အထူးဂရုပြုရန် – MCO အခြေအနေအရ ယူအန်အိတ်ချ်စီအာ ဧည့်ကြိုစင်တာ လုပ်ငန်းဆောင်ရွက်မှုများ ယာယီရပ်နားခြင်း

Wednesday / 12 May 2021

၂၀၂၁ ခုနှစ် ဇွန်လ ၇ ရက်နေ့အထိ နိုင်ငံအဝန်း လည်ပတ်ဆောင်ရွက် ထိန်းချုပ်မိန့် (MCO) ထုတ်ပြန်ကြေငြာချက်နှင့် စပ်လျဉ်း၍ ယူအန်အိတ်ချ်စီအာ ဧည့်ကြိုစင်တာရှိ ထိတွေ့ဆက်ဆံမှုများ လိုအပ်သော လုပ်ငန်းဆောင်ရွက်မှုများကို နောက်ထပ် အသိပေးခြင်း မတိုင်မီအထိ ယာယီ ရပ်နားထားမည် ဖြစ်သည်။ ဤကာလအတွင်း ဧည့်ကြိုစင်တာသို့ လာရောက်ရန် ဆက်သွယ်ထားပြီးသူများကို ရက်ချိန်း ပြန်လည်ချိန်းဆိုရန် ဆက်သွယ်သွားမည်ဖြစ်သည်။

အကယ်၍ သင်သည် IOM, RSC နှင့် ICMC ကဲ့သို့သော မိတ်ဖက် အဖွဲ့အစည်းများနှင့် တွေ့ဆုံရန် စီစဉ်ထားပါက သက်ဆိုင်ရာ အဖွဲ့အစည်းမှ သင့်အား သီးခြားစီ ဆက်သွယ်မည် ဖြစ်သည်။

နောက်ဆက်တွဲ အခြေအနေများနှင့် စပ်လျဉ်းပြီး အချိန်နှင့်တပြေးညီသိရှိရန် Refugee Malaysia ဝက်ဘ်ဆိုက်ကို ကျေးဇူးပြု၍ ဝင်ရောက်လေ့လာပါ။



Share
wpChatIcon
wpChatIcon