ကျွန်ုပ်၏ ဇနီးနှင့် သားသမီးများကို မည်ကဲ့သို့ မှတ်ပုံတင်ရမည်နည်း။

ဒုက္ခသည် မလေးရှား ဝက်ဘ်ဆိုက်မှတဆင့် မိသားစုဖွဲ့စည်းပုံ ပြောင်းလဲမှုအတွက် တောင်းဆိုမှု ပြုလုပ်ပါ သို့မဟုတ် မှတ်ပုံတင်ခြင်းဆိုင်ရာ အရေးပေါ်ဖုန်းလိုင်း 017-6143810 သို့ နံနက် ၈နာရီမှ ညနေ ၄နာရီအတွင်း ဖုန်းခေါ်ပါ။ တနင်္လာမှ သောကြာ။ အကယ်၍ ဝက်ဘ်ဆိုက်မှတဆင့် မိသားစုဖွဲ့စည်းပုံ ပြောင်းလဲမှုအတွက် တောင်းဆိုမှု ပြုလုပ်ပြီးလျှင် ရည်ညွှန်းနံပါတ် (reference number)ကို ပရင့်ထုတ်၍ သို့မဟုတ် သေချာစွာ သိမ်းထားပါ၊ သင့်ဇနီးနှင့် သားသမီးများကို သင်၏ ဖိုင်တွင် ထည့်သွင်းရန်အတွက် ရက်ချိန်းကို ယူအန်အိတ်ချ်စီအာမှ သင့်ကို ဆက်သွယ်လာမည်ဖြစ်သည်။ လျှောက်ထားသူ တစ်ဦးချင်းသည် အထူးသဖြင့် ကာကွယ်စောင့်ရှောက်မှု လိုအပ်မှု ရှိမရှိနှင့် တောင်းဆိုမှုပြုလုပ်သော ရက်စွဲအပေါ် အခြေခံပြီး ဆောင်ရွက်ပေးပါသည်။ ဒုက္ခသည်များ၏ ကျန်းမာရေးနှင့် သုခချမ်းသာကို သေချာစေရန် ရက်ချိန်းအရေအတွက်ကို ပုံသေ သတ်မှတ်ထားသောကြောင့် ရက်ချိန်းများ မရှိပါက သင့်အား စင်တာအတွင်းသို့ ဝင်ခွင့် မပြုပါ။

မေးခွန်း။ ကျွန်ုပ်တွင် မကြာသေးခင်ကမှ မွေးဖွားထားသည့် ကလေးတစ်ယောက်ရှိပါတယ်။ ကျွန်ုပ်၏ ဖိုင်တွင် ကလေးကို မည်သို့ စာရင်းသွင်းရမည်နည်း။

ဒုက္ခသည် မလေးရှား ဝက်ဘ်ဆိုက်မှတစ်ဆင့် မိသားစုဖွဲ့စည်းပုံ ပြောင်းလဲမှုအတွက် တောင်းဆိုချက်ကို ကျေးဇူးပြု၍ တင်ပြပါ။ အကယ်၍ ဝက်ဘ်ဆိုက်မှတဆင့် မိသားစုဖွဲ့စည်းပုံ ပြောင်းလဲမှုအတွက် တောင်းဆိုမှု ပြုလုပ်ပြီးလျှင် ရည်ညွှန်းနံပါတ် (reference number)ကို ပရင့်ထုတ်၍ သို့မဟုတ် သေချာစွာ သိမ်းထားပါ၊ အကယ်၍ သင့်တွင် ရက်ချိန်းမရှိပါက ရုံးသို့ ကျေးဇူးပြု၍ မလာပါနှင့်။ ဒုက္ခသည်များ၏ ကျန်းမာရေးနှင့် သုခချမ်းသာကို သေချာစေရန် ရက်ချိန်းအရေအတွက်ကို ပုံသေ သတ်မှတ်ထားသောကြောင့် ရက်ချိန်းများ မရှိပါက သင့်အား စင်တာအတွင်းသို့ ဝင်ခွင့် မပြုပါ။

မေးခွန်း။ ကျွန်ုပ်၏ ယူအန်အိတ်ချ်စီအာကတ် ပျောက်သွားတယ်။ အစားထိုးကတ်တစ်ခုကို မည်ကဲ့သို့ ရနိုင်မည်နည်း။

ဒုက္ခသည် မလေးရှား ဝက်ဘ်ဆိုက်မှတစ်ဆင့် စာရွက်စာတမ်းပျောက်ဆုံးမှု အစီရင်ခံစာကို ကျေးဇူးပြု၍ တင်ပြပါ။ အကယ်၍ သင်သည် ဝက်ဘ်ဆိုက်မှတဆင့် စာရွက်စာတမ်းဆုံးရှုံးမှု အစီရင်ခံစာကို တင်သွင်းပြီးပါက ရည်ညွှန်းနံပါတ် (reference number)ကို ပရင့်ထုတ်၍ သို့မဟုတ် သေချာစွာ သိမ်းထားပါ။ ပေးထားသည့် ရက်ချိန်းရက်စွဲနေ့တွင် ရုံးသို့ တစ်လအတွင်း လာရောက်ရန် ယူအန်အိတ်ချ်စီအာမှ သင့်အား ဆက်သွယ်မည်ဖြစ်ပြီး အစားထိုးစာရွက်စာတမ်းတစ်ခုကို ထုတ်ပေးမည်ဖြစ်သည်။

မေးခွန်း။ မှတ်ပုံတင်ခြင်းအတွက် လျှောက်လွှာတင်ရန် သို့မဟုတ် ယူအန်အိတ်ချ်စီအာ၏ အကူအညီ/ သို့မဟုတ် ၎င်း၏ လုပ်ဖော်ကိုင်ဖက်များ၏ အကူအညီကို တောင်းခံရာတွင် အခကြေးငွေပေးရန် လိုအပ်ပါသလား။

မလိုအပ်ပါ။ မှတ်ပုံတင်ခြင်းဆိုင်ရာ ဝန်ဆောင်မှုများနှင့် ယူအန်အိတ်ချ်စီအာစာရွက်စာတမ်းများအပါအဝင် ယူအန်အိတ်ချ်စီအာနှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက်များ၏ ဝန်ဆောင်မှုများအားလုံးသည် အခမဲ့ဖြစ်ပါသည်။ တစ်စုံတစ်ဦးသည် ယူအန်အိတ်ချ်စီအာ၏ ဝန်ဆောင်မှုများအတွက် အခကြေးငွေပေးဆောင်ရန် သင့်ကို တောင်းဆိုပါက ၎င်းကို အွန်လိုင်းတိုင်ကြားမှုပုံစံ (လိမ်လည်မှုနှင့် အကျင့်ပျက်ခြစားမှု)မှတဆင့် တိုင်ကြားပါ သို့မဟုတ် UNHCR Risk, Integration, and Oversight ဌာနသို့ mlslufrd@unhcr.org ဖြင့် အီးမေးလ်ပို့ပါ။



Share