နိုင်ငံတော်အဆင့် ပြန်လည်ထူထောင်ရေး အစီအစဥ် အဆင့်(၁)အရ ဇူလိုင်လ ၁ရက် ၂၀၂၁ခုနှစ်မှစတင်၍ Jabatan Pendaftaran Negara (JPN)/ အမျိုးသားမှတ်ပုံတင်ဌာန (NRD) ကောင်တာရှိ ဝန်ဆောင်မှုများအားလုံးကို ရက်ချိန်းဖြင့်သာ ဆောင်ရွက်ပေးကြောင်း ကျေးဇူးပြု၍ မှတ်သားထားပါ။ ရက်ချိန်းအထောက်အထား (သို့မဟုတ်) ရက်ချိန်းကြိုတင်ယူထားခြင်း မရှိပါက မည်သည့် ဝန်ဆောင်မှုကိုမျှ ခွင့်မပြုပါ။
JPN တွင် ကလေးမွေးစာရင်း မှတ်ပုံတင်လိုသော ဒုက္ခသည်များနှင့် ခိုလှုံခွင့်လျှောက်ထားသူများသည် ရက်ချိန်းယူရမည် ဖြစ်သည်။ ရက်ချိန်းယူရန်အတွက် ကျေးဇူးပြု၍ MyJanjiTemuသို့ သွားပါ။
ကလန်းဗယ်လီကဲ့သို့ အချို့သောနေရာများတွင် JPN ရက်ချိန်းများကို ရက်သတ္တပတ်များစွာကပင် ကြိုတင်မှာထားပြီးဖြစ်သောကြောင့် ကြိုတင်ပြင်ဆင်ရမည် ဖြစ်ကြောင်း ကျေးဇူးပြု၍ မှတ်သားထားပါ။ သင်၏ ကလေး မမွေးဖွားမီ (၂)လ အလိုတွင် မွေးစာရင်းရက်ချိန်းကို ကြိုတင်ယူထားနိုင်သည်။
JPN မလေးရှားတွင် မွေးစာရင်းမှတ်ပုံတင်ခြင်းနှင့်ဆိုင်သော အချက်အလက်များအတွက် ဖောင်များနှင့် စာရွက်စာတမ်းများ လိုအပ်သည့်အတွက် မလေးရှား ဒုက္ခသည် ဝက်ဘ်ဆိုက်ပေါ် ရှိ Registering Your Childသို့ ကျေးဇူးပြု၍ ဝင်ရောက်ဖတ်ရှုပါ။