သင်၏ ကလေးကို မှတ်ပုံတင်ခြင်း

မွေးစာရင်းကို ယူပြီး သင်၏ ယူအန်အိတ်ချ်စီအာဖိုင်တွင် မွေးကင်းစကလေးကို စာရင်းသွင်းပါ။

ကလေးမွေးစာရင်း မှတ်ပုံတင်နည်း။

အကယ်၍ သင့်တွင် ကလေးတစ်ယောက်သာ ရှိပါက သား သို့မဟုတ် သမီး၏ မွေးစာရင်းကို ရယူပြီး မှတ်ပုံတင်ခြင်းဖြင့် သူတို့ကို သင်၏ဖိုင်တွင် ထည့်သွင်းနိုင်မည် ဖြစ်သည်။ ကလေးမွေးဖွားပြီး ရက် ၆၀ အတွင်း မွေးစာရင်းပြုလုပ်ပါက အခမဲ့ဖြစ်သည်။ ရက် ၆၀ နောက်ပိုင်း ပြုလုပ်လျှင် အခကြေးငွေပေးရမည် ဖြစ်သည်။

အဆင့် ၁။ မွေးစာရင်း မှတ်ပုံတင်ပုံစံများကို ယူပါ။

လျှောက်လွှာကို ကလေးမွေးဖွားသည့် ဆေးရုံ သို့မဟုတ် မလေးရှား အမျိုးသားမှတ်ပုံတင်ဌာန “Jabatan Pendaftaran Negara” တွင်ယူပါ။

အဆင့် ၂။ လိုအပ်သည့် စာရွက်စာတမ်းများနှင့် ဖြည့်စွက်ပြီးသည့် ဖောင်များကို Jabatan Pendaftaran Negara (JRN)သို့ ယူသွားပါ။

ကလေးမွေးစာရင်း မှတ်ပုံတင်ရန် သင်ယူသွားရန် လိုအပ်သောအရာများမှာ

ယူအန်အိတ်ချ်စီအာကဒ်များ၊ သက်ဆိုင်ရာ အဖွဲ့အစည်းကဒ်များ၊ နိုင်ငံကူးလက်မှတ်များ – မူရင်းနှင့် မိတ္တူများ၊
လက်ထပ်ထိမ်းမြားစာချုပ်၊ မိဘများ၏ ကွာရှင်းစာချုပ် (ရှိလျှင်) – မူရင်းနှင့် မိတ္တူ၊
ဆေးရုံမှ ကလေးမွေးဖွားကြောင်း အတည်ပြုချက် စာရွက်စာတမ်း သို့မဟုတ် အိမ်၌ ကလေးမွေးဖွားခဲ့လျှင် ရဲမှတ်တမ်း – မူရင်း၊
မွေးစာရင်း မှတ်ပုံတင် လျှောက်လွှာဖောင် – မူရင်းနှင့် မိတ္တူ။ (https://www.jpn.gov.my/wp-content/uploads/2014/07/jpnlm01.pdf, – ကိုးကားရန်အတွက်သာ)
ကိုယ်ဝန်ဆောင် စစ်ဆေးခြင်းစာအုပ် (သားဖွားစစ်ဆေးခြင်းစာအုပ်) – မူရင်း စသည့် အထောက်အထားများ ဖြစ်သည်။
အကယ်၍ သင်သည် လက်မထပ်ရသေးသည့် မွတ်စလင်မဟုတ်သောဇနီးမောင်နှံဖြစ်ပါက ကလေး၏ ဖခင်ဖြစ်ကြောင်း ပြောဆိုသူသည် ကလေး၏မိခင်နှင့်အတူ မွေးစာရင်းမှတ်ပုံတင်တွင် လက်မှတ်ထိုးရမည်။ တနည်းအားဖြင့် ဖခင်၏ အချက်အလက်များကို မွေးစာရင်းတွင် ထည့်သွင်းဖော်ပြလိမ့်မည် မဟုတ်ပေ။

ဖြစ်နိုင်လျှင် မလေးစကားပြောတက်သူကို အကူအညီတောင်းခံရန် ကျွန်ုပ်တို့အနေဖြင့် အကြံပြုပါသည်။

အကယ်၍ ကိုယ်ဝန်ဆောင်မိခင်သည် ထိန်းသိမ်းရေးစခန်း၌ ရှိနေစဉ် ကလေးမွေးဖွားပါက မိခင်နှင့် ကလေး နှစ်ဦးစလုံးသည် လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များ၏ ထိန်းသိမ်းမှုအောက်တွင် ရှိသောကြောင့် ၎င်းထိန်းသိမ်းရေးစခန်း၏ လူ၀င်မှုကြီးကြပ်ရေးအာဏာပိုင်များသည် မွေးစာရင်း မှတ်ပုံတင်ခြင်းနှင့် ကလေး၏ မွေးစာရင်း ထောက်ခံချက်ကို ရရှိအောင် ကူညီ ဆောင်ရွက်ပေးသင့်သည်။

