ဂျိုဟိုး အဝေးရောက် လူမှုအသိုင်းအဝန်း စင်တာ ဖွင့်လှစ်ခြင်း

Thursday / 30 July 2020

၂၀၂၀ခုနှစ် သြဂုတ်လ ၃ ရက်နေ့တွင် ဂျိုဟိုး အဝေးရောက် လူမှုအသိုင်းအဝန်း စင်တာ(JOCC) ဖွင့်လှစ်ခြင်းကို အသိပေးကြေငြာရန် ယူအန်အိတ်ချ်စီအာအနေဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါသည်။ အဝေးရောက် စင်တာသည် အစိုးရမဟုတ်သော မိတ်ဖက်အဖွဲ့အစည်း Cahaya Surya Bakti နှင့်အတူ လက်တွဲ၍ စာရွက်စာတမ်း သက်တမ်းတိုးရန်နှင့် သတင်းအချက်အလက်များရရှိရန် စသည့်လုပ်ရိုးလုပ်စဉ် ကိစ္စရပ်များအတွက် ယူအန်အိတ်ချ်စီအာ၊ ကွာလာလမ်ပူသို့ ဝေးလံစွာ ခရီးသွားရမည့် အခြားသော ပြည်နယ်များမှ ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများ ရင်ဆိုင်ကြုံတွေ့နေရသည့် ကုန်ကျစရိတ်များနှင့် စိန်ခေါ်မှုများကို ဖြေရှင်းရန်အတွက် ယူအန်အိတ်ချ်စီအာ၏ ကြိုးစားအားထုတ်မှု အစိတ်အပိုင်းဖြစ်ပါသည်။

ဂျိုဟိုး ကမ်ပတ် (Johor Kempas)တွင် တည်ရှိပြီး ၎င်းစင်တာကို အစိုးရမဟုတ်သော မိတ်ဖက်အဖွဲ့အစည်း Cahaya Surya Bakti (CSB)မှ ယူအန်အိတ်ချ်စီအာနှင့် လက်တွဲ၍ စီမံခန့်ခွဲမည် ဖြစ်သည်။ JOCC သည် ယူအန်အိတ်ချ်စီအာ၏ ကွင်းဆင်းရုံး မဟုတ်ကြောင်း ကျေးဇူးပြု၍ မှတ်သားပါ။

JOCC သည် ဂျိုဟိုးတွင် နေထိုင်သော ဒုက္ခသည်များနှင့် ခိုလှုံခွင့် တောင်းခံသူများအား စာရွက်စာတမ်း သက်တမ်းတိုးရန်အတွက် စင်တာသို့ လာရောက်ရန် စတင်၍ ဆက်သွယ်မည် ဖြစ်သည်။ ၎င်းကို ရက်ချိန်းဖြင့်သာ ဆောင်ရွက်မည်။ ရက်ချိန်းမပါဘဲ JOCC သို့ လာရောက်သူများကို ချက်ချင်းပြန်ခိုင်းမည် ဖြစ်သည်။

အောက်ဖော်ပြပါ JOCC ၏ သတင်းအချက်အလက်များကို ရှာဖွေပါ။

  • လိပ်စာ – No. 38, Jalan Kempas Utama 2/4, 81300 Johor Bahru.
  • ဆက်သွယ်ရမည့် ဖုန်းနံပါတ် – ဝ၇-၅၅၄၇ ၄၃၂၊ ဝရ-၅၅၄၇ ၆၃၁။
  • ရုံးချိန် – နံနက် ၈ နာရီခွဲမှ မှ ညနေ ၄နာရီခွဲအထိ (ရက်ချိန်းဖြင့်သာ)။
  • ရုံးဖွင့်ရက် – တနင်္ဂနွေနေ့ မှ ကြာသာပတေးနေ့အထိ (ရက်ချိန်းဖြင့်သာ)။


Share