ယူအင်အက်ခ်ျစီအာတွင်မှတ်ပုံတင်ရန် မကြာခဏ မေးလေ့ရှိသောမေးခွန်းများ
မှတ်ပုံတင်အသစ်အတွက် ဘယ်သူတွေက ဦးစားပေးခံရမလဲ။?
ယူအန်အိတ်ခ်ျစီအာရ်သည် ၂၀၁၉ ခုနှစ်အတွင်း သို့မဟုတ် မတိုင်မီ လျှောက်ခဲ့သော မှတ်ပုံတင်ရန်တောင်းဆိုချက်များ၊ အထူးသဖြင့် ထိခိုက်လွယ်သော ပုဂ္ဂိုလ်များကို ဦးစားပေးလုပ်ဆောင်နေပါသည်။ ထိခိုက်လွယ်သော ပုဂ္ဂိုလ်များတွင် ဥပမာ၊ အမျိုးသမီးများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ ပြင်းထန်သော ကျန်းမာရေးအခြေအနေများနှင့် မသန်စွမ်းသူများ၊ ဖမ်းဆီးခံရဖွယ် သို့မဟုတ် ပြည်နှင်ဒဏ်ခံရနိုင်ဖွယ် အန္တရာယ်များနှင့် ရင်ဆိုင်နေရသောသူများ ပါဝင်သည်။ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ သို့မဟုတ် ကိုယ်ဝန်ဆောင် အမျိုးသမီးများအားလုံးကို ကာကွယ်စောင့်ရှောက်ရန်လိုအပ်သူများဟု လုံးလုံးမယူဆကြောင်းလည်း ကျေးဇူးပြု၍ သတိပြုပါ။ အကယ်၍ သူတို့သည် ပိုမိုမြင့်မားသောကာကွယ်မှုလိုအပ်သောအန္တရာယ်များနှင့် ရင်ဆိုင်ရမှသာလျှင် သို့မဟုတ် ထပ်မံတိကျသောလိုအပ်ချက်များရှိမှသာလျှင်၊ သူ/သူမအား အမြန်မှတ်ပုံတင်ပေးရန်အတွက် ထည့်သွင်းစဉ်းစားပေးခြင်း ခံရပါလိမ့်သည်။
What do I need to bring to my registration appointment?
ကျေးဇူးပြု၍ သက်ဆိုင်ရာ ရရှိနိုင်သောစာရွက်စာတန်းများဖြစ်သည့် နိုင်ငံကူးလက်မှတ်၊ အထောက်အထားမှတ်ပုံတင်စာရွက်များ၊ လက်ထပ်စာချူပ်၊ မွေးစာရင်း၊ ဆေးရုံစာရွက်စာတမ်းများ၊ မိသားစုသန်းခေါင်စာရင်း သို့မဟုတ် အမျိုးသားမှတ်ပုံတင်စာရွက်စာတမ်း၊ စစ်မှုထမ်းစာအုပ်ငယ်များနှင့် အခြား ယူအန်အိတ်ခ်ျစီအာရ် နှင့်/သို့မဟုတ် ယူအန်အာရ်ဒါဘီလိုအေ (UNRWA) ရုံးတို့ထံ အရင်ကမှတ်ပုံတင်ထားသည့် အထောက်အထားများအား ယူဆောင်လာပေးပါ။ ထို့အပြင် အနီးနားတွင် ဆိုင်များမရှိသည့်အတွက် ရုံးသို့ ကိုယ်ပိုင်ရေဘူးများနှင့် အဆာပြေစာ/ အစားအစာများကို ကျေးဇူးပြု၍ ယူလာပါ။ ရုံး၌ စောင့်ဆိုင်းရမည့်အချိန်သည် သင်မျှော်လင့်ထားသည်ထက် ပို၍ ကြာနိုင်ပါသည်။