မည်သူ ပြုလုပ်နိုင်သနည်း။

မိဘများ၊ တရားဝင်အုပ်ထိန်းသူများ သို့မဟုတ် မည်သူမဆို မွေးဖွားခြင်းနှင့်ပတ်သက်၍ အတွေ့အကြုံရှိသောသူသည် လိုအပ်သည့် စာရွက်စာတမ်းများယူဆောင်လာပါက မွေးစာရင်းမှတ်ပုံတင်နိုင်သည်။

အမျိုးသားမှတ်ပုံတင်ဌာန (JRN) သည် မည်သည့်နေရာတွင် ရှိသနည်း။

ဤနေရာတွင် https://www.jpn.gov.my/alamat-cawangan/ ဖော်ပြထားသော မည်သည့်ဌာနခွဲတွင်မဆို သင့်အနေဖြင့် ဖတ်ရှုနိုင်သည်။

အကယ်၍ သင်၏ကလေးကို ကွာလာလမ်ပူတွင် မှတ်ပုံတင်နိုင်လျှင် ဤရုံးသို့ လာရောက်ရန် တိုက်တွန်းပါသည်။

NRD/JPN Jalan Duta
Bangunan Kerajaan Jalan Duta (Kompleks Kerajaan Tuanku Abdul Halim
Publika Dutamas, 1, Jalan Dutamas, Solaris Dutamas,
50480 Kuala Lumpur

သင်၏ ယူအန်အိတ်ချ်စီအာဖိုင်တွင် မွေးကင်းစ ကလေးကို စာရင်းသွင်းနည်း။
အကယ်၍ သင်သည် ယူအန်အိတ်ချ်စီအာတွင် မှတ်ပုံတင်ထားသူဖြစ်ပါက သင်၏ ယူအန်အိတ်ချ်စီအာဖိုင်တွင် သင်၏ မွေးကင်းစ ကလေးအား စာရင်းသွင်းနိုင်သည်။

အဆင့် ၁။ မွေးစာရင်း ထောက်ခံချက် ရယူပါ။

သင်၏ မွေးကင်းစ ကလေးမှတ်ပုံတင်ရန် အထက်တွင် ဖော်ပြထားသော အဆင့်များအတိုင်း ဆောင်ရွက်ပြီးသည်နှင့် သင်၏ ယူအန်အိတ်ချ်စီအာဖိုင်တွင် ကလေးစာရင်းသွင်းရန်အတွက် လိုအပ်သော မွေးစာရင်း ထောက်ခံချက်ကို ရရှိမှာ ဖြစ်သည်။

အဆင့် ၂။ ယူအန်အိတ်ချ်စီအာရုံးသို့ သွားပါ။

လူတစ်ဦးချင်းစီသည် ရက်ချိန်းမရှိဘဲ ယူအန်အိတ်ချ်စီအာရုံးသို့ လာရောက်ခွင့်မပြုသော်လည်း မွေးကင်းစကလေးကို သင်၏ ဖိုင်တွင် စာရင်းသွင်းမည်ဆိုပါက လာရောက် ခွင့်ပြုသည်။ ဤကိစ္စအတွက် သင်၏ မွေးကင်းစကလေးနှင့်အတူ တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ၈ နာရီမှ နံနက် ၁၁ နာရီအတွင်း လာရောက်နိုင်သည်။ သင်၏ ယူအန်အိတ်ချ်စီအာ စာရွက်စာတမ်းများအပြင် ကလေး၏ မွေးစာရင်း ထောက်ခံချက်ကိုလည်း ယူလာရန် လိုအပ်သည်။

သတိပြုရန်။ ကိုဗစ်-၁၉ ဖြစ်ပွားနေသောကြောင့် ယူအန်အိတ်ချ်စီအာရုံးသည် လူကိုင်တိုင်လာရောက်ခြင်းကို လက်မခံသေးပါ။ ရက်ချိန်းမပါဘဲနှင့် ကျေးဇူးပြု၍ ရုံးသို့ မလာပါနှင့်။ မိသားစုဝင်များစာရင်းသွင်းရန် ကိစ္စရပ်များနှင့်ပါတ်သက်၍ မှတ်ပုံတင်ဌာန အရေးပေါ်ဖုန်းလိုင်း 017-614 3810 သို့ နံနက် ၈နာရီမှ ညနေ ၄နာရီအတွင်း တနင်္လာနေ့မှ သောကြာနေ့အထိ ကျေးဇူးပြု၍ ဆက်သွယ်ပါ။