ကိုဗစ်-၁၉ အခြေအနေကြောင့် သက်တမ်းကုန် ယူအန်အိတ်ချ်စီအာ စာရွက်စာတမ်းများ တရားဝင်ဖြစ်ကြောင်း အသိပေးစာ

Wednesday / 27 January 2021

လက်ရှိ ကိုဗစ်-၁၉ အခြေအနေနှင့် လည်ပတ်ဆောင်ရွက် ထိန်းချုပ်မိန့်များ (MCOs) ၏ ထုတ်ပြန်ချက်အရ ယူအန်အိတ်ချ်စီအာရုံးသည် ပုံမှန်ဆောင်ရွက်မှုများ၏ အချို့ သော လုပ်ဆောင်မှုများကို ဆက်လက် လုပ်ဆောင်နိုင်ခြင်း မရှိပါ။ ၎င်းတွင် ပျောက် ဆုံး သို့မဟုတ် ပျက်စီးသွားသည့် ယူအန်အိတ်ချ်စီအာ စာရွက်စာတမ်းများ အစားထိုးခြင်း သို့မဟုတ် အချိန်နှင့်တ‌ပြေးညီ သက်တမ်းကုန်သွားသည့် ယူအန်အိတ်ချ်စီအာ စာရွက်စာတမ်းများ သက်တမ်းတိုးခြင်းတို့ ပါဝင်သည်။

ဤအခြေအနေအရ ယူအန်အိတ်ချ်စီအာ စာရွက်စာတမ်းများနှင့်ပက်သက်၍ သက်တမ်းကုန်ဆုံးသည့်နေ့မှစ၍ သက်တမ်းတိုးသည်အထိ တရားဝင်ဖြစ်ကြောင်းအတည်ပြုစာကို ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ သက်တမ်းကုန် ယူအန်အိတ်ချ်စီအာ စာရွက်စာတမ်းများ ကိုင်ဆောင်ထားသည့် ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများအနေဖြင့် လက်ရှိ ရင်ဆိုင်နေရသော စိန်ခေါ်မှုအချို့ကို ဖြေရှင်းနိုင်မည်ဟု မျှော်လင့်ရပါသည်။

ဤအသိပေးစာသည် ယူအန်အိတ်ချ်စီအာ စာရွက်စာတမ်းအတွက် အစားထိုးအဖြစ်အသုံးချရန် မဟုတ်ကြောင်းနှင့် ယင်းကဲ့သို့ အသုံးမပြုသင့်ကြောင်း ကျေးဇူးပြု၍ မှတ်သားပါ။

အောက်ပါလင့်ခ်ကို နှိပ်ခြင်းဖြင့် ပုံနှိပ်ထုတ်နိုင်သောစာကို ရယူနိုင်ပါသည်။ စမတ် ဖုန်းပေါ်တွင် ပီဒီအက်ဖ် (PDF) ဖြင့်လည်း ဖတ်ရှုနိုင်ပါသည်။



Share