စာတို(SMS)မှတဆင့် ဖုန်းနံပါတ်ပြောင်းလဲ အသိပေးခြင်းကို ယာယီ အသုံးပြု၍ မရခြင်း

Monday / 17 August 2020

ဖုန်းနံပါတ်များ ပြောင်းလဲ အသိပေး၍ရသော စာတို(SMS)စနစ်အား နောက်ထပ် အသိပေး အကြောင်းမကြားမချင်း ယာယီ အသုံးပြု၍ မရနိုင်ကြောင်း ကျေးဇူးပြု၍ မှတ်သားထားပါ။ ပို့လိုက်သည့်စာတိုများအား ယူအန်အိတ်ချ်စီအာမှ လက်ခံရရှိမည် မဟုတ်သောကြောင့် ကျေးဇူးပြု၍ ယင်းစနစ်ကို ဆက်လက် အသုံးမပြုပါနှင့်။

ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများသည် မိမိတို့၏ ဖုန်းနံပါတ်များနှင့် နေရပ်လိပ်စာများကို အောက်ပါနည်းလမ်းများဖြင့် ဆက်လက်အသိပေး အကြောင်းကြားနိုင်သည်။

  • ဒုက္ခသည် မလေးရှား ဝက်ဘ်ဆိုက် အွန်လိုင်း အဆက်အသွယ်ပုံစံ – https://refugeemalaysia.org/contact/
  • • မှတ်ပုံတင်ခြင်းဆိုင်ရာ အရေးပေါ်လိုင်း – ၀၁၇ ၆၁၄၃ ၈၁၀ (တနင်္လာနေ့ မှ သောကြာနေ့ နံနက် ၈ နာရီမှ ညနေ ၄ နာရီ)


Share