မလေးရှားအစိုးရသည် လည်ပတ်ဆောင်ရွက် ထိန်းချုပ်မိန့် (MCO 3.0)ကို ထုတ်ပြန်ကြေငြာပြီး ၎င်းသည် ဇွန်လ ၁ရက် ၂၀၂၁ခုနှစ်မှ ဇွန်လ ၁၄ရက် ၂၀၂၁ခုနှစ်အထိ တင်းကျပ်သောထိန်းချုပ်မှုဖြစ်ကြောင်း ကျေးဇူးပြု၍ မှတ်သားထားပါ။ ဤထုတ်ပြန်ချက်သည် မတ်လ ၂၀၂၀ခုနှစ်တွင် ပထမဆုံးထုတ်ပြန်ခဲ့သော (MCO 1.0)နှင့် ဆင်တူဖြစ်ပြီး လည်ပတ်ဆောင်ရွက် လှုပ်ရှားမှုများအပေါ် တင်းကြပ်သော ကန့်သတ်ခြင်းနှင့် မရှိမဖြစ် လိုအပ်သော စီးပွားရေးနှင့် ဝန်ဆောင်မှုကဏ္ဍများမှလွဲ၍ ကျန်ကဏ္ဍများ အားလုံးနီးပါးအတွက် ဖြစ်သည်။ စံသတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ အသေးစိပ်အချက်အလက်များကိုလည်း ဖြန့်ဝေသွားမည်ဖြစ်သည်။
လူမှုရေးလှုပ်ရှားမှုများဖြစ်သော အသိမိတ်ဆွေများထံသို့ လည်ပတ်ခြင်းကို ခွင့်မပြုကြောင်း ကျေးဇူးပြု၍ သတိရပါ။ အိမ်တွင် တတ်နိုင်သမျှ နေထိုင်ပြီး အစားအစာ သို့မဟုတ် ဆေးဝါးကဲ့သို့သော မရှိမဖြစ် လိုအပ်ချက်များအတွက်သာ အပြင်ထွက်ပါ။ သင့်လျော်သော မျက်နှာဖုံး ဝတ်ဆင်ခြင်း၊ လက်ကို ပုံမှန် ဆေးကြောခြင်းနှင့် မျက်နှာပြင်များကို သန့်ရှင်းခြင်းစသည့် တစ်ကိုယ်ရေသန့်ရှင်းမှုဆိုင်ရာ အလေ့အကျင့်များကို ဆက်လက် ထိန်းသိမ်းပါ။
အကယ်၍ သင်သည် နေထိုင်မကောင်းပါက သင်နှင့် တအိမ်တည်း အတူနေသူများနှင့် ခပ်ခွာခွာ သို့မဟုတ် ဝေးဝေးတွင် နေထိုင်ရန် ကြိုးစားပါ။ ကိုဗစ်-၁၉ စမ်းသပ်မှုကို အမြန်ဆုံး စစ်ဆေးပြီး အဖြေစောင့်ဆိုင်းနေစဉ်အတွင်း မိမိကိုယ်ကို ဆက်လက်၍ သီးခြားနေထိုင်ပါ။
ဒုက္ခသည်များနှင့်ခိုလှုံခွင့်တောင်းခံသူများသည် ကိုဗစ်-၁၉ကူးစက်မှုများတိုးပွားလာမှုကို ရပ်တန့်ရန်အတွက် မလေးရှား အစိုးရ သတ်မှတ်ထားသည့် စံသတ်မှတ်ချက်များ(SOPs)ကို လိုက်နာရန် တိုက်တွန်းလိုပါသည်။ အကူအညီအတွက် နည်းလမ်းများ၊ MCO တို့နှင့်စပ်လျဉ်းပြီး အချိန်နှင့်တပြေးညီ သတင်းအချက်အလက်များ ရရှိရန်အတွက် Refugee Malaysia ဝက်ဘ်ဆိုက်ကို ကျေးဇူးပြု၍ ပုံမှန် ဝင်ရောက်ဖတ်ရှုပေးပါ